Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကြင်စဦး ဇနီးမောင်နှံနှစ်ဦး Ranveer နဲ့ Deepika တို့ အိန္ဒိယကို ပြန်ရောက်လာ

$
0
0

မကြာသေးခင်က အီတလီနိုင်ငံမှာ လက်ထပ်ပွဲကျင်းပခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ပြန်ရောက်လာခဲ့တဲ့ မင်းသား Ranveer Singh နဲ့ မင်းသမီး Deepika Padukone တို့ကို ပါပါရာဇီတွေနဲ့ ပရိသတ်တွေက လေဆိပ်မှာ စောင့်ဆိုင်းပြီး ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

သူတို့ မင်္ဂလာ ဇနီးမောင်နှံဟာ လူသွားလူလာ များလွန်းတဲ့ မွမ်ဘိုင်းဘေဆိပ်မှာ လက်ချင်းချိတ်ပြီး လမ်းလျှောက်ခဲ့ကြတဲ့အပြင် ကျယ်ကျယ်လောင်လောင် အားပေးနေတဲ့ ပရိသတ်တွေနဲ့ ကင်မရာသမားတွေကိုလည်း လက်ပြ နှုတ်ဆက်ခဲ့ကြပါတယ်။

သူတို့ နှစ်ယောက်လုံးဟာ လေဆိပ်မှာ ရိုးရာဝတ်စုံ ဝတ်ဆင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ Ranveer ရဲ့ အိမ်ကို ရောက်ရှိခဲ့ကြပြီး အဲ့ဒီအိမ်မှာလည်း မီးအလင်းတွေ၊ ပန်းတွေနဲ့ မင်္ဂလာဧည့်ခန်းအဖြစ် အလှဆင်ထားပါတယ်။ အိမ်ကိုရောက်ရှိပြီး မကြာမီမှာပဲ သူတို့နှစ်ဦးဟာ မီဒီယာတွေရဲ့ ဓာတ်ပုံရိုက်ကူးမှုကို ခံယူခဲ့ပါတယ်။

ကြင်စဦး ဇနီးမောင်နှံနှစ်ဦး Ranveer နဲ့ Deepika

ဂျာနယ်လစ်တွေနဲ့ ကင်မရာသမားတွေက ချီးမွန်းတဲ့စကား ပြောကြားပြီးတဲ့အခါ သူတို့နှစ်ဦးက ကျေးဇူးတင်တဲ့အကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

၆ နှစ်လောက် တွဲခဲ့ကြတဲ့ Ranveer နဲ့ Deepika တို့ဟာ အီတလီနိုင်ငံ Lake Como မှာ မင်္ဂလာပွဲနှစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းမှာ ပြုလုပ်ပြီး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ သူတို့စုံတွဲနှစ်ဦးဟာ တောင်ပိုင်း အိန္ဒိယစတိုင်လက်ထပ်ပွဲတခုမှာ ကတိသစ္စာပြုခဲ့ကြပြီး ဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ အိန္ဒိယမြောက်ပိုင်းစတိုင် မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၈ ရက်နေ့တို့ ရောက်တဲ့အခါ Bengaluru နဲ့ မွမ်ဘိုင်းမြို့တို့မှာ ဧည့်ခံပွဲတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

Ref : ptinews

The post ကြင်စဦး ဇနီးမောင်နှံနှစ်ဦး Ranveer နဲ့ Deepika တို့ အိန္ဒိယကို ပြန်ရောက်လာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ