Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပန်းပွဲတော်ကို စီစဉ်တာ ဘဝမှာ မှတ်တိုင်တခုပါ”

$
0
0

ပြင်ဦးလွင်မြို့မှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ပန်းပွဲတော်ရဲ့ (၁၃) ကြိမ်မြောက်ပွဲကို Star Event Production မှ ဂျွန်လွင်က စီစဉ်ပြီး ပန်းပွဲတော် စီစဉ်တာက သူ့ဘဝရဲ့ မှတ်တိုင်တခုပါလို့ ပြောပါတယ်။

“ဒီပန်းပွဲတော်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လာတယ်။ ခဏခဏလည်း လာဖြစ်တယ်။ ၃ နှစ်လောက်။ တနေ့မှာ ဒီပွဲကြီးစီစဉ်ရမယ်လို့ မတွေးထားဘူး။ ဒီလို စီစဉ်ခွင့်ပေးတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားတယ်။ ဖွင့်တဲ့အခါမှာလည်း အရင်ကလုပ်ခဲ့တာတွေကို လေ့လာတယ်။ လေ့လာတဲ့အခါမှာ မတူတဲ့ဟာကို လုပ်မယ်ဆိုပြီး စိတ်ကူးပြီး လုပ်ဖြစ်တာပါ”

“ကိုယ်ရတဲ့အခွင့်အရေးကို အကောင်းဆုံး လုပ်သွားပါမယ်။ ပန်းပွဲတော်က နာမည်ကြီးပွဲတွေထဲက တခု ဖြစ်တဲ့အတွက် ဒီပွဲကိုစီစဉ်ရတာ ဘဝရဲ့မှတ်တိုင်ထဲမှာ တခု ပါသွားတာဖြစ်တဲ့အတွက် ကျေနပ်ပါတယ်” လို့ ဂျွန်လွင်က ပြောပါတယ်။

ပန်းပွဲတော်ရဲ့ ဖွင့်ပွဲနေ့မှာတော့ ဖွင့်ပွဲ အချိန်မတိုင်ခင် မိုးများ ရွာသွန်းနေတာကြောင့် ပထမဆုံး စီစဉ်တဲ့ပွဲဖြစ်တဲ့အတွက် နောက်ရက်တွေမှာ မိုးရွာသွန်းမှာကို စိုးရိမ်မှုရှိလား ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

၁၃) ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော် ဖွင့်ပွဲ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

“မိုးရွာရင် မီးတွေကို ခဏအုပ်ထားတယ်။ မိုးကတော့ ခဏပဲ ရွာတာပါ။ ဒါက ကျနော့်အတွက်လည်း ကံကောင်းတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော် ပွဲလုပ်သမျှမှာ မိုးရွာလို့ ပွဲပျက်သွားတာမျိုးက ဘဝကြီးတခုလုံးမှာ တခါမှ မရှိခဲ့ဖူးပါဘူး။ သက်ဆိုင်ရာအစောင့်အရှောက်တွေနဲ့ မိုးမင်းကြီးကို ကျေးဇူးတင်ပါတယ်” လို့ ဂျွန်လွင်က ပြောပါတယ်။

ဒီပွဲတော်ကိုတော့ ထူးဖောင်ဒေးရှင်းမှ လုပ်ငန်းအပ်နှံခဲ့တာဖြစ်ပြီး ဒီပွဲအတွက် သိန်းပေါင်း ၂၅၀၀ ကျော်အကုန်အကျခံ ကျင်းပထားတာလို့ သိရပါတယ်။ ပန်းပွဲတော်ကိုတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၁၉ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ယခင်နှစ်များထက် ပိုပြီးထူးခြားစွာနဲ့ ပန်းအစစ်များနဲ့ ပုံဖော်ပြသသွားမယ်လို့ သိရပါတယ်။

ပန်းပွဲတော်ကာလအတွင်း ဂီတပွဲတော်ကိုလည်း ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့များမှာ နန်းမြင့်မျှော်စင် ဧရိယာအတွင်း ပြုလုပ်သွားမှာဖြစ်ပြီး ဒါ့အပြင် ပန်းပွဲတော် အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲကိုလည်း ပါဝင်ကျင်းပသွားမယ်လို့ သိရပါတယ်။ ဖွင့်ပွဲနေ့မှာတော့ အဆိုတော် နီနီခင်ဇော်နဲ့ ဝိုင်းစုခိုင်သိန်းတို့က သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

The post “ပန်းပွဲတော်ကို စီစဉ်တာ ဘဝမှာ မှတ်တိုင်တခုပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ