Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂၀၁၈ခုနှစ်အတွင်း ပြတ်စဲသွားကြတဲ့ Celebrity စုံတွဲများ

$
0
0

ကမ္ဘာကျော် Celebrity တွေရဲ့ လမ်းခွဲ ပြတ်စဲခဲ့ကြတဲ့ ဇာတ်လမ်းတွေဟာ အဆန်းတကြယ်တော့ မဟုတ်ပေမယ့် ၂၀၁၈ခုနှစ်ကတော့ နာမည်ကြီး အနုပညာရှင်စုံတွဲ အများဆုံး ပြတ်စဲကြတဲ့ နှစ်တနှစ်လို့တောင် ပြောလို့ရပါတယ်။

(၁) Paris Hilton , Chris Zylka

Paris Hilton နဲ့ Chris Zylka

စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်သလို Producer နဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်သူ Paris Hilton တို့စုံတွဲဟာဆိုရင်တော့ စေ့စပ်ပြီး ၁၀လအကြာမှာ ပြတ်စဲသွားခဲ့တာပဲဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀၁၈ခုနှစ်မှာ စေ့စပ်ပွဲပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှ ပြတ်စဲခဲ့ကြတာပဲဖြစ်ပါတယ်။

(၂) G-Eazy , Halsey

G-Eazy နဲ့ Halsey

လူတိုင်းအားကျခဲ့ကြရတဲ့ G-Eazy နဲ့ Halsey တို့ စုံတွဲဟာဆိုရင်လည်း ၂၀၁၈ခုနှစ် ဇူလိုင်လမှာ ပြတ်စဲခဲ့ကြကြောင်းကို Halsey က သူမရဲ့ Instagram ကနေတဆင့် ပြောဆိုခဲ့ပါတယ်။

(၃) Robert De Niro , Grace Hightower

Robert De Niro နဲ့ Grace Hightower

မင်းသားကြီး Robert De Niro တို့ အိမ်ထောင်ရေးဟာဆိုရင်လည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာပဲ နှစ်(၂၀)ကြာ ချစ်ခရီးလမ်းကို အဆုံးသတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ “ခက်ခဲလှတဲ့ အကူးအပြောင်းတခုကို ကျနော်တို့ လုပ်ဆောင်ခဲ့ကြ တာပဲဖြစ်ပါတယ်။ Grace ဟာ မိခင်ကောင်းတဦးဖြစ်ပြီး ကျနော်တို့ရဲ့ သားသမီး(၂)ယောက် ရှေ့ရေးအတွက်တော့ ဆွေးနွေးနေကြဆဲဖြစ်ပါတယ်” လို့ CNN အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

(၄) Brooklyn Beckham , Chloe Grace Moretz

Brooklyn Beckham နဲ့ Chloe Grace Moretz

ကမ္ဘာကျော်ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်းရဲ့ သားဖြစ်သူ Brooklyn Beckham နဲ့ အမေရိကန် မင်းသမီးချောလေး Chloe Grace Moretz တို့ဟာ ၄နှစ်ကြာ Relationship သက်တမ်းကို ၂၀၁၈ခုနှစ်မှာ အဆုံးသတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ မကြာခဏပြတ်စဲလိုက် ပြန်တွဲလိုက်ဖြစ်နေကြတဲ့ သူတို့စုံတွဲဟာ ပြန်လည် အဆင်ပြေကြဦးမလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။

(၅) Ben Affleck , Lindsay Shookus

Ben Affleck နဲ့ Lindsay Shookus

သူတို့နှစ်ဦးရဲ့ Relationship မှာတော့ အားလုံးသိရှိထားပြီးတဲ့ Batman မင်းသားကြီး Ben Affleck ရဲ့ အမှားမကင်း ဘူးလို့လည်း ဆိုနိုင်ပါတယ်။ Lindsay နဲ့ တွဲနေတုန်းမှာပဲ တခြားသော မော်ဒယ်တဦးနဲ့ ထပ် Date ခဲ့တာကြောင့်ပဲ ပြတ်စဲသွားခဲ့တာပဲဖြစ်ပါတယ်။

Ref: www.womenshealthmag.com

The post ၂၀၁၈ခုနှစ်အတွင်း ပြတ်စဲသွားကြတဲ့ Celebrity စုံတွဲများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)