Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယနိုင်ငံက ဘာသာရေးပြဿနာတွေကို ထောင့်စေ့အောင် ရိုက်ကူးထားတဲ့ “Mulk”

$
0
0

ဒီတခါမှာတော့ IMDB Rating (6.1) အထိ ရရှိထားတဲ့ ၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Anubhav Sinha က ကိုယ်တိုင်ရေးသား ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ မင်းသမီး Tapsee Pannu၊ မင်းသားကြီး Rishi Kapoor နဲ့ မင်းသား Abdul Quadir Amin တို့အပြင် အခြား သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အစ္စလာမ် ဘာသာဝင်တဦးဖြစ်တဲ့ Murad Ali Mohammed ဟာ ရှေ့နေတဦးဖြစ်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ လူအများ လေးစား ကြည်ညိုခံရသူတဦးပါ။ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတို့ မိသားစုမှာ သူ့ရဲ့တူဖြစ်သူ Shadid ဟာ ခရီးသည်တင်ယာဉ် ဗုံးပေါက်ကွဲမှုရဲ့သံသယရှိသူ အကြမ်းဖက်သမား ၃ ဦးထဲက တဦးအဖြစ် ရှာဖွေဖမ်းဆီးခံခဲ့ရာကနေစလို့ ကံကြမ္မာဆိုးဟာ စတင်ဝင်ရောက် မွှေနှောက်လာခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်လည်းဖြစ်၊ လူအများလေးစားခံရသူရဲ့ တူဖြစ်သူဟာ အကြမ်းဖက်သမား ဖြစ်သွားတဲ့အတွက်ကြောင့် နိုင်ငံရဲ့သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြဝေဖန်ခံခဲ့ရပြီး Murad Ali Mohammed နဲ့ ညီဖြစ်သူ Bilal တို့ဟာ အကြမ်းဖက်ဝါဒအားပေးမှုတို့အပြင် အကြမ်းဖက်သမားဖြစ်အောင် ညွှန်ပြသွန်သင်မှု အစရှိတဲ့ စွဲချက်ပေါင်းများစွာနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရပါတော့တယ်။

ဒီလိုမျိုး စွဲချက်ပေါင်းများစွာနဲ့ တရားစွဲဆိုခံရသူ ၂ ဦးရဲ့ ရှေ့နေအဖြစ် ချွေးမဖြစ်သူ Aarti က ရှေ့နေလိုက်ခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ ဒီအကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်းကို တရားရုံးမှာ ဘယ်လို သက်သေပြသွားမလဲ ဆိုတာကတော့ ဆက်လက်ကြည့်ရှုကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ မကြာခဏ ဆိုသလို အချေအတင်ဖြစ်တတ်တဲ့ မူဆလင်နဲ့ ဟိန္ဒူလူမျိုးတွေကြားက ဘာသာရေးနဲ့ လူမျိုးရေးကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားရဲ့ အစမှာကိုပဲ ဒါရိုက်တာက ဘယ်ဘာသာတရားကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ဆိုထားပါတယ်။

မူဆလင်တိုင်းက အကြမ်းဖက်သမား မဟုတ်ကြပေမယ့် အကြမ်းဖက်သမား အများစုဟာ မူဆလင်လူမျိုးတွေဖြစ်တာကြောင့် လူတွေရဲ့ အရိုးစွဲနေတဲ့ မူဆလင်လူမျိုးတွေအပေါ် အမြင်ကို ဒါရိုက်တာက သေသေချာချာနဲ့ ထောင့်စေ့အောင် ရိုက်ကူးတင်ပြထားတာကြောင့် အချိန်ပေးကြည့်ရှုတာ တန်တဲ့ ဇာတ်ကားတကားအဖြစ် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည် ညွှန်းဆိုပေးလိုက်ပါတယ်။

The post အိန္ဒိယနိုင်ငံက ဘာသာရေးပြဿနာတွေကို ထောင့်စေ့အောင် ရိုက်ကူးထားတဲ့ “Mulk” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ