Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒေးဗစ်ဘက်ခမ်းတို့ နေအိမ် တလအတွင်း နှစ်ကြိမ် ဖောက်ထွင်း သူခိုးကပ်ခံရ

$
0
0

ဘောလုံး အကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ နေအိမ်ကို တလအတွင်း ဒုတိယအကြိမ်မြောက်အနေနဲ့ ဖောက်ထွင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အောက်စ်ဖို့ရှိုင်းယားအရပ် Great Tew မှာ ရှိတဲ့ ဒေးဗစ်ဘက်ခမ်းတို့ရဲ့ စတာလင်ပေါင် ၆ သန်းတန် အိမ်အပြင်ဘက်က လုံခြုံရေးကင်မရာမှာ မျက်နှာဖုံးစွပ် ဝတ်ထားတဲ့ လူ ၃ ဦးကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ကိုအကြောင်းကြား ခေါ်ဆိုခဲ့ရပါတယ်။

အခုတော့ ကနဦးဖောက်ဝင်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်အပြီး သီတင်းလေးပတ်အကြာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းက သူတို့ရဲ့အိမ်ကနေ အခြားဖောက်ဝင်မယ့် အဖွဲ့တခုကို လုံခြုံရေးအစောင့်တွေနဲ့ တိုက်ခိုက်ရေးခွေးတွေက မောင်းထုတ်ခဲ့ရသေးတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အဲဒီအချိန်မှာ ကလေး ၄ ဦးဖြစ်တဲ့ Brooklyn, Romeo, Cruz နဲ့ Harper တို့ အိမ်မှာ ရှိမနေခဲ့ပါဘူး။

ဒေသသတင်းအရင်းမြစ်ကတော့ “အိမ်မှာလူတွေ မရှိတဲ့ အချိန်ကိုရွေးပြီး ပစ်မှတ်ထား ဖောက်ဝင်ဖို့ကြိုးစားခဲ့တာဖြစ်တယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။ သူတို့မိသားစုဟာ လန်ဒန်မြို့လယ်မှာရှိတဲ့ အိမ်နဲ့ ကျေးလက်ဒေသမှာရှိတဲ့ အဲဒီအိမ်တို့မှာ သီးခြားစီနေထိုင်နေကြတာဖြစ်ပါတယ်။

ကံကောင်းချင်တော့ ဝန်ထမ်းတော်တော်များများနဲ့ ခွေးတွေအပါအဝင် နောက်ဆုံးဖြစ်ရပ်ပြီးတဲ့နောက် အပိုလုံခြုံရေးတွေ ချထားတဲ့အတွက် ဖောက်ထွင်းသူခိုးတွေ မဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူခိုးတွေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာနဲ့ ကြုံတွေ့ခဲ့ရပြီး အိမ်ထဲမှာချထားတဲ့ လုံခြုံရေးအရေအတွက်ကို လျော့တွက်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဖောက်ထွင်းရန် ကြိုးပမ်းခဲ့တဲ့ နှစ်ကြိမ်စလုံးကို အဖွဲ့တခုတည်းက လုပ်ဆောင်ခဲ့ပုံရကြောင်း၊ နောက်ဆုံးဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာမျိုး မရှိခဲ့ပေမယ့် အဲဒီအခြေအနေ အသေးစိတ်ကို ရဲက သိရှိထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့ဲတဲ့ အောက်တိုဘာလတုန်းက ပထမအကြိမ် ဖောက်ထွင်းဖို့ ကြိုးစားခဲ့ချိန်မှာ ပြစ်မှုကျူးလွန်သူတွေဟာ အိမ်ထဲမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို လှမ်းမြင်ရတဲ့ နံရံကိုကျော်တက်ဖို့ လှေကားထောင်ထားခဲ့တာကိုလည်း တွေ့ရှိခဲ့ပါတယ်။

အဲဒီအိမ်ဟာ အလုပ်အရမ်းများလွန်းတဲ့ ဒေးဗစ်ဘက်ခမ်းတို့ ဇနီးမောင်နှံအတွက် တခါတရံမှသာ လာလည်ပတ်လေ့ရှိတဲ့ အိမ်လည်းဖြစ်ပါတယ်။ ဘာပစ္စည်းမှ ခိုးယူခံခဲ့ရတာ မရှိခဲ့ပေမယ့် အခုလိုမျိုး သတင်းကြောင့် သူတို့စုံတွဲနှစ်ဦးဟာ စိတ်အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Ref : asiaone

The post ဒေးဗစ်ဘက်ခမ်းတို့ နေအိမ် တလအတွင်း နှစ်ကြိမ် ဖောက်ထွင်း သူခိုးကပ်ခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link