Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Wolverine အဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ထုတ်ပြော

$
0
0

မင်းသား Hugh Jackman က အချိန် ၁၇ နှစ်ကြာ သရုပ်ဆောင်ခဲ့တဲ့ X-Men ဇာတ်ကောင် Wolverine ဇာတ်ရုပ်နေရာမှာ သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ကပြောကြားလိုက်ပါတယ်။

မင်းသား Jackman က အချိန်ကြာမြင့်စွာ သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဲဒီဇာတ်ရုပ်ဟာ အသက် ၅၀ အရွယ် သြစတြေးလျမင်းသားကို နာမည်ကျော်ကြား သွားစေခဲ့ပြီး နှစ်ပေါင်း ၁၇ နှစ်အတွင်း ရုပ်ရှင် ၉ ခုမှာ သရုပ်ဆောင်စေခဲ့ရပါတယ်။

အသက် ၅၄ နှစ်အရွယ် မင်းသား Keanu ကတော့ သူဟာ အဲဒီ့နေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့အကြောင်း ScreenGreek.net ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မင်းသား Ben Affleck နုတ်ထွက်သွားတဲ့ လင်းနို့လူသားဇာတ်ကောင်နဲ့ မင်းသား Jackman နုတ်ထွက်သွားတဲ့ Wolverine နှစ်ခုထဲက တခုကို သရုပ်ဆောင်ဖို့ စိတ်ဝင်စားပါသလားဆိုတဲ့ မေးခွန်းကို အခုလိုမျိုးပြန်လည်ဖြေကြားခဲ့တာပါ။ သူက “နှစ်ခုထဲက ဆိုရင် ကျနော်က Wolverine အဖြစ် သရုပ်ဆောင်ဖို့ သဘောကျပါတယ်”လို့ ဆိုပါတယ်။

အက်ရှင်မင်းသား Keanu က Wolverine နဲ့ Batman ဇာတ်ရုပ်တွေကို ကမ်းလှမ်းလာခဲ့အချိန်မှာ လက်မခံခဲ့တာက အမှန်မဟုတ်ဘဲ သူ့ကို သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းမရှိခဲ့ခြင်း အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ သူက “ကျနော်လက်မခံခဲ့ဘူးဆိုတာ မဟုတ်ပါဘူး”လို့ ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ မင်းသား Jackman ဟာ Wolverine (သို့) Logan အဖြစ် နောက်ဆုံး သရုပ်ဆောင်ခြင်းဖြစ်တဲ့ အကြောင်း နယူးယောက်တိုင်းမ် သတင်းစာကို ပြောကြားခဲ့ပါတယ်။ သူက “တယောက်ယောက်က Wolverine နေရာမှာ သရုပ်ဆောင်မှာပါ”လို့ ပြောဆိုခဲ့တာပါ။

Jackman ဟာ ပထမဆုံး X-Men ရုပ်ရှင်မှာ Wolverine အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့ရာကနေ နောက်ထပ် ရုပ်ရှင် ၈ ခုမှာ ထပ်မံသရုပ်ဆောင်ခဲ့သလို X-Men ရဲ့ဇာတ်ကောင်တခုတည်းကို အသားပေးတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလိုပဲ မင်းသား Ben Affleck ကလည်း လင်းနို့လူသား အဖြစ်သရုပ်ဆောင်မှုကနေ နုတ်ထွက်တော့မယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။

Ref:Dailymail

The post Wolverine အဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Keanu Reeves ထုတ်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ