Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုပ်ရှင်ချစ်သူတွေ စောင့်မျှော်ကြည့်ရှုရတောမယ့် Horror ရုပ်ရှင်များ

$
0
0

၂၀၁၈ ခုနှစ်မှာတော့ အကောင်းဆုံး Horror ရုပ်ရှင်တွေအဖြစ် A Quiet Place , Hereditary , The Devil’s Doorway နဲ့ Welcome to Mercy စတဲ့ ရုပ်ရှင်တွေဟာ ရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။ အခုလာမယ့် ၂၀၁၉ ခုနှစ်မှာလည်း ၂၀၁၈ ခုနှစ် ရဲ့ Horror ရုပ်ရှင်တွေလိုပဲ သည်းထိတ်ရင်ဖို ခံစားမှုတွေကို ပေးစွမ်းမယ့် ရုပ်ရှင်တွေ ဆက်လက်ထွက်ရှိလာဦးမှာပဲ ဖြစ်ပါတယ်။

(၁) Annabelle 3

The Conjuring ရော Annabelle ပါ စတင်ပြသခဲ့ချိန်ကစလို့ ယခုအချိန်ထိ စီးပွားရေးအရပဲဖြစ်ဖြစ် အနုပညာအရပဲဖြစ်ဖြစ် အောင်မြင်မှုတွေရရှိခဲ့တဲ့ ရုပ်ရှင်တွေပဲဖြစ်ပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာထွက်ရှိလာမယ့် Annabelle 3 မှာလည်း ဘယ်လို ထိတ်လန့်ဖွယ်အရာတွေကို Annabelle က ယူဆောင်လာမလဲဆိုတာတော့ စိတ်ဝင်စားဖွယ် စောင့်စားကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

(၂) Pet Sematary

သည်းထိတ်ရင်ဖို စာရေးဆရာတဦးဖြစ်တဲ့ It ကို ဖန်တီးခဲ့သူတဦးလည်းဖြစ်တဲ့ Stephen King ရဲ့ Pet Sematary ဟာ ၁၉၈၉ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာဖြစ်ပြီး အခု ၂၀၁၉ ခုနှစ်ရဲ့ Pet Sematary ကိုတော့ ဧပြီလမှ ပြသမှာဖြစ်တယ် လို့ သိရှိရပါတယ်။

(၃) It : Chapter Two

Stephen King ရဲ့ စာမျက်နှာ ၁၁၀၀ ပါဝင်တဲ့ ဝတ္ထုတပုဒ်ကို ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းရိုက်ကူးထားတာ ပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ It အဖြစ်ထွက်ရှိခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ဝင်ငွေ ဒေါ်လာ ၇၀၀ မီလီယံ ရရှိခဲ့တဲ့ရုပ်ရှင်ကားတကားလည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ Chapter Two ကို ပြသမှာဖြစ်ပြီး Pennywise ဟာ မြို့လေးထဲကို ဘယ်လို အကြောက်တရားတွေနဲ့အတူ ပြန်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

(၄) Happy Death Day 2U

Happy Death Day ကို ၂၀၁၇ ခုနှစ်မှာ ပြသခဲ့တာဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၁၂၂ မီလျံ ရရှိခဲ့တဲ့ Horror ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ Happy DeathDay 2U ကတော့ ၂၀၁၉ ခုနှစ် ဖော်ဖေါ်ဝါရီလ ၁၄ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပြီး Horror နဲ့ Comedy ကိုပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအတွက် မတူညီတဲ့ ခံစားချက်တွေပေးမလဲ ဆိုတာကိုတော့ စောင့်စားကြရမှာပဲဖြစ်ပါတယ်။

Ref: screenrant.com

The post ရုပ်ရှင်ချစ်သူတွေ စောင့်မျှော်ကြည့်ရှုရတောမယ့် Horror ရုပ်ရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)