Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Oscar ဆုကို ငြင်းပယ်ခဲ့ကြတဲ့ Hollywood နာမည်ကျော်များ

$
0
0

Oscar ဆုပေးပွဲအခမ်းအနားဟာ Hollywood သမိုင်းတလျှောက်မှာ အထင်ရှားဆုံးဖြစ်ပြီး သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ အခြား ရုပ်ရှင်ဖန်တီးသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပွဲတပွဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Oscar ဆုကို လက်ခံရယူခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိသလို ငြင်းပယ်ခဲ့ကြတဲ့ အနုပညာရှင်တွေလည်း ရှိနေတာကြောင့် Oscar ဆုကို ငြင်းပယ်ခဲ့ကြတဲ့ Hollywood နာမည်ကျော်များအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) Marlon Brando

“The Godfather” ရဲ့ Vito Corleone အဖြစ် သရုပ်ဆောင်ခဲ့သူ Marlon Brando ဟာ ၁၉၇၃ ခုနှစ်မှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင် Oscar ဆုကို လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။ သူ့ကိုယ်စား ဆုလက်ခံဖို့ Sacheen Littlefeather တက်ရောက်ခဲ့ပြီး သူ့ရဲ့ မိန့်ခွန်းကိုလည်း ဆုပေးပွဲမှာ ကိုယ်စားပြောကြားပေးခဲ့တာ ဖြစ်ပါတယ်။

(၂) Michael Caine

Michael Caine ဟာ “Hannah and He Sisters” ရုပ်ရှင်နဲ့ သူ့အတွက် ပထမဆုံး အကောင်းဆုံးဇာတ်ပို့ Oscar ဆုကို လက်ခံဖို့ ပျက်ကွက်ခဲ့ပြီး “Jaws: The Revenge” ရိုက်ကူးရေးနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ Jaws ရုပ်ရှင်ဟာ အောင်မြင်မှု မရရှိခဲ့ဘဲ ၂၀၀၀ ပြည့်နှစ်မှာတော့ Michael Caine ဟာ အကောင်းဆုံးဇာတ်ပို့ Oscar ဆု ရရှိခဲ့ပြီး “The Cider House Rules” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။

(၃) Woody Allen

စာရေးဆရာနဲ့ ရုပ်ရှင်ဒါရိုက်တာ တယောက်ဖြစ်တဲ့ Woody Allen ကတော့ Oscar အပြင် ဘယ်လို ဆုပေးပွဲ အခမ်းအနားတွေကိုမှ တက်ရောက်လေ့ မရှိပါဘူး။ ၁၉၇၈ ခုနှစ် Oscar ဆုပေးပွဲမှာ Annie Hall ရုပ်ရှင်အတွက် ရရှိခဲ့တဲ့ဆုတွေကတော့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု ၊ အကောင်းဆုံး ဇာတ်ညွှန်းဆုတွေ ရရှိခဲ့ပေမယ့် ဆုပေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

အင်တာဗျူးတခုမှာ သူက “ဆုပေးပွဲတွေရဲ့ အယူအဆတွေက တော်တော်မိုက်မဲတာပဲဗျ၊ တခြားသူတွေရဲ့ ဆုံးဖြတ်တာကို ခံယူနေရတာကို ကျနော်အနေနဲ့ တော်တော့်ကို သည်းမခံနိုင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားသာ လက်ခံလိုက်ပြီဆိုရင် သူတို့က ပြောလိမ့်မယ်၊ ခင်ဗျားနဲ့ ထိုက်တန်တယ်ပေါ့။ ဘယ်ဆုမှ မရရင် ခင်ဗျားက ဘာနဲ့မှ မထိုက်တန်တော့သလို ဖြစ်နေတော့မှာပေါ့။ မလိုအပ်တာတွေပါဗျာ”လို့ ဖြေခဲ့ပါတယ်။

(၄) Eminem

၂၀၀၃ ခုနှစ်မှာ အကောင်ဆုံး ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Lose Yourself” သီချင်းအတွက် ဆုရရှိခဲ့ပေမယ့် Eminem ကတော့ ဆုပေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ သူ့ကိုယ်စား Lusi Resto ကနေပဲ ဆုကို လက်ခံရယူခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ Eminem ဟာ အိပ်ပျော်နေခဲ့ပါတယ်။

Ref: www.businessinsider.com

The post Oscar ဆုကို ငြင်းပယ်ခဲ့ကြတဲ့ Hollywood နာမည်ကျော်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ