Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Jack Reacher အဖြစ် သရုပ်ဆောင်ဖို့ အရပ်ပုလွန်းနေတဲ့ မင်းသား Tom Cruise

$
0
0

စာရေးဆရာ Lee Childs က သူရေးသားခဲ့တဲ့ Jack Reacher ဝတ္ထုတွေကို ပြန်လည်အခြေခံ ရိုက်ကူးမယ့် ရုပ်ရှင် ၂ ကားမှာ မင်းသား Tom Cruise နဲ့သာ လက်တွဲအလုပ်လုပ်မယ်လို့ ပြောထားခဲ့ပေမယ့် မင်းသားဟာ အဲဒီဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ အရပ်အရမ်းပုနေတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

စာရေးဆရာ Child က “သူ့ရဲ့မူရင်း ပင်ကိုယ်စွမ်းရည်တွေ အားလုံးထဲမှာ အဲဒီ ရုပ်ပိုင်းဆိုင်ရာအခြေအနေတော့ မရှိပါဘူး” လို့ ပြောကြားခဲ့ပြီး သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ထပ်ရိုက်တော့မှ ာမဟုတ်ဘဲ စစ်တပ် စုံစစ်ဆေးရေးမှူးဟောင်းအဖြစ် မင်းသားအသစ် တလက်နဲ့သာ ရုပ်သံစီးရီးရိုက်ဖို့ အာရုံစိုက်တော့မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ဝတ္ထုတွေထဲမှာ Reacher ကို အရပ် ၆ ပေ ၅ လက်မ ရှိပြီး လက်တွေဟာ ထမင်းစားပန်းကန်လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။ မင်းသား Crusie ကတော့ အရပ် ၅ ပ ၇ လက်မပဲ ရှိပါတယ်။

၂၀၁၁ ခုနှစ်မှာ ပထမဆုံးရုပ်ရှင် မတိုင်မီ သူပါဝင်တော့မယ်လို့ ကြေညာခဲ့ပြီးကတည်းက “Mission: Impossible” ရုပ်ရှင်စတား Cruise ဟာ ဇာတ်ရုပ်နဲ့ လိုက်ဖက်မှု မရှိဘူးလို့ ပရိသတ်တွေက စောဒက တက်ခဲ့ကြပြီး စာရေးဆရာ ကိုယ်တိုင်ကလည်း အဲဒါကို သဘောတူခဲ့ပါတယ်။

စာရေးဆရာ Child က “ကျနော် Cruise နဲ့ အလုပ်အတူတူ လုပ်ရတာ တော်တော်လေး ပျော်ပါတယ်။ သူဟာ တကယ့်တကယ်ကို ကောင်းတဲ့လူ ဖြစ်ပါတယ်။ ကျနော်တို့ တော်တော်လေး ပျော်ခဲ့ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေ တွေးတာမှန်ပါတယ်။ Reacher ရဲ့အရွယ်အစားဟာ တကယ့်ကိုပဲ အရေးကြီးပါတယ်။ ပြီးတော့ မင်းသားနဲ့ တော်တော်လေး ဆန့်ကျင်ဘက်ဖြစ်နေပါတယ်”

“Reacher က အခန်းတခုထဲကို လမ်းလျှောက် ဝင်လာတဲ့အချိန်မှာဆိုရင်တောင် ခင်ဗျားတို့က မိနစ်အနည်းငယ်လောက် ကြောက်လန့်သွားရလိမ့်မယ်။ ပင်ကိုယ်အရည်အချင်းတွေ အားလုံးရှိတဲ့ Cruise ကတော့ အဲဒီလိုမျိုး ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

စီးရီးရိုက်ကူးဖို့ အခုထိတော့ စီစဉ်ထားတာတွေ မရှိသေးပေမယ့် စာရေးဆရာကြီးက ဖြစ်နိုင်တာတွေကို လေ့လာနေပြီး အဓိက သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရမယ့်သူအပေါ် ပရိသတ်ရဲ့ တုံ့ပြန်ချက်ကိုလည်း စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ အဲဒီဇာတ်ရုပ်ကို ပြန်လည် ရိုက်ကူးဖြစ်မယ်ဆိုရင် မင်းသား Cruise ဟာ ရုပ်သံစီးရီးမှာ ပါဝင်နိုင်ပါဦးမလားဆိုတာ မသေမချာ ရှိနေဆဲ ဖြစ်ပါတယ်။

Ref: etcanada

The post Jack Reacher အဖြစ် သရုပ်ဆောင်ဖို့ အရပ်ပုလွန်းနေတဲ့ မင်းသား Tom Cruise appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ