Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Miss World သွားရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ်ဟန်တီ Voting ရရှိမှု နည်းပါးနေ

$
0
0

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တရုတ်နိုင်ငံမှာ နိုင်ငံပေါင်း ၁၂၀ က အလှမယ်များနဲ့အတူ ယှဉ်ပြိုင်နေရတဲ့ Miss World 2018 ပြိုင်ပွဲကြီးမှာတော့ အလှမယ် ဟန်တီက ပရိသတ်ရဲ့ Voting နည်းပါးနေပါတယ်လို့ ဟန်တီရဲ့ မိခင်ဖြစ်သူက ဒေါ်တင်တင်အောင်က ပြောပါတယ်။

ပြိုင်ပွဲရဲ့ Voting ကိုတော့ Mob Star Appalication ကနေတဆင့် ဝင်ရောက် Vote ပေးရတာဖြစ်ပြီး“Mob Star Voting မှာ ဆိုရင်လည်း နီပေါနိုင်ငံက တတိယနေရာကနေ ပထမဖြစ်သွားတယ်။ မက္ကဆီကိုက ဒုတိယပေါ့နော်။ သူများနိုင်ငံတွေက သောင်းနဲ့ချီပြီး အရမ်းကို အားပေးကြပါတယ်။ ဟန်တီမှာဆိုရင် အများဆုံး ၂ ထောင်ကျော်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံကသူတွေက Mob Star application နဲ့မရင်းနှီးသေးဘူး။ ဂဃဏန မသိသေးတာလည် းပါပါတယ်”လို့ ဟန်တီရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

အဆိုပါ Miss World 2018 ပြိုင်ပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရတာဖြစ်ပြီး ပြိုင်ပွဲစစချင်း Dance of the World မှာတော့ ဟန်တီက ကရင်ဒုံးအကနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ထိုင်းနိုင်ငံက အလှမယ်က လက်ဝှေ့အကနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ Head to Head Challenge မေးခွန်းတွေကို ပြန်လည်ဖြေကြားရတဲ့ အစီအစဉ်ကို ယှဉ်ပြိုင်နေရတာဖြစ်ပြီး ပရိသတ်အားပေးဖို့အတွက် အင်အားလိုအပ်နေတယ်လို့ သိရပါတယ်။ ဟန်တီ့ရဲ့ မိခင်ဖြစ်သူအနေနဲ့ သမီးဖြစ်သူအတွက် ဖုန်းဘေလ်များ ထည့်သွင်းပေးပြီး Voting လုပ်ဖို့အတွက် စည်းရုံးပြီး ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။

ဟန်တီကတော့ နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံမှထွက်ခွာပြီး တရုတ်နိုင်ငံ Sanya မြို့မှာနိုင်ငံပေါင်း ၁၂၀ မှ အလှမယ်များနဲ့အတူ သွားရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

Miss World ပြိုင်ပွဲကြီးကတော့ ကမ္ဘာ့အလှမယ်လောကမှာ ရှေးအကျဆုံး အမျိုးသမီးများကို တန်ဖိုးထားပြီး ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်စရာ မလိုဘဲ ပြင်ပအလှတခုတည်းတင်မ ကတဲ့ Beauty with a purpose ဆိုတဲ့ ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်နေသော သက်ရှိများအားလုံးကို ကူညီပေးချင်တဲ့ စိတ်ထားအလှကိုသာ အဓိကထားတဲ့ အလှမယ်ပြိုင်ပွဲကြီးဖြစ်ပါတယ်။

ဟန်တီကတော့ ၂၀၁၂ ခုနှစ်မှ စတင်ကာ Miss လောကထဲကို ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းပြည်ပပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ကာ ဆုများစွာ ရရှိခဲ့ပါတယ်။ အဆိုပါ ဆုများစွာထဲမှ အကြီးမားဆုံးအနေနဲ့ ၂၀၁၄ ခုနှစ်က ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Supernation Internet နဲ့ Miss Supranational Asia and Oceania crown ဆုကို ရရှိခဲ့ပါတယ်။

The post Miss World သွားရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ်ဟန်တီ Voting ရရှိမှု နည်းပါးနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ