Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂျပန် အပြာမင်းသမီးဟောင်း Sora Aoi ပထမဆုံး ကိုယ်ဝန်လွယ်ထားရ

$
0
0

သိပ်လည်း မချမ်းသာသလို သိပ်လည်း ရုပ်မချောတဲ့ အမျိုးသားတဦးနဲ့ အခုနှစ်အစောပိုင်းမှာ အိမ်ထောင်ကျခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံက အပြာမင်းသမီးဟောင်း Sora Aoi ဟာ ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားရပြီလို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် မင်းသမီးဟောင်း Aoi ဟာ ဂျပန်နိုင်ငံတွင်းမှာသာကမက နိုင်ငံတကာအထိ ကျော်ကြားသူတဦးလည်း ဖြစ်ပါတယ်။ “ကောင်းကင်ပြာ”လို့ အမည်ရတဲ့ မင်းသမီးက ဒီဇင်ဘာလ ၁၂ ရက်နေ့တုန်းက သူကိုယ်ဝန် လွယ်ထားရတဲ့အကြောင်း Instagram ကနေ လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပါတယ်။

သူက “နောက်ဆုံးတော့ နတ်သားလေး ကျမဆီ ရောက်လာခဲ့ပြီ” လို့ ရေးသားခဲ့ပါတယ်။ DJ Non ဆိုသူနဲ့ ရရှိထားတဲ့ ကိုယ်ဝန်ဟာ ၅ လရှိနေပြီလို့လည်း သူက ပြောပါတယ်။

ငယ်စဉ်က မူကြိုဆရာမတယောက် ဖြစ်ချင်ခဲ့တဲ့ မင်းသမီး Aoi က “ပထမဆုံး ကိုယ်ဝန်ဆောင်ရတာဖြစ်လို့ ကျမ စိတ်လှုပ်ရှားနေပါတယ်” လို့ သူ့ရဲ့ ဘလော့မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

သူဟာ အထက်တန်း တတိယနှစ်အရွယ်မှာပဲ ရှီဘူယာမှာရှိတဲ့ အေဂျင်စီတခုကနေ မော်ဒယ်အဖြစ် ရွေးချယ်တာကို ခံခဲ့ရပြီးတဲ့နောက် အပြာဖျော်ဖြေရေး မော်ဒယ်လောကဘက်ကို ကူးပြောင်းခဲ့တာလို့ ဆိုပါတယ်။ သူက အခု ကိုယ်ဝန်ရှိစ မှာတော့ မူးဝေ အော့အန်တာမျိုး ကြုံခဲ့ရပြီး လာမယ့်နှစ် မေလလောက်မှာ ရင်သွေးလေးကို မွေးဖွားမယ်လို့လည်း ပြောဆိုထားပါတယ်။

သူ့ရဲ့ အနုပညာလုပ်ငန်းအစမှာ နာမည်ရွေးခိုင်းခဲ့ချိန်မှာတော့ သူကြိုက်နှစ်သက်တဲ့ Sora Aoi ဆိုတဲ့ နာမည် ရွေးဖြစ်ခဲ့ပုံကိုလည်း ပြောဆိုထားပါတယ်။

သူက “ကျမရဲ့ အေဂျင်စီက ကျမဘယ်အရောင်ကို ကြိုက်လဲလို့ မေးတယ်။ ကျမက အပြာရောင် (ဂျပန်ဘာသာဖြင့် Aoi) ကို ကြိုက်တယ်လို့ ပြောတယ်။ သူက ပုံမှန်ဆိုရင်ရော ဘာကြိုက်တတ်လဲ မေးတယ်။ ကျမက ဂျပန်လို Sora ဆိုတဲ့ ကောင်းကင်ကို ကြိုက်တယ်လို့ ဖြေလိုက်တယ်။ ဒါကြောင့် သူက Sora Aoi ဆိုတဲ့ နာမည်ကို ရွေးလိုက်တယ်” လို့ ပြောပါတယ်။

အခုလိုမျိုး လူတချို့ရဲ့ မနှစ်မြို့စရာ အပြာမင်းသမီးအဖြစ် ရှင်သန်ခဲ့ရတာကိုလည်း နောင်တ မရဘူးလို့ သူက ဆိုပါတယ်။

“ကျမ AV (အပြာဗီဒီယို) တွေမှာ အလုပ်လုပ်ရတာ နောင်တ မရပါဘူး။ ဒါပေမဲ့ လူတွေရဲ့ မျက်လုံးထဲမှာ အဝေဖန်မခံရတာမျိုးတော့ မရှိဘူးပေါ့”လို့ သူက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်း လက်ထပ်တော့မယ့်အကြောင်း ကြေညာခဲ့စဉ် ဘလော့မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် သူက “မိသားစုတခု ဖြစ်လာဖို့ဆိုရင် လူတယောက်ရဲ့ အတိတ်နဲ့ အခုကနေစလို့ အနာဂတ်ရဲ့ အရာအားလုံးကို လက်ခံနိုင်ဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူဟာ ကျမကို လက်ခံနိုင်မယ့် သူတယောက်လို့ ကျမ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Ref: asiaone

The post ဂျပန် အပြာမင်းသမီးဟောင်း Sora Aoi ပထမဆုံး ကိုယ်ဝန်လွယ်ထားရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)