Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဘဝကို လွတ်လပ်စွာ ကုန်ဆုံးလိုသူ (သို့မဟုတ်) အရှုံးမပေးတဲ့ “Papillon”

$
0
0

ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်က ဒါရိုက်တာ Michael Noer ရိုက်ကူးထားတဲ့ Crime, Drama, Mystery အမျိုးအစားရုပ်ရှင် ၂၀၁၈ ခုနှစ်ထွက် “Papillon” ရုပ်ရှင်ပါ။ သရုပ်ဆောင်တွေအနေနဲ့ “Bohemian Rhapsody” မင်းသား Rami Malek, “King Arthur” မင်းသား Charlie Hunnam တို့အပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ရုပ်ရှင်ရဲ့ အစမှာတော့ ပြင်သစ်နိုင်ငံသားတဦးဖြစ်တဲ့ Papillon ဟာ လူသတ်မှုနဲ့ အမှုဆင်အဖမ်းခံခဲ့ရတာဖြစ်ပြီး နိုင်ငံရဲ့ စွန့်ပစ်ခံရခြင်းနဲ့အတူ ချွေးတပ်စခန်းမှာ တသက်တကျွန်း လုပ်အားပေးဖို့ ပြစ်ဒဏ်ကျခံရပါတယ်။ လွတ်မြောက်သူ တယောက်မှ မရှိခဲ့ဖူးတဲ့ ကျွန်းတခုကို ပို့ဆောင်ခံရတာဖြစ်ပြီး သင်္ဘောတစီးလုံး အကျဉ်းသားတွေနဲ့ ပြည့်နှက်နေခဲ့တာဖြစ်တာကြောင့် ဘယ်လို အစောင့်အရှောက်မျိုးမှ မရှိတဲ့ လမ်းခရီးတခုလည်း ဖြစ်ပါတယ်။

သူနဲ့အတူ ပါဝင်လာခဲ့သူကတော့ Dega ဖြစ်ပြီး ငွေစက္ကူ အတုပြုလုပ်မှုနဲ့ အပြစ်ဒဏ်ကျခံရသူလည်းဖြစ်တဲ့အပြင် ဇနီးဖြစ်သူရဲ့အယူခံဝင်မယ့်ကိစ္စကိုလည်း အမျှော်လင့်ကြီး မျှော်လင့်နေသူ အထက်တန်းစား အမျိုးသားတဦးလည်း ဖြစ်ပါတယ်။ အကျဉ်းထောင်တွေထဲမှာ ငွေစက္ကူတွေဟာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပြီး Papillon အနေနဲ့ Dega ကို ခရီးတလျှောက်လုံး စောင့်ရှောက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် Dega က ငြင်းဆန်ခဲ့တာလည်း ဖြစ်ပါတယ်။

သင်္ဘောပေါ် အကုန်လုံး အိပ်မောကျနေတဲ့ ညအချိန်မှာပဲ Dega ရဲ့ ဘေးကထောင်သားဟာ သတ်ဖြတ်ခံလိုက်ရပြီး ဝှက်ယူလာခဲ့တဲ့ ငွေအတွက် အခုလို ကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရပါ တယ်။ နောက်တနေ့မှာတော့ Dega ဟာ Papillon ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး သူတို့နှစ်ယောက်လုံးဟာ တပူးပူး တတွဲတွဲနဲ့ သတ်မှတ်ထားတဲ့ ကျွန်းဆီကို ရောက်ရှိလာရပါတော့တယ်။

ထောင်ပိုင်ရဲ့ မိန့်ခွန်းအရ ထွက်ပြေးစရာ ကုန်းမြေ ရှိပေမယ့် ကြမ်းတမ်းတဲ့ မြေသားတွေ ဖြစ်တဲ့အတွက်ကြောင့် အသက်ရှင်လျက် မလွတ်မြောက်နိုင်ကြောင်း၊ ပင်လယ်ဘက်ကဆိုရင်လည်း ဆောလောင်နေတဲ့ ငါးမန်းတွေ ရှိကြောင်း၊ ဒါ့အပြင် သတ်မှတ်ထားတဲ့ ထောင်တွင်း အပြစ်ဒဏ်တွေဟာ လွတ်မြောက်ဖို့ထက် အသက်ရှင် ရပ်တည်ဖို့တောင် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတခုလည်း ဖြစ်နေပါတယ်။

လွတ်လွတ်လပ်လပ် သေဆုံးလိုသူ တဦးအနေနဲ့ Papillon ကတော့ သူ့ရဲ့ လွတ်မြောက်ရာလွတ်မြောက်ကြောင်းကိုသာ အချိန်ရှိသရွေ့ စဉ်းစားနေတတ်ပြီး သူ့အစီအစဉ်ကိုလည်း Dega နဲ့အတူ တိုင်ပင်နေလေ့ ရှိပါတယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက Papillon နဲ့ Dega တို့ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။

IMDb rating (7.1) ရရှိထားတဲ့အပြင် ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား တကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

The post ဘဝကို လွတ်လပ်စွာ ကုန်ဆုံးလိုသူ (သို့မဟုတ်) အရှုံးမပေးတဲ့ “Papillon” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ