Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အငြိမ့်ကနေရင်း မေ့သွားရင် အစားထိုးပြီးမကတတ်ဘူး”

$
0
0

တနှစ်မှာ တခါကပြဖျော်ဖြေလျက်ရှိတဲ့ နှင်းဆီအငြိမ့်မှာ ပင်တိုင်မင်းသမီး ၄ယောက်ထဲမှာ တယောက်အဖြစ် ပါဝင်တဲ့ သရုပ်ဆောင်မိုးယုစံကတော့ အငြိမ့်မှာ ကပြဖျော်ဖြေလာတာကြာနေပြီဆိုပေမယ့် ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်တဲ့ အတွက် မေ့သွားရင် အစားထိုးပြီး မကတတ်ဘူးလို့ ပြောပါတယ်။

“အခက်အခဲကတော့ရှိပါတယ်။ ကိုယ်မကျွမ်းကျင်ဘူးပေါ့နော်။ ပြီးတော့ မိုးယုတို့က အခြေခံကနေစပြီးတော့ မသင်လာခဲ့ဘူး။ သီချင်းနဲ့ကရမယ်ဆိုရင် ကရမယ့်တပုဒ်ကိုပဲ သင်ဖြစ်တယ်။ အရင်တုန်းကဆိုရင် မင်းသမီးတယောက်ကို သီချင်း ၂ပုဒ်ကရတယ်။ အဲဒီလိုကရရင် အခက်အခဲရှိတယ်။ မေ့သွားမှာတို့ အချိုးမကျမှာတို့ကို စိုးရိမ်တယ်”

“အငြိမ့်ကနေရင်းနဲ့လည်း စိုးရိမ်စိတ်တွေက အများကြီးရှိတာပဲ။ သီချင်းကလိုက်ဆိုရတယ်။ စတိတ်ပေါ်မှာ ကနေရင်းခြေအိတ်နဲ့ ချော်လဲမှာလည်း စိုးရိမ်ရတယ်။ မေ့သွားရင် အစားထိုးပြီးမကတတ်ဘူး။ အဲဒါကြောင့် သေချာကျင့်ဖြစ်တယ်။ ကဖို့ထွက်ခါနီးထိကို ကျင့်နေတုန်းပေါ့” လို့ မိုးယုစံက ပြောပါတယ်။

နှင်းဆီအငြိမ့်မှာ ပါဝင်ကပြဖျော်ဖြေလာတာ ကြာလာပြီဖြစ်တဲ့အတွက် အနည်းငယ်တော့ တိုးတက်လာခဲ့ပြီး သင်ရတာလည်း အရင်ကလောက် မခက်ခဲတော့ဘူးလို့ မိုးယုစံက ပြောပါတယ်။

နှင်းဆီအငြိမ့်မှာတော့ မိုးယုစံအပါအဝင် မေကဗျာ ၊ မိုးပြည့်ပြည့်မောင် ၊ ဖူးစုံတို့က ပါဝင်ကပြဖျော်လာတာဟာ အခုချိန်မှာတော့ နှင်းဆီအငြိမ့်ဟာ ၁၃ကြိမ်မြောက်ရှိပြီပဲဖြစ်ပါတယ်။

ယခုနှစ်အတွက် နှင်းဆီအငြိမ့်ကိုတော့ “နှင်းဆီပဝါခြုံတဲ့လက်” ဆိုတဲ့နာမည်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့နဲ့ ၁၂ရက်နေ့များတွင် ရန်ကုန်မြို့တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

“လက်တွဲဖြစ်တာတော့ ကြာတော့ကြာနေပြီ။ သေချာမမှတ်မိဘူး။ အဲဒီတုန်းက အနုပညာလုပ်ခါစပဲရှိသေးတယ်။ ဒါရိုက်တာဦးမျိုးမင်းက ကမ်းလှမ်းတာနဲ့ လက်ခံဖြစ်သွားတယ်။ အခုချိန်ထိ လက်တွဲလုပ်ဖြစ်တာကတော့ စီစဉ်တဲ့ ဦးမျိုးနဲ့ မင်းသားတွေက မိုးယုတို့ မင်းသမီး ၄ယောက်လုံးကို လက်တွဲခေါ်တယ်။”

“ဘယ်လိုပဲဖြစ်ဖြစ် အသစ်အသစ်တွေကို ထပ်မထည့်ဘဲနဲ့ မိုးယုတို့ကိုပဲ ဆက်ပြီးတော့ ခေါ်တဲ့အတွက်လည်း အရမ်းကို ဝမ်းသာပါတယ်” လို့ မိုးယုစံက ပြောပါတယ်။

ယခုကပြမယ့် ပွဲမှာတော့ မင်းသမီးတယောက်ကို အရင်ခေတ်က သီချင်း ၁ပုဒ်စီနဲ့ကရမှာဖြစ်ပြီး နောက်ဆုံးအပိတ်ကိုတော့ မင်းသမီး ၄ယောက်ပေါင်းပြီး ကပြဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မိုးယုစံကတော့ ခင်ပွန်းဖြစ်သူ ကိုစွမ်းသူမိုး၊သားဖြစ်သူ ကောင်းသိင်္ဃမိုးသူတို့နဲ့အတူ သာယာတဲ့မိသားစုကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်များ အရင်ကလောက်မလုပ်ဖြစ်တော့ပေမယ့် နှင်းဆီအငြိမ့်ကိုတော့ မပျက်မကွက် ကပြဖျော်ဖြေလျက်ရှိပါတယ်။

The post “အငြိမ့်ကနေရင်း မေ့သွားရင် အစားထိုးပြီးမကတတ်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ