Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Kanye West နဲ့ Kim Kardashian တို့ အငှားကိုယ်ဝန်နဲ့ စတုတ္ထမြောက်ရင်သွေး ရတော့မည်

$
0
0

Kanye West နဲ့ Kim Kardashian တို့ဟာ အငှားကိုယ်ဝန်နဲ့ စတုတ္ထမြောက်ရင်သွေးကို ရရှိတော့မှာဖြစ်တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ နာမည်ကျော် မဂ္ဂဇင်းတွေဖြစ်တဲ့ Us Weekly နဲ့ People တို့က သူတို့စုံတွဲနှစ်ဦးဟာ အငှားကိုယ်ဝန်ဆောင်တယောက်ဆီမှာ ရင်သွေးလွယ်ခိုင်းထားပြီး လာမယ့်မေလမှာ အဲဒီကလေးကို မွေးဖွားမှာဖြစ်တယ်လို့ နီးစပ်တဲ့အသိုင်းအဝန်းကနေ သိရတဲ့အကြောင်း ဖော်ပြထားပါတယ်။

ရသစုံ အစီအစဉ်စတား Kardashian နဲ့ ခင်ပွန်း Rap အဆိုတော်တို့ရဲ့ ကိုယ်စားလှယ်တွေက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ တုံ့ပြန်တာ မရှိသေးပါဘူး။ သူတို့နှစ်ဦးရဲ့ တတိယမြောက် ကလေး Chicago ကိုလည်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အငှားကိုယ်ဝန်ကနေတဆင့် မွေးဖွားပေးနိုင်ခဲ့တာပါ။

သူတို့နှစ်ဦးထံမှာ အသက် ၅ နှစ်အရွယ် North နဲ့ အသက် ၃ နှစ်အရွယ် Saint ဆိုတဲ့ ကလေးတွေ ရရှိပိုင်ဆိုင်ထားပါသေးတယ်။ ပထမဆုံး ရင်သွေးနှစ်ဦးကို မွေးဖွားပြီးခဲ့တဲ့နောက်မှာ နောက်တကြိမ်ထပ်ပြီးတော့ ကိုယ်ဝန်ဆောင်မယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်ရမယ့်အကြောင်းဆရာဝန်တွေက သတိပေးခဲ့ပြီးတဲ့နောက် အငှားကိုယ်ဝန်ဆောင်ဘက်ကို သူတို့နှစ်ဦး ခြေဦးလှည့်ခဲ့ကြပါတယ်။

Kanye West နဲ့ Kim Kardashian

Us Weekly ရဲ့အဆိုအရ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၆ လ လောက်တုန်းက စတုတ္ထမြောက်ရင်သွေးယူဖို့ စီစဉ်ခဲ့ကြပြီး အဲဒီ့အချိန်မှာ အဆိုတော် West ဟာ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Kardashian ဟာ Chicago ကိုမွေးဖွားပြီးခဲ့တဲ့နောက် အငှားကိုယ်ဝန်ဆောင်ပေးမယ့်သူကို လိုချင်နေခဲ့တာဖြစ်ပေမယ့် Kanye ရဲ့ ကျန်းမာရေးပြဿနာတွေကြောင့် အဲဒီ့အစီအစဉ်တွေကို ခေတ္တရပ်ဆိုင်းထားခဲ့တာပါ။ အခုတော့ သူဟာ ကျန်းမာရေးတော်တော်ကောင်းနေပြီဖြစ်ပြီး ရင်သွေးလေးအတွက်စိတ်လှုပ်ရှားနေကြပြီလို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြနေကြပါတယ်။

Ref:asiaone

The post Kanye West နဲ့ Kim Kardashian တို့ အငှားကိုယ်ဝန်နဲ့ စတုတ္ထမြောက်ရင်သွေး ရတော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)