Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတိုများ ပြသရန် ဖိတ်ခေါ်ခံရ

$
0
0

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း Nagaland ပြည်နယ်ရဲ့ မြို့တော် Kohima မှာ ၃ ရက်ကြာ ပြုလုပ်မယ့် “Glocal Hornbill International Film Festival 2018” ပွဲမှာ မြန်မာနိုင်ငံမှ ရုပ်ရှင်နဲ့ မှတ်တမ်းဇာတ်ကားတို ၁၂ ကား သွားရောက် ပြသရန် ဖိတ်ကြားခံရတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒီပွဲတော်ကို တက်ရောက်မယ့် Miracle Post Media Production ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကိုဝဏ္ဏကျော်က “ကျနော်တို့ မြန်မာနိုင်ငံမှာ လူငယ်တွေ လွတ်လပ်စွာ ဖန်တီးထားတဲ့ ဇာတ်ကားကောင်းတွေ အများကြီး ရှိပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံက ရုပ်ရှင်ကားတွေကို လာရောက်ပြသဖို့အတွက် ဖိတ်ခေါ်ခြင်းခံရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ကိုဝဏ္ဏကျော်က “အခုလို ရုပ်ရှင်ပွဲတော်တွေကနေ ကျနော်တို့ မြန်မာရုပ်ရှင် ဒါရိုက်တာတွေရဲ့ ဖန်တီးနိုင်မှုတွေကို အိန္ဒိယနိုင်ငံတောင်ပိုင်း နယ်မြေတွေထဲမှာ ကမ္ဘာတဝှမ်းက သိတဲ့ Hornbill Festival ရဲ့ အစိတ်အပိုင်းတခုအဖြစ် ပြသမှာဖြစ်ပြီး ရုပ်ရှင်တွေကနေတဆင့် အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်သွားနိုင်မှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောပါတယ်။

ရုပ်ရှင်ပွဲတော်မှာတော့ အမေရိကန်နိုင်ငံ၊ လက်ဗီးယားနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက် ဒေသများမှ ရုပ်ရှင်များ ပါဝင်ပြသမှာဖြစ်ပြီး ဒေသတွင်း တခုတည်းသော အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ဖြစ်တာကြောင့် နိုင်ငံတကာမှ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲများလည်း ပါဝင်မယ်လို့ သိရပါတယ်။

“Glocal Hornbill International Film Festival 2018” မှာ ပြသသွားမယ့် မြန်မာနိုင်ငံမှ ဇာတ်ကားတွေကတော့ ဒါရိုက်တာ အောင်မြင့်မြတ်ချိုရဲ့Traces ၊ ဒါရိုက်တာ ကိုဂျက်ရဲ့Supposes ၊ ဒါရိုက်တာ Mနိုးရဲ့ Insomniacs ၊ ဒါရိုက်တာလဲ့လဲ့အေး ရဲ့ My Mother is Single ၊ ဒါရိုက်တာမိုင်းအိုက်နွေ ရဲ့ Buffalo Boy ဇာတ်ကား၊ ဒါရိုက်တာကောင်းမြတ်သူကျော်နှင့် မြတ်အိမွန်တို့ရဲ့ Buffalo Boat ၊ ဒါရိုက်တာ မိုမို(ရူပါ)နှင့် မေရီဆယဲတို့ရဲ့ Woman With A Gun ၊ ဒါရိုက်တာဉာဏ်ကျယ်စေရဲ့My life I don’t want ၊ ဒါရိုက်တာမိုးစက်စငြိမ်းချမ်းသာရဲ့ 528 ၊ ဒါရိုက်တာကောင်းဆင့်၏ Home ၊ ဒါရိုက်တာဝဏ္ဏကျော်နှင့် Barry Pousman တို့ရဲ့ My Hidden City၊ ဒါရိုက်တာ အာခီးချယ်ရဲ့ Better Late Than Never စတဲ့ ရုပ်ရှင်ဇာတ်ကားတိုများပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ် Hornbill Festival ပြုလုပ်တဲ့ အချိန်မှာ ပွဲတော်ရဲ့ အစီအစဉ် တရပ်အနေဖြင့် ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး Nagaland ပြည်နယ်တွင်း ရုပ်ရှင်အသိပညာ၊ အတတ်ပညာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်ချက်နဲ့ အိန္ဒိယနဲ့ ကမ္ဘာ့နိုင်ငံများမှ ရုပ်ရှင်များပြသကာ အတွေးအခေါ်နှင့် ယဉ်ကျေးမှုများ အပြန်အလှန် ကူးလူးဆက်သွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ “Glocal” လို့ အမည်ပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

The post အိန္ဒိယရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတိုများ ပြသရန် ဖိတ်ခေါ်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)