Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Fantastic Beasts: The Crimes of Grindelwald”

$
0
0

“Fantastic Beasts and Where to Find Them” ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဟာ မြောက်အမေရိကပြည်တွင်းနဲ့ နိုင်ငံတကာ ရုံဝင်ငွေစာရင်း နှစ်ခုလုံးမှာ မျက်လှည့်ဆန်စွာ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

The Hollywood Reporter မီဒီယာရဲ့အဆိုအရ “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်ဟာ ပထမဆုံးရုံတင်ခဲ့တဲ့ သီတင်းပတ်မှာပဲ မြောက်အမေရိကဒေသမှာ ရုံဝင်ငွေဒေါ်လာ ၆၂ ဒဿမ ၂ သန်း ရရှိခဲ့ပြီး ကမ္ဘာတဝန်းမှာတော့ ဒေါ်လာ ၂၅၃ သန်း ရရှိခဲ့တာကို တွေ့ရပါတယ်။

မကြာမီကျရောက်တော့မယ့် ကျေးဇူးတော်နေ့ ပိတ်ရက် မတိုင်ခင် ရုံတင်ခွင့်ရခဲ့တာဟာ စစ်မှန်တဲ့ အခွင့်အလမ်းတခု ဖြစ်တယ်လို့ Warner Bros. ပြည်တွင်းဖြန့်ချိရေး ဥက္ကဋ္ဌ ဂျက်ဖ်ဂိုးလ်စတင်းက ပြောဆိုခဲ့ပါတယ်။ ကျေးဇူးတော်နေ့ကနေ ခရစ်စမတ်ပိတ်ရက်အထိ ကာလမှာ ရုံဝင်ငွေ ဆက်ကောင်းနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

အခုရုပ်ရှင်မှာတော့ မှော်ပညာမျိုးရိုး မဟုတ်တဲ့သူတွေကို အုပ်ချုပ်ဖို့ မျိုးရိုးသန့်စင်တဲ့ မှော်ဆရာတွေကို မွေးထုတ်ပေးဖို့ Grindelwald ရဲ့ အစီအစဉ်ကို ဖျက်ဆီးဖို့အတွက် Albus Dumbledore ဟာ ကျောင်းသားဟောင်း Newt Scamander နဲ့ပူးပေါင်းပြီး အန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးပမ်းကြတဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ဒုတိယနေရာမှာ ရှိနေတာက ဒုတိယသီတင်းပတ်အဖြစ် ရုံတင်တဲ့ “The Grinch” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၃၈ ဒဿမ ၂ သန်း ရရှိသွားပါတယ်။ ရုံတင်တာ ၁၀ ရက်မြောက်တဲ့နေ့မှာတော့ စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၁၂၆ ဒဿမ ၅ သန်း ရရှိထားပြီး ဖြစ်ပါတယ်။

Queen အဖွဲ့ရဲ့ အကြောင်းရိုက်ကူးထားတဲ့ “Bohemian Rhapsody” ရုပ်ရှင်ကတော့ ရုံတင်တာ တတိယမြောက် သီတင်းပတ်ရှိလာခဲ့တဲ့အချိန်မှာပဲ နံပါတ် ၃ နေရာမှာ ဒေါ်လာ ၁၅ ဒဿမ ၇ သန်းနဲ့ ရပ်တည်နေခဲ့တာကိုတွေ့ရပါတယ်။

နံပါတ် ၄ နေရာမှာရှိနေတာက မင်းသား Mark Wahlberg ဦးဆောင်ပါဝင်ထားတဲ့ “Instant Family” ရုပ်ရှင် ဖြစ်ပြီး ဒေါ်လာ ၁၄ ဒဿမ ၇ သန်း ဝင်ငွေရှိခဲ့တာ ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင် “Widows” ကတော့ ဝင်ငွေ ဒေါ်လာ ၁၂ ဒဿမ ၃ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

Ref etcanada

The post ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Fantastic Beasts: The Crimes of Grindelwald” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ