Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Miss ပြိုင်ပွဲတွေမှာ ဂယက်တွေကို ပြောပြရတော့ နည်နည်းခက်တယ်”

$
0
0

အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့ အလှမယ် မိုးစက်ဝိုင်က သူပါဝင် သရုပ်ဆောင်ထားတဲ့ “သတ္တိရှိရင် လောင်းမလား” ဇာတ်ကား မကြာခင် ရုံတင်တော့မှာဖြစ်ပြီး သူ လုပ်ကိုင်နေတဲ့ “Mozey” Skincare ကနေလည်း Product အသစ်ထုတ်ဖို့ရှိတယ်လို့ ဧရာဝတီကိုပြောပါတယ်။

“လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်တယ်။ အရင် မိုးစက်ရိုက်ထားတဲ့ “သတ္တိရှိရင် လောင်းမလား” ကားလေး မကြာခင် ရုံတင်တော့မယ်လို့ ပြောပါတယ်။ အဲ့အတွက် ရင်ခုန်နေပါတယ်။ မိုးစက် ပရိတ်သတ်တွေနဲ့ နည်းနည်းဝေးနေရတာက မိုးစက်က အရင်ကတည်းက ရုပ်ရှင်တွေ သိပ်မရိုက်ဘူး။ ကိုယ်တိုင် သရုပ်မဆောင်တတ်ဘူး ထင်တယ်။ ရိုက်ထားတာ နှစ်ကားပဲ ရှိတယ်။ ၁ ကားပဲ ရုံတင်ရသေးတယ်။ ၁ ကားရုံတင်ဖို့ ကျန်သေးတယ်”လို့ မိုးစက်ဝိုင်က ပြောပါတယ်။

“ဇာတ်ကားတွေ နောက်ပိုင်းမှာ ရိုက်ကူးဖို့တော့ ရှိတယ်။ မိုးစက် Mozeyက Skincare ဘက်ကို သွားတာ။ အခုကတော့ Lip Blush ထွက်ဖို့ ရှိတယ်။ သဘာဝဆန်ဆန် အလှပြင်တာလေးကို Promote လုပ်တာပေါ့။ မိုးစက် အတွက် စီးပွားရေးလုပ်တဲ့ အခါမှာ အခက်အခဲကတော့ တချို့ ဈေးဆစ်မယ်ဆို ဆစ်လို့ မရဘူး။ စွာမယ်ဆိုလည်း စွာလို့ မရဘူး။ အဲ့လို အခက်အခဲတွေတော့ ရှိတယ်”လို့ မိုးစက်ဝိုင်က ဆိုပါတယ်။

အလှမယ် တယောက်ဖြစ်တဲ့ မိုးစက်ဝိုင်က အလှမယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ဘယ်အရာမဆို ကတောက်ကဆလေးတွေ ဖြစ်တတ်တာကြောင့် မှန်ရင် မှန်မယ်၊ မှားရင် မှားမယ် သည်းခံလိုက်တာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

“Miss ပြိုင်ပွဲတွေမှာ ဂယက်တွေကို ပြောပြရတော့ နည်နည်းခက်တယ်။ Miss လောကမှမဟုတ်ပါဘူး။ ဘာမှာပဲ ဖြစ်ဖြစ် ကတောက်ကဆလေးတွေတော့ ရှိတာပေါ့နော်။ ဘယ်လို ညှိနှိုင်း ဖြေရှင်းမလဲရယ်။ ညှိနှိုင်းလို့ အဆင်မပြေခဲ့ရင်တောင် နောက်တခေါက် မဖြစ်တော့အောင် ဘယ်လို ပြန်လုပ်မလဲလို့လဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တယ်”

“ကတောက်ကဆ ဖြစ်တာကတော့ တဖက်နဲ့ တဖက် နားလည်မှုလွဲတာကနေ စဖြစ်တာပေါ့။ အဲ့လိုဖြစ်လာတဲ့ အခါကျတော့ ဒဲ့ရှင်းရတာတွေ ရှိတယ်။ မသိချင်ယောင်ဆောင် ပေးလိုက်ရတာတွေ ရှိတယ်။ အခြေအနေပေါ် မူတည်ပြီးလုပ်ရမယ်တော့ ထင်တယ်။ မိုးစက်လည်း ပြဿနာတွေ မရှိဘူ းမဟုတ်ပါဘူး။ မိုးစက်လည်း ပြဿနာတွေ ရှိပါတယ်။ မျိုးဆက်သစ် Miss တွေကို အကြံပေးချင်တာက အဓိကကတော့ သင်ယူစရာပဲပေါ့”လို့ မိုးစက်ဝိုင်က ပြောပါတယ်။

“ဗုဒ္ဓဘာသာမှာ အကောင်းဆုံး စကားတခွန်း ရှိတယ်။ သည်းခံတာ အောင်မြင်ဖို့ပေါ့။ အဲ့အတွက် တချို့ အရာတွေမှာ ကိုယ်မှန်ရင် မှန်မယ်။ မှားရင် မှားမယ်။ သည်းခံလိုက်ရတာ တွေ ရှိတယ်။ မိုးစက်ဆို ကိုယ့်ကိုယ်ကို သည်းခံရမယ်လို့ အမြဲပြောဖြစ်နေတယ်”လို့ မိုးစက်ဝိုင်က ဆိုပါတယ်။

မိုးစက်ဝိုင်ဟာ Miss Universe Myanmar 2013 အလှမယ်ဆုကို ရရှိခဲ့ပြီးနောက်ပိုင်း အနုပညာလုပ်ငန်းများကို လုပ်ကိုင်နေသလို တဖက်ကလည်း စီးပွားရေးလုပ်ငန်း ဖြစ်တဲ့ “Mozey” ဆိုတဲ့ Skin Care Product ကို လုပ်ကိုင်နေပါတယ်။

The post “Miss ပြိုင်ပွဲတွေမှာ ဂယက်တွေကို ပြောပြရတော့ နည်နည်းခက်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ