Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မုန်းစွဲဇာတ်ကားကို ပရိသတ်တွေ ချီးကျူးလို့ ဝမ်းသာနေတဲ့ မအေးသောင်း

$
0
0

ရုံတင်ပြသနေတဲ့ “မုန်းစွဲ” ဇာတ်ကားမှာ ကာရိုက်တာနှစ်မျိုးနဲ့ သရုပ်ဆောင်ထားတဲ့ မအေးသောင်း (ခ) အေးဝတ်ရည်သောင်းက မုန်းစွဲဇာတ်ကားကို ခဏခဏကြည့်နေဖြစ်ပြီး ကိုယ့်ပါတဲ့ အခန်းကိုတော့မကြည့်ရဲဘူးလို့ ဆိုပါတယ်။

“မုန်းစွဲကားကို ကြည့်တာ ခဏခဏရှိနေပြီ။ ကိုယ့်ကာရိုက်တာကို မကြည့်ရဲဘူး။ ပေါက်စီအခန်းလာရင် Screen ကို တည့်တည့်မကြည့်ရဲဘူး။ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့။ ပရိသတ်တွေက ချီးကျူးကျတော့အရမ်းလည်း ပျော်တယ်။ အရမ်းလည်း ပီတိဖြစ်တယ်။ ကာရိုက်တာ ၂ခုလုံးကတော့ ချစ်တဲ့မျက်လုံး တွေရှိရမယ်ဆိုတော့ ဒီကားရိုက်တုန်းကတော့ စိတ်ကိုပြင်ဆင်ခဲ့ရတာ များပါတယ်” လို့ မအေးသောင်းက ဆိုပါတယ်။

မုန်းစွဲဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း “ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးလည်းဖြစ်တယ်။ ပြီးတော့ ကိုယ့်ထက်တော်တဲ့ သူတွေနဲ့ သရုပ်ဆောင်ရတော့ ပေါက်စီကျန်ခဲ့မှာ ကြောက်ခဲ့တာ ပေါက်စီကို အသိအမှတ်ပြုပေးကြတော့ ဝမ်းသာတယ် ပျော်လည်းပျော်တယ်။ အပြင်မှာ ကိုယ်က အစွဲသိပ်မထားဘူး။ စိတ်ဆိုးရင် ခဏနေရင်ပြေတာ။ ချစ်ရင်လည်း သူမရှိမှ ဖြစ်ပါမယ်ဆိုပြီး စွဲစွဲလန်းလန်းမရှိဘူး”

“ ကိုယ့်ကို မချစ်တော့ဘူးဆိုရင် လက်ခံတယ်။ လူဆိုတာ ပြောင်းလဲတတ်တယ်လေ။ ကိုယ်လည်း ပြောင်းလဲချင်ပြောင်းလဲ မှာဆိုတော့ ခဏတော့ ချစ်လိုက် မုန်းလိုက်တာရှိရင်ရှိမယ် အကြာကြီးစွဲပြီးတော့ ချစ်တာမုန်းတာမရှိပါဘူး”လို့ ပြောပါတယ်။

မအေးသောင်းက မုန်းစွဲ ဇာတ်ကားမှာ ‘မကြေးဥ” ဆိုတဲ့ ချစ်စွဲ စွဲရတဲ့ အမျိုးသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိမှာတော့ မအေးသောင်းက လက်ရှိမှာ မုန်းစွဲဇာတ်ကားကို စင်ကာပူနိုင်ငံမှာပြသနေတဲ့အတွက် ပရိသတ်များနဲ့ တွေ့ဆုံပွဲအတွက် သွားရောက်နေတာ ဖြစ်ပါတယ်။

မုန်းစွဲဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မအေးသောင်းကိုလည်း အကယ်ဒမီရရှိနိုင်တယ်လို့ ပရိသတ်များရဲ့ ထင်ကြေးပေးခြင်းခံနေပါတယ်။

ဆက်စပ်ဖတ်ရှုရန် သတင်းလင့်ခ်“မုန်းစွဲ” ရုပ်ရှင်ကြည့်ပြီး မင်းသွေးကို သတိရနေတဲ့ မအေးသောင်း

The post မုန်းစွဲဇာတ်ကားကို ပရိသတ်တွေ ချီးကျူးလို့ ဝမ်းသာနေတဲ့ မအေးသောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ