Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တဲ့စိတ်နဲ့ မြန်မာသံစဉ် သီချင်းတွေဆိုနေသူ ခင်ပိုးပန်းချီ

$
0
0

အဆိုတော် ခင်ပိုးပန်းချီဟာ “လိပ်ပြာစံအိမ်” ဇာတ်ကား ဇာတ်ဝင်တေး သီဆိုထားတဲ့အပေါ် ပရိသတ်တွေ ကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတော့ရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“လိပ်ပြာစံအိမ် ဇာတ်ကားမှာ ဇာတ်ဝင်တေးလေး ဆိုဖြစ်တာ အမှတ်တရပါ။ အမှတ်တရကတော့ အသံကို အများကြီး မသွင်းရဘဲ ၃ ခေါက်လောက်ပဲ သွင်းလိုက်ရတယ်။ သူများတွေကတော့ နားထောင်လို့ ကောင်းတယ်လို့ ပြောတယ်။ ညီမကတော့ အားမရသေးဘူး။ ယုံကြည်မှုတော့ရှိတယ်”

“ပရိသတ်တွေကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတော့ ရှိတယ်၊ ပရိသတ်တွေရဲ့ လက်ခုပ်သံပဲဖြစ်ဖြစ် ပရိသတ်တွေရဲ့ အားပေးသံတွေက ညီမတို့ အတွက် အားဆေးပါလို့”လို့ ခင်ပိုးပန်းချီက ပြောပါတယ်။

ခင်ပိုးပန်းချီက သူမရဲ့ အစ်မအရင်းဖြစ်သူကး မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့အတွက် စိတ်မကောင်းစကားကို အခုလိုပဲ ဆိုပါတယ်။

“ညီမရဲ့ အစ်မအရင်း ကွယ်လွန်သွားတော့ တရားနဲ့ဖြေလိုက်တယ်ပေါ့။ ညီမတို့မှာ ညီအစ်မ ၃ ယောက်ရှိတာ။ အစ်မအကြီးဆုံးက ဘယ်လက်ရုံး၊ အစ်မလတ်က ညာလက်ရုံးဆိုတော့ အခု ညာလက်ရုံးတဖက် ဆုံးရူံးသလို ခံစားရတယ်။ အမေဆိုရင် ဆေးရုံတောင်တက် လိုက်ရတယ်။ သူဆုံးမယ်ဆိုတာလည်း သိနေတော့ စိတ်ကို အကောင်းဆုံးတော့ ပြင်ဆင်ထားခဲ့ပါတယ်။ ညီမက ဒီနှစ် ၁၀ တန်း အလုပ်က ရှိသေးတော့ အကုန်လုံးကို ဘက်မျှအောင်တော့ လုပ်နေပါတယ်”လို့ ခင်ပိုးပန်းချီက ပြောပါတယ်။

ခင်ပိုးပန်းချီက မြန်မာသံစဉ်လေးတွေ သီဆိုဖြစ်တာဟာ ကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်သလို ယဉ်းကျေးမှုကိုလည်း ထိန်းသိမ်းချင်တာကြောင့်လို့ ဆိုပါတယ်။

“မြန်မာသံစဉ်တွေကို ရွေးချယ်သီဆိုဖြစ်တာက ညီမကိုယ်တိုင်ကိုက မြန်မာသံစဉ်ကို အရမ်းကြိုက်တယ်။ ညီမတို့က မြန်မာလူမျိုးလေ။ ညီမတို့ ယဉ်ကျေးမှုကို ညီမတို့ လူငယ်တွေမှမထိန်းသိမ်းရင် ထိန်းသိမ်းမယ့်လူ မရှိတော့ဘူးဆိုတော့ ညီမ ချမ်းသာတဲ့သူလည်း မဟုတ်တော့ ညီမဘာမှ မလုပ်ပေးနိုင်ဘူး။ ညီမမှာရှိတဲ့ အသံပိုင်းဆိုင်ရာနဲ့ ညီမတို့လူမျိုး ဂုဏ် သိက္ခာကို ထိန်းမယ်၊ ဘာသာတရားမှာလည်း သာသနာ အမျိုးသမီးကောင်း ဖြစ်ချင်တာကြောင့် မြန်မာသံလေးတွေကို ရွေးဖြစ်တာပါ”လို့ ခင်ပိုးပန်းချီက ပြောပါတယ်။

ဆက်လက်ပြီး “မြန်မာတနိုင်ငံလုံးမှာ လူဦးရေ အများကြီးပဲလေ။ ကြိုက်တာလည် းရှိမယ်။ မကြိုက်တာလည်း ရှိမယ်။ ရန်ကုန်မှာကတော့ ခေတ်ပေါ်သီချင်းတွေပဲ ကြိုက်တာလေ။ ညီမတို့ နယ်ဘက်တွေမှာတော့ မြန်မာသံစဉ်တွေ တော်တော်ပေါက်ပါတယ်”လို့ ခင်ပိုးပန်းချီက ဆိုပါတယ်။

ခင်ပိုးပန်းချီဟာ ဆို၊ က၊ ရေး၊ တီးမှ ရွှေတံဆိပ်ဆုများ ရရှိထားသူဖြစ်ပြီး “မယ်ရွေးလို့ ဆင်ပါ့မယ်”ဆိုတဲ့ ဂန္တဝင်မြန်မာသံတေးစု ထွက်ရှိထားသူ ဖြစ်ပါတယ်။

The post ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တဲ့စိတ်နဲ့ မြန်မာသံစဉ် သီချင်းတွေဆိုနေသူ ခင်ပိုးပန်းချီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ