Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကိုယ့်ဘက်က ဖန်တီးမှုအသစ်တွေ ချပြမှ ပရိသတ်နဲ့ အဆက်မပြတ်မှာပါ”

$
0
0

အလှမယ်တယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ အလှမယ် စဝ်ယွန်းဝတီကတော့ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုများနဲ့ အတူ တေးသီချင်းသီဆိုမှုများပြုလုပ်လာတာကို တွေ့လာရပြီး ဖန်တီးမှုအသစ်တွေကို ချပြမှပရိသတ်နဲ့ အဆက်မပြတ်မှာလို့ အလှမယ် စဝ်ယွန်းဝတီဦးက ပြောပါတယ်။

“ကိုယ့်ဘက်က ဖန်တီးမှုအသစ်တွေ ချပြရမှာပေါ့။ ပရိသတ်နဲ့ အဆက်မပြတ်ချင်ဘူးဆိုရင် သီချင်းလေးတွေ လုပ်တာပဲဖြစ်ဖြစ် ပရိသတ်အတွက် ဗဟုသုတရမယ့်ဟာမျိုးလေးတွေကို ကိုယ့်ဘာသာ ဗီဒီယိုလေးတွေရိုက်ပြီး တင်တာပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုမျိုးလေးတွေတော့ လုပ်သွားဖို့ရှိပါတယ်။ V Log လေးတွေပေါ့။ ဖက်ရှင်ပိုင်းနဲ့ပဲဖြစ်ဖြစ် မိတ်ကပ် Skincare ပိုင်းနဲ့ပဲဖြစ်ဖြစ် အဲဒါလေးတွေ လုပ်သွားဖို့အတွက် ပြင်ဆင်နေပါတယ်” လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

သီချင်းဆိုတာနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေရှိသေးတာကြောင့်လည်း အသံအားကောင်းအောင်ပြန်လည် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

“သီချင်းလည်း ဆိုတာ။ သီချင်းဆိုတာကို သေချာပြန်လေ့ကျင့်နေရတယ်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံတယ်လို့ မခံစားရသေးလို့ အသံအားကောင်းအောင် ပြန်ပြီးတော့ ကြိုးစားနေတာ”လို့ စဝ်ယွန်းဝတီဦးက ပြောပါတယ်။

အနုပညာအလုပ်များ လုပ်ကိုင်ဖို့အတွက် ၃ နှစ်ခန့် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားပြီး အဆိုပါအချိန်အတွင်းမှာ အနုပညာအလုပ်များကို စွမ်းသလောက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ်တော့ ၃ နှစ်ပေါ့။ ကုမ္ပဏီနဲ့လည်း စာချုပ်ချုပ်ထားတယ်။ ဒီအတောအတွင်းမှာအနုပညာအလုပ်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အများကြီးကြိုးစားပြီးတော့ လုပ်သွားမယ်။ အဲဒီနောက်ပိုင်းမှာတော့ ပရိသတ် ချစ်ခင်အားပေးမှုပေါ် မူတည်ပြီးတော့ ဆက်လုပ်ဖို့ မလုပ်ဖို့က ဆုံးဖြတ်ရမှာပေါ့”လို့ စဝ်ယွန်းဝတီဦးကပြောပါတယ်။

အနုပညာလောကထဲကို ရောက်ရှိလာတာ အချိန်ကာလ သိပ်မကြာသေးပေမယ့် အခက်အခဲ ဆိုးဆိုးရွားရွား မကြုံရသေးဘဲ လက်တွဲခေါ်တဲ့သူတွေများတယ်လို့ ပြောပါတယ်။

“ဒီလောကထဲမှာ အရမ်းကြီ းဆိုးဆိုးရွားရွားတော့ မကြုံရသေးဘူး။ ကိုယ်ကလည်းဖြည်းဖြည်းချင်း တက်နေတဲ့သူ ဖြစ်လို့လားတော့ မသိဘူး။ လက်တွဲခေါ်တဲ့သူတွေ များတယ်။ ဝါရင့်တွေနဲ့ သရုပ်ဆောင်ရတဲ့ အခါမှာဆိုရင် သင်ပေးတယ်။ ပြီးတော့ တကယ့်ဆရာကောင်းသမားကောင်းတွေနဲ့လည်း တွေ့တယ်။ ကူညီတဲ့သူတွေနဲ့ပဲ တွေ့တယ်။ ဆိုးဆိုးရွားရွားကြီးတော့ မတွေ့သေးဘူးပေါ့နော်”လို့ စဝ်ယွန်းဝတီဦးကပြောပါတယ်။

အလှမယ် စဝ်ယွန်းဝတီဦးကတော့ Miss Myanmar International 2017 သရဖူကို ပိုင်ဆိုင်ထားတဲ့ အလှမယ်တယောက် ဖြစ်ပါတယ်။

The post “ကိုယ့်ဘက်က ဖန်တီးမှုအသစ်တွေ ချပြမှ ပရိသတ်နဲ့ အဆက်မပြတ်မှာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ