Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ညီအစ်မတွေ အတူတကွ ကြည့်ရှုသင့်တဲ့ ရုပ်ရှင် ၃ ကား

$
0
0

ရုပ်ရှင်တွေ အတူတကွ ကြည့်ရှုခြင်းအားဖြင့် တယောက်နဲ့ တယောက် အမြင် မတူညီမှုတွေကို ဖလှယ်နိုင်မှာဖြစ်ပြီး အခက်အခဲတွေ ရှိလာတဲ့အခါမျိုးမှာလည်း တယောက်နဲ့ တယောက် ကူညီနိုင်မှာဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကတော့ ညီအစ်မတွေ ကြည့်ရှုရင်း တန်ဖိုးရှိတဲ့ အချိန်တွေကုန်ဆုံးဖို့အတွက် ရည်ရွယ်ပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) Frozen

Disney ရဲ့ Animation ရုပ်ရှင်တကားဖြစ်ပြီး ညီအစ်မတွေကြားထဲက ဆက်ဆံရေးကို အဓိကထားရိုက်ကူး ပုံဖော်ထားတဲ့ကား ဖြစ်ပါတယ်။ မင်းသမီးနှစ်ဦးဖြစ်ကြတဲ့ Anna နဲ့ Hanna တို့ဟာ ငယ်ရွယ်စဉ်ကလို မဟုတ်ဘဲ တယောက်နဲ့ တယောက်ကြား လျှို့ဝှက်ချက်တွေ များပြားလာတဲ့အခါ ကြုံတွေ့ရတဲ့ မပြေလည်တဲ့ ဆက်ဆံရေးကို တွေ့ရှိရမှာပါ။ Disney ရဲ့ ဖန်တီးနိုင်မှုနောက်ကွယ်ကနေ အလွန်လှပတဲ့ အထူးပြုလုပ်ချက်တွေနဲ့ မှော်ဆန်ဆန် ပုံဖော်ထားမှုတွေဟာလည်း အခြားသော Disney ရဲ့ Animation ရုပ်ရှင်တွေထဲကနေ ကွဲထွက်နေစေတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။

(၂) 10 Things I Hate About You

ကမ္ဘာကျော်စာရေးဆရာတဦးဖြစ်တဲ့ William Shakespeare ရဲ့ “Taming of the Shrew” ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိခေတ်ပုံစံနဲ့ ပြန်လည်ဆန်းသစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက်ရဲ့ဖခင်ဖြစ်သူဟာ အစ်မဖြစ်သူ ဒိတ် မလုပ်ရသေးဘဲနဲ့ ညီမဖြစ်သူကို ဒိတ်လုပ်ခွင့် ပိတ်ပင်ထားသူတဦး ဖြစ်ပါတယ်။ Heath Ledger ကတော့ ညီမဖြစ်သူ Larisa Oleynik နဲ့အတူ အပြင်အတူ ထွက်ခွင့် ရရှိချင်သူဖြစ်တဲ့အတွက် အစ်မဖြစ်သူ Julia Stiles ကို အရင်ဦးဆုံး ဒိတ်ဖို့ ကြိုးစားရပါတော့တယ်။ ဘာလို့ ဒီရုပ်ရှင်ကို “10 Things I Hate About You” အဖြစ် ခေါ်တွင်ခဲ့သလဲဆိုတာတော့ ကြည့်ရှုရင်း သိရှိလာကြမှာပါ။

(၃) Pride and Prejudice

ညီအစ်မ ၅ ယောက် ပါဝင်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသမီးချော Keira Knightly ကို အဓိကထား ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။ Jane Austen ရဲ့ လက်ရာမြောက် ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး အခု Pride Prejudice ဟာ ပထမဆုံးအကြိမ် ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးထားတာ မဟုတ်ပေမယ့် အကောင်းဆုံးတခု ဆိုတာကိုတော့ ရုပ်ရှင်ပရိသတ်နဲ့ ဝေဖန်ရေးဆရာ တော်တော်များများက လက်ခံထားတဲ့ ရုပ်ရှင်ကားကောင်းတကား ဖြစ်ပါတယ်။

Ref: www.rd.com

The post ညီအစ်မတွေ အတူတကွ ကြည့်ရှုသင့်တဲ့ ရုပ်ရှင် ၃ ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles