Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Forbes ရဲ့ အချမ်းသာဆုံးအမေရိကန်စာရင်းမှာ ဒါရိုက်တာ George Lucas ဦးဆောင်

$
0
0

Star Wars ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ George Lucas ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်လိုက်တဲ့ အချမ်းသာဆုံး အမေရိကန်နာမည်ကျော်စာရင်းမှာထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

အသက် ၇၄ နှစ်အရွယ် စာရေးဆရာ၊ ဒါရိုက်တာ၊ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဖန်တီးသူ George ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၅ ဒဿမ ၄ ဘီလီယံရှိခဲ့ကြောင်း ခန့်မှန်းထားပြီး အားကစားသမားတွေ၊ ဂီတပညာရှင်တွေနဲ့ မျက်လှည့်ပညာရှင်တဦး ပါဝင်တဲ့အဲဒီ့စာရင်းမှာ သူက ဦးဆောင်နေတာဖြစ်ပါတယ်။

သူ့ရဲ့ ချမ်းသာကြွယ်ဝမှုအများစုဟာ ၂၀၁၂ ခုနှစ်တုန်းက LucasFilm ထုတ်လုပ်ရေးကုမ္ပဏီကို Walt Disney ထံ ရောင်းချခဲ့တဲ့ဒေါ်လာ ၄ ဒဿမ ၅ ဘီလီယံ ကနေ ရရှိလာတာဖြစ်တယ်လို့ Forbes ကဆိုပါတယ်။

အခုလိုမျိုး Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းစာရင်းမှာ ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို လူသိတဲ့ ပိုင်ဆိုင်မှု၊ အနုပညာ၊ အများပိုင်နဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေရဲ့ ရှယ်ယာ၊ အခြားပိုင်ဆိုင်မှုတွေနဲ့ ဘဝတသက်တာဝင်ငွေ ရရှိမှုတွေအပေါ် အခြေခံထား တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အသက် ၇၂ နှစ်ပြည့်ခဲ့တဲ့ ဒါရိုက်တာကြီး Steven Spielberg က အသားတင်ပိုင် ငွေဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒါရိုက်တာကြီး Spielberg ဟာ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်လုပ်သူအနေဖြင့်နှစ်ပေါင်း ၅၀ ကြာဖြတ်သန်းခဲ့သူ ဖြစ်ပြီး Jaws, ET, Raiders Of The Lost Ark, Schindler’s List နဲ့ Saving Private Ryan တို့လိုမျိုး ရုပ်ရှင်တွေနဲ့ နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။

အဲဒီ့စာရင်းထဲမှာပါဝင်တဲ့ နာမည်ကျော်တွေရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုဟာ ခန့်မှန်းချေဒေါ်လာ ၁၈ ဒဿမ ၇ ဘီလီယံရှိပြီး အိုက်စ်လန်နိုင်ငံရဲ့ အသားတင်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးထက်ပိုမိုများပြားတယ်လို့ Forbes မဂ္ဂဇင်းက ဆိုပါတယ်။

အချမ်းသာဆုံးအမျိုးသမီး နာမည်ကျော်ကြားသူက အသက် ၆၄ နှစ်အရွယ် အစီအစဉ်တင်ဆက်သူ Oprah Winfrey ဖြစ်ပြီး အသားတင်ပိုင်ငွေ ခန့်မှန်းချေဒေါ်လာ ၂ ဒဿမ ၈ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။

ဂန္တဝင်ဘေ့စ်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်က ခန့်မှန်းချေဒေါ်လာ သန်း ၄၀၀ ဝင်ငွေတက်လာခဲ့ပြီး ၃၄ နှစ်ကြာ Nike နဲ့ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ Charlotte Hornets မှာရှိတဲ့ သူ့ရဲ့ ရှယ်ယာတွေကြောင့် ရရှိလာတာဖြစ်ပါတယ်။

သူဟာ အသားတင်ပိုင်ငွေ ခန့်မှန်းချေဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံရှိပြီး စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

Ref: asiaone

The post Forbes ရဲ့ အချမ်းသာဆုံးအမေရိကန်စာရင်းမှာ ဒါရိုက်တာ George Lucas ဦးဆောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ