Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အီတလီနိုင်ငံမှာ လက်ထပ်ပွဲ ကျင်းပခဲ့ကြတဲ့ Ranveer Singhနဲ့ Deepika Padukone

$
0
0

ဘောလိဝုဒ်စုံတွဲ နှစ်ဦးဖြစ်တဲ့ မင်းသား Ranveer Singhနဲ့ မင်းသမီး Deepika Padukone တို့ဟာ အီတလီနိုင်ငံမှာ လက်ထပ်ခဲ့ကြပြီးတဲ့နောက် ရင်သပ်ရှုမောဖွယ် လက်ထပ်ပွဲ ဓာတ်ပုံတွေကို ဝေမျှပေးခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် Singhနဲ့ အသက် ၃၂ နှစ်အရွယ် Padukone တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းက Villa del Balbianello မှာ လက်ထပ် ကတိပြုစကား ပြောဆိုခဲ့ပြီး အဲဒီ Konkani ရိုးရာ လက်ထပ်ပွဲကို နီးစပ်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကိုပဲ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက “Ram-Leela” ဆိုတဲ့ ရုပ်ရှင်ရိုက်ကွင်းကနေတဆင့် ချစ်သူတွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ဦး ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ Sindhi အခမ်းအနားကို ကျင်းပခဲ့ပြီး တနေ့တည်းမှာပဲ ဆစ်ဘာသာဝင်တို့ရဲ့ ထုံးစံ မင်္ဂလာပွဲ အခမ်းအနားကိုလည်း ကျင်းပခဲ့ကြပါတယ်။ အွန်လိုင်းပေါ်မှာ တရားဝင်ဓာတ်ပုံတွေကို ဝေမျှခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက်ကို ချီးမွမ်းတဲ့ သတင်းစကားတွေ ပလူပျံနေခဲ့ပါတယ်။

သူတို့အတွက် ဆုတောင်းပေးခဲ့ကြတဲ့ သူတွေထဲမှာ ဒါရိုက်တာ Karan Johar၊ မင်းသမီး Anushka Sharma နဲ့ မင်းသား Riteish Deshmukh တို့လည်း ပါဝင်ကြပါတယ်။ အခြားနာမည်ကျော် ပုဂ္ဂိုလ်တွေဖြစ်တဲ့ Hrithik Roshan, Alia Bhatt, Priyanka Chopra, KatrinaKaif, Abhishek Bachchan, Jacqueline Fernandez, Shilpa Shetty နဲ့ Farah Khan တို့ကလည်း ချီးကျူးထောမနာ ပြုခဲ့ကြပါတယ်။ သူတို့ မင်္ဂလာဇနီးမောင်နှံ နှစ်ဦးဟာ အီတလီနိုင်ငံမှာရှိတဲ့ Lake Como မှာပဲ စေ့စပ်လက်စွပ် လဲလှယ်ခဲ့ကြပြီး ဖြစ်ပါတယ်။

သူတို့ မင်္ဂလာစုံတွဲနှစ်ဦးဟာ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ Bengaluru မြို့မှာ မင်္ဂလာဧည့်ခံပွဲတခုနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရုပ်ရှင်လုပ်ငန်းက အသိမိတ်ဆွေတွေအတွက် ဧည့်ခဲပွဲတခုကို ပြုလုပ်ဖို့ စီစဉ်ထားပါသေးတယ်။

Ref: etcanada

The post အီတလီနိုင်ငံမှာ လက်ထပ်ပွဲ ကျင်းပခဲ့ကြတဲ့ Ranveer Singhနဲ့ Deepika Padukone appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ