Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

BTS အဖွဲ့ကြောင့် ရရှိတဲ့ စီးပွားရေးတန်ဖိုးမှာ နှစ်စဉ် ကန်ဒေါ်လာ ၃ ဘီလီယံခွဲကျော်ရှိ

$
0
0

Kpop အဆိုတော်အဖွဲ့တခုဖြစ်တဲ့ BTS ကြောင့် ရရှိတဲ့စီးပွားရေးတန်ဖိုးဟာ နှစ်စဉ် ကိုရီးယားဝမ် ၄ ထရီလီယံ (ဒေါ်လာ ၃ ဒဿမ ၅၄ ဘီလီယံ) ရှိတယ်လို့ ဒေသတွင်း သုတေသီအဖွဲ့တခုက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

အဲဒီကမ္ဘာကျော်အဖွဲ့ဟာ ယဉ်ကျေးမှုကဏ္ဍကို ကျော်လွန်ဆန့်ထုတ်လာတဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေးမှာ ထင်ရှားတဲ့ ကဏ္ဍကနေ ပါဝင်လာတယ်ဆိုတာကို ဖော်ပြနေပါတယ်။

Hyundai Research Institute က စီးပွားရေးလုပ်ငန်းတွေကြားမှာ ထုတ်လုပ်လိုက်တဲ့ စီးပွားရေး တန်ဖိုးလို့ခေါ်တဲ့ နှစ်စဉ် ထုတ်လုပ်ရေး အကျိုးသက်ရောက်မှုဟာ နှစ်စဉ် ဝမ် ၄ ဒဿမ ၁ ထရီလီယံ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၆ ခုနှစ်အတွင်းပျှမ်းမျှ ရောင်းအား ဝမ်ဘီလီယံ ၁၆ဝ ရှိတဲ့ တောင်ကိုရီးယားမှ သာမန်ကုမ္ပဏီ ၁၆ ခုရဲ့ ရောင်းအား အားလုံးပေါင်းဟာ BTS အဖွဲ့ကြောင့် ရရှိငွေနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှစတင် ပွဲဦးထွက်ခဲ့ပြီးတဲ့နောက် အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေကို လာရောက်ကြည့်ရှုဖို့ တောင်ကိုရီးယားကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၈ သိန်းအထိ ရှိခဲ့ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းကိုပါ အထောက်အကူပြုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီခရီးသည် အရေအတွက်ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ နိုင်ငံခြားခရီးသွား ၁၀ ဒဿမ ၄ သန်းရဲ့ ၇ ဒဿမ ၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ ကမ္ဘာတဝန်းနာမည်ကျော်ကြားမှုဟာ အဝတ်အထည်၊ အလှကုန်၊ အစားအသောက်လိုမျိုး လူသုံးကုန် ပစ္စည်းတင်ပို့မှုတွေအပေါ်မှာလည်း ထူးခြားတဲ့ ရိုက်ခတ်မှုရှိခဲ့တယ်လို့ အဲဒီသုတေသန အဖွဲ့က ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ လူသုံးကုန်ပစ္စည်းတန်ဖိုး ဒေါ်လာ ၆၅ ဒဿမ ၂ ဘီလီယံ တင်ပို့ခဲ့ရပြီး ယင်းပမာဏရဲ့ ၁ ဒဿမ ၇ ရာခိုင်နှုန်း (သို့မဟုတ်) ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ ရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

BTS အဖွဲ့ဟာ အခုလိုမျိုး နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းထား နိုင်မယ် ဆိုရင်တော့ ၂၀၁၄ ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ ကာလမှာ စီးပွားရေးတန်ဖိုးဟာ ဝမ် ၄၁ ဒဿမ ၈ ထရီလီယံအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref : Yonhap

The post BTS အဖွဲ့ကြောင့် ရရှိတဲ့ စီးပွားရေးတန်ဖိုးမှာ နှစ်စဉ် ကန်ဒေါ်လာ ၃ ဘီလီယံခွဲကျော်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ