Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အကယ်ဒမီနဲ့ ပတ်သက်ပြီး တခြားသူတွေကို ရစေချင်တယ်”

$
0
0

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ ယခင်နှစ်များထက် ပိုမိုရွေးချယ်ရခက်မယ့် ရုပ်ရှင်ဇာတ်ကားများစွာ ပေါ်ထွက်လာခဲ့ပြီး အဲဒီထဲမှာမှ မြင်တွေ့နေကျ ပုံစံများနဲ့ ကွဲထွက်ကာ ရိုက်ကူးထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ရုပ်ရှင် ၂ ကားလည်း အကယ်ဒမီဆန်ခါတင် စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီကတော့ သူ ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားများ ဆန်ခါတင်စာရင်းမှာ ပါဝင်နေပေမယ့် အခြားသူများ အတွက်သာ ရင်ခုန်တယ်လို့ ပြောပါတယ်။

“ရင်ခုန်ပါတယ်။ တခြားသူတွေကို ရစေချင်တယ်။ “မုန်းစွဲ”တို့ ၊ “မီ”တို့ ပရိသတ်ကြီးတွေ ကြီးတယ်ပေါ့။ “သမ္မတကြီးထံပေးစာ”တို့ ရစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်ရဲ့ ဆန္ဒလည်း ရှိတယ်။ သူတို့တွေလည်း ကြိုးစားအားထုတ်မှုကြီးကို တွေ့နေရတယ်။ ရသွားစေချင်တယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဆန်ခါတင် စာရင်းဝင်တဲ့အတွက် လက်မှတ်လာထိုးခိုင်းတာတွေ ရှိပြီး အကယ်ဒမီရဖို့ အတွက်တော့ မမျှော်လင့်ထားဘူးလို့ သူက ပြောပါတယ်။

“အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့ ဘာမှ မရှိပါဘူး။ ကျမဆီကို လက်မှတ်တွေတော့ လာထိုးခိုင်းကြတယ်။ ကျမက ရုံးခန်းမှာ အနုပညာနဲ့ ပတ်သက်တာပဲ စကားပြောတော့ စာရွက်စာတမ်းကိစ္စတွေ မလုပ်ဘူးဆိုတော့ လက်မှတ်တွေ လာထိုးခိုင်းတော့ သိတော့ သိလိုက်တယ်။ သူတို့တွေကိုတော့ ရမှာ မဟုတ်ဘူး။ ဘာမှ မပူပါနဲ့လို့တောင် ပြောဖြစ်သေးတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ထပ်မံပြီးတော့ သူမရဲ့တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Now & Ever (ထာဝရနှောင်ကြိုး)” ကိုလည်း ဒီဇင်ဘာလမှ စတင်ကာ ဧပြီလထိ ၄ လကြာ ရိုက်ကူးမှာဖြစ်တဲ့အတွက် အကယ်ဒမီပေးပွဲ ပြုလုပ်တဲ့အချိန်ကိုလည်း မသိသေးဘဲ ပွဲတက်ဖို့အတွက်လည်း မသေချာဘူးလို့ ဆိုပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ဇာတ်ကားများကတော့ လက်ရှိမှာ ၈၃ ကား စာရင်းထုတ်ပြန်ထားပြီး ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ “မုဒြာခေါ်သံ” နဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားတို့ ပါဝင်နေပါတယ်။

“ရုပ်ရှင် ရိုက်တာကတော့ ကျမ အနေနဲ့ ဘာ Message မှ ပေးဖို့ ရိုက်တာ မဟုတ်ပါဘူး။ ကျမက Art Creation ဆိုတော့ အနုပညာကို ဖန်တီးတယ်။ ကျမ ရင်ဘတ်နဲ့ ဖန်တီးတာ။ အဲဒါကို ပရိသတ်က ငြိသွားပြီဆိုရင်တော့ ပျော်စရာကြီးပေါ့နော်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီ ကတော့ အဆိုပါရုပ်ရှင် ၂ ကားအတွက် ရင်ခုန်မှု အနေနဲ့ သိပ်မရှိတော့ဘဲ နောက်ထပ် ရိုက်ကူးမယ့် “Now & Ever (ထာဝရနှောင်ကြိုး)” အတွက်ပဲ ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီ အနေနဲ့ စာရေးဆရာမ ခင်ခင်ထူးရဲ့ “တောမင်းသမီး”ဝတ္ထုနဲ့ ဆရာမကြီး ကြည်အေးရဲ့ “မောင် ကိုကိုနဲ့ မြနန္ဒာ” ဆိုတဲ့ ဝတ္ထုများ ဝယ်ယူထားပြီး ရုပ်ရှင်အနေနဲ့ ပြန်လည် ပုံဖော်သွားမယ်လို့လည်း သိရပါတယ်။

The post “အကယ်ဒမီနဲ့ ပတ်သက်ပြီး တခြားသူတွေကို ရစေချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)