Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပါပါရာဇီတွေကိုရှောင်ဖို့ လက်ဆွဲသေတ္တာထဲကနေလိုက်ပြီး ခရီးသွားခဲ့ရတဲ့ Taylor Swift

$
0
0

အဆိုတော် Taylor Swift ဟာ သူ့ရဲ့ တိုက်ခန်းကနေ လက်ဆွဲသေတ္တာထဲကိုဝင်ပြီး ခိုးကြောင်ခိုးဝှက် ထွက်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ အဲဒီသတင်းတွေ အမှန်ဖြစ်လာမယ့် ပုံပါပဲ။

Vogue U.K နဲ့အင်တာဗျူးတခုမှာ အဆိုတော် Zayn Malik က အဲဒီ လက်ဆွဲသေတ္တာ ဇာတ်လမ်းအကြောင်းကို အတည်ပြုခဲ့ပါတယ်။ “I Don’t Wanna Live Forever” ဆိုတဲ့ သီချင်းမှာ Swift နဲ့ အတူ သီချင်းတွဲဆိုခဲ့ဖူးတဲ့ အဆိုတော် Zaynက အယ်လ်ဘမ် မထွက်ခင် လူမြင်ကွင်းကနေ ပျောက်နေပြီး ပါပါရာဇီတွေကို ရှောင်နေခဲ့ရတဲ့ သူငယ်ချင်းရဲ့အကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

One Direction အဖွဲ့ဝင်ဟောင်း Zayn က “လက်ဆွဲသေတ္တာနဲ့ သူခရီးသွားနေခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ပါပါရာဇီတွေဟာ Swift ရဲ့ နယူးယောက်က တိုက်ခန်းကနေ သူ့ရဲ့ ထရပ်ကားထဲကို အလွန်ကြီးမားတဲ့ လက်ဆွဲသေတ္တာတခု သယ်ဆောင်နေတဲ့ လုံခြုံရေး အစောင့်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို ရယူနိုင်ခဲ့ပါတယ်။

အဲဒီ့လက်ဆွဲသေတ္တာဟာ အရမ်းလေးပုံရပြီး လုံခြုံရေးအစောင့်တွေက ဂရုတစိုက်နဲ့ သယ်ဆောင်ခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အတွက် အဆိုတော် Swift ကို အဲဒီသေတ္တာနဲ့ သယ်ဆောင်ခဲ့တာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။

အဲဒီအကြောင်း ဓာတ်ပုံနဲ့အတူ တင်ခဲ့တဲ့ Splash News ကတော့ အဲဒီသတင်းလူပြောများလာတဲ့အခါ အစီရင်ခံစာ တခုထုတ်ပြန်ပြီးပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အခုလိုမျိုး ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ သွားလာနေတယ် ဆိုတဲ့ ကာလာဟလအကြောင်းကိုတော့ ဘယ်တုန်းကမှ Swift ဘက်ကနေ အတည်ပြုခဲ့တာမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့် သူ့ရဲ့ Priavcyကို ကာကွယ်ဖို့ ထီးသုံးချောင်းအနောက်မှ ပုန်းနေရတာ၊ အနောက်ပြန် လမ်းလျှောက်ရတာနဲ့ စားသောက်ဆိုင်တွေနောက်ကနေ လမ်းလျှောက်တာတွေ အပါအဝင် ရှည်ရှည်ဝေးဝေး လုပ်ခဲ့ရတာမျိုးရှိခဲ့တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားခဲ့ဖူးပါတယ်။

Ref: aceshowbiz

The post ပါပါရာဇီတွေကိုရှောင်ဖို့ လက်ဆွဲသေတ္တာထဲကနေလိုက်ပြီး ခရီးသွားခဲ့ရတဲ့ Taylor Swift appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ