Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဖြူဖြူ ဖျော်ဖြေတာကို အရှင်လတ်လတ် မကြည့်ဖူးလို့ ဝေဖန်နေကြတာပါ”

$
0
0

ပရိသတ်ကို ထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်းများ၊ ပါဖောမန့်များနဲ့ အမြဲတမ်း မရိုးရအောင် တင်ဆက်ဖျော်ဖြေလေ့ ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ မကြာသေးခင်က ကရင်ပြည်နယ်၊ ချစ်သူမြိုင်ကျွန်းမှာ ဖျော်ဖြေသီဆိုခဲ့တဲ့ ဓာတ်ပုံများနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှုများ ခံနေရပါတယ်။

အဆိုပါ ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက မီဒီယာများကို အခုလိုပြောပြခဲ့ပါတယ်။

“ဖြူဖြူ အဲဒီလို ဖျော်ဖြေလာတာ ၁၅ နှစ် ရှိပြီ။ ဖြူဖြူကျော်သိန်း စပေါ်လာကတည်းက လေးဖက်ထောက်ပြီးတော့လည်း ဖျော်ဖြေဖူးတယ်။ ပက်လက်လှန်ပြီးတော့လည်း ဖျော်ဖြေဖူးတယ်။ ဇောက်ထိုးလည်း ဆိုဖူးတယ်။ ဖြူဖြူရဲ့ပွဲကို အရှင်လတ်လတ် လာကြည့်ဖူးတဲ့ ပရိသတ်တွေ နယ်ကပဲဖြစ်ဖြစ်၊ ကျေးရွာကပဲဖြစ်ဖြစ်၊ မြို့ပေါ်ကပဲဖြစ်ဖြစ် သူတို့အတွက် အထူးအဆန်း မဟုတ်ဘူး”

အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဖျော်ဖြေမှု (ဓာတ်ပုံ – Phyu Phyu Kyaw Thein’s Facebook)

“သူတို့ဆို အရမ်းသဘောကျကြတယ်။ ပျော်ကြတယ်။ အဲဒါကြောင့်ပြောတာ အရှင်လတ်လတ်လာကြည့်ရတဲ့ အရသာနဲ့ အရှင်လတ်လတ် မမြင်ဖူးရှာဘဲနဲ့ Facebook ကနေပဲ အံ့သြဘနန်း အထူးအဆန်း ဖြစ်နေရတဲ့ဘဝနဲ့က အရမ်းကွာရှာတာ”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သူမရဲ့ Show ပွဲများကို တကြိမ်တခါမှ မကြည့်ဖူးကြတဲ့ လူများကသာ အံ့သြတကြီးနဲ့ ဝေဖန်နေကြတာဖြစ်ပြီး သူမကို အရှင်လတ်လတ် မြင်ဖူးကြတဲ့သူတွေကတော့ အထူးအဆန်းဖြစ်မှ ာမဟုတ်ဘူးလို့ ပြောပါတယ်။

“ဒီပုံလေးကို မြင်ပြီးအထူးအဆန်း အံ့သြဘနန်းဖြစ်ကြတဲ့သူတွေက ဖြူဖြူ့အပြင်မှာ အရှင်လတ်လတ် ဖျော်ဖြေတယ်ဆိုတာကို ၁၅ နှစ်လုံးလုံးမှာ တခါမှ မကြည့်ဖူးရှာသေးလို့ အဲဒီလို ဖြစ်ကြရှာတာ။ ဖြူဖြူ့ကို အပြင်မှာ လာကြည့်ဖူးတဲ့သူတွေလိုသာ ကြည့်ဖူးရင် သူတို့အတွက် အထူးအဆန်းလည်းဖြစ်မှာ မဟုတ်ဘူး။ ရယ်စရာ လှောင်စရာလည်း ဖြစ်နေမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဖြူဖြူက ပရိသတ်တွေကို ဖိတ်တာပါ”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

Live Performance ပြုလုပ်တဲ့ Show ပွဲကို ကိုယ်တိုင်လာရောက် ကြည့်ရှုစေချင်ပြီး လာရောက်ကြည့်ရှုပါက ကိုယ်ချင်းစာတတ်သွားလိမ့်မယ်လို့ ပြောပါတယ်။

ဖြူဖြူကျော်သိန်းမှ မီဒီယာများကို ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

ဖြူဖြူကျော်သိန်းကတော့ သူမရဲ့ Facebook Page မှာ Follow လုပ်ထားတဲ့သူ ၁၂သိန်းကျော်ရှိသော်လည်း သူမရဲ့ Show ပွဲများကို အရှင်လတ်လတ် လာရောက်ကြည့်ရှုဖူးတဲ့သူမှာ ၁သောင်းကျော်ကျော်သာ ရှိတယ် စစ်တမ်း ကောက်ချက်အရ သိခဲ့ရတယ်လို့ ပြောပါတယ်။

“ဖြူဖြူ့ Facebook Page ကို Like လုပ်ထားတဲ့လူ ၁၂သိန်းမှာ ဖြူဖြူ့ကို အရှင်လတ်လတ်လာကြည့်ဖူးတဲ့သူ ၁ သောင်းသာသာပဲ ရှိတယ်ဆိုတာ ဟိုတလောက စစ်တမ်းကောက်လို့ သိရတယ်။ အဲဒီ ၁ သောင်းမှာဆိုရင် ဗလာပွဲပဲ ကြည့်ဖူးတဲ့ ပရိသတ်က ရှိသေးတာ။ ရှော့ပင်းမောလ်မှာ ကစားကွင်းပို့ရင်းနဲ့ ဖျော်ဖြေနေတာကို ဝင်ကြည့်တဲ့ ပရိသတ်တွေလည်း ရှိဦးမှာဆိုတော့ စတိတ်ရှိုးစစ်စစ်ကို ကြည့်ဖူးတဲ့ပရိသတ်က ၁ သောင်းထဲကနေမှ နည်းလိမ့်ဦးမယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းကတော့ မကြာခင်မှာလည်း “9 Dreams” ဆိုတဲ့ Show ပွဲကြီးမှာ ပါဝင် သီဆိုဖျော်ဖြေသွားဖို့ရှိပြီး ဒီပွဲကိုလည်း လာရောက်ကြည့်ရှုကြဖို့အတွက် ပရိသတ်ကို ဖိတ်ခေါ်ထားပါတယ်။

The post “ဖြူဖြူ ဖျော်ဖြေတာကို အရှင်လတ်လတ် မကြည့်ဖူးလို့ ဝေဖန်နေကြတာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ