Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အင်္ဂလိပ်ကျောင်း တက်ခဲ့တော့ မြန်မာစာ မရေးတတ်တာ အားနည်းချက် ဖြစ်သွားတယ်

$
0
0

ဂီတကို ငယ်ရွယ်စဉ်ကတည်းက ဝါသနာပါလာခဲ့ပြီး လက်ရှိမှာ အသက် ၁၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော် ငဲငယ်လေးဟာ ငယ်စဉ်ကတည်းက အင်္ဂလိပ်ကျောင်း တက်ခဲ့တဲ့အတွက် အားနည်းချက်အနေနဲ့ မြန်မာစာမရေးတတ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အင်္ဂလိပ်ကျောင်းတက်ခဲ့တော့ အားနည်းချက်တခု ဖြစ်သွားတာ။ ငယ်လေးက မြန်မာစာမရေးတတ်ဘူး ဖြစ်သွားတာ။ စကားကတော့ အရမ်းပြောတတ်တယ်။ အခုတော့ တော်တော်လေးကို ရေးတတ်လာပြီပေါ့နော်။ အရင်တုန်းက သီချင်းတွေ ဘာတွေဆိုမယ်၊ အသံသွင်းမယ်ဆိုရင် myan – glish လိုပဲ ရေးရတယ်။ အဲဒီ အခက်အခဲတော့ ရှိတယ်”

“နောက်ပိုင်းကျတော့ ငယ်လေး ရှက်လာတယ်။ တချို့ စာချုပ်တွေလာရင် မြန်မာစာနဲ့ လာတာလေ။ မဖတ်တတ်ဘူး။ ဘာတွေလဲပေါ့။ အခု သင်နေတာဆိုရင် ကောင်းကောင်းကြီး မြန်မာစာရနေပြီ” လို့ ငဲငယ်လေးက ပြောပါတယ်။

မြန်မာစကားကိုတော့ ကောင်းမွန်ကျွမ်းကျင်စွာ ပြောတတ်ပြီး စာဖတ်တာနဲ့ စာရေးတဲ့အပိုင်းမှာ အခက်အခဲ ရှိခဲ့ပေမယ့် အခုအခါမှာ သင်ကြားထားတာတွေလည်း ရှိတာကြောင့် ရေးတတ် ဖတ်နေပါပြီလို့ ဆိုပါတယ်။

“အဲဒါကတော့ ဘယ်လိုသင်လဲဆိုရင် ရည်းစားစာ ရေးရင်းနဲ့ သင်တာ။ အဲဒါက တော်တော်ထိရောက်တယ်။ စာပြန်တာ အမှားအမှန် ပြင်ရင်းနဲ့ ရသွားတာ။ ငယ်လေးက ရုပ်ရှင်အရမ်းကြည့်တယ်။ မြန်မာကား အရမ်းကြိုက်တယ်။ ပေါကားလို့ပြောရင် အရမ်းစိတ်ဆိုးတယ်။ အခုနောက်ပိုင်းက မအားလို့ မကြည့်ဖြစ်တော့တာ။ ခါတိုင်းဆိုရင် တင်သမျှကား အကုန်ကြည့်တယ်။ မြန်မာသီချင်းတွေအားလုံး နားထောင်တယ်။ ကိုယ်က မဖတ်တော့တော့ ရသလောက် လေ့လာတယ်။ အခုနောက်ပိုင်းတော့ စာတွေ ဖတ်နေပါပြီ” လို့ ငဲငယ်လေးက ပြောပါတယ်။

အဆိုတော် ငဲငယ်လေး (ဓာတ်ပုံ – Nge Nge Lay’s Facebook)

ပညာရေးအနေနဲ့ နိုင်ငံခြားမှာ ကျောင်းပြန်သွားတက်ဖို့အတွက် သီချင်းဆိုတဲ့အပိုင်းမှာ သီချင်းများကို ၂ နှစ်စာလောက် ကြိုတင်လုပ်ထားခဲ့ပြီး ကျောင်းသွားတက်မှာပါလို့ ငဲငယ်လေးကပြောပါတယ်။

“ပညာရေးဘက်ကို ငယ်လေး ပြန်သွားချင်တယ်။ အခုဆိုရင် တတိယအခွေအတွက်ပါ သီချင်းတွေ စုနေတာ ၇ ပုဒ်လောက် ရှိနေပြီ။ သာသနာပိုင်းမှာလည်း ဘုရားခွေထွက်ဦးမှာဆိုတော့ အဲဒီအခွေကို အားလုံးကို ငယ်လေးဘက်က Recording အားလုံးဝင်ထားလိုက်မယ်။ တနှစ်တခွေ ထွက်မယ်ဆိုတော့၂ နှစ်စာလောက်ရမယ်ဆိုတော့ ငယ်လေးကျောင်းသွားတက်မှာပါ” လို့ ငဲငယ်လေးက ပြောပါတယ်။

Iron Cross ရဲ့ ဂီတမျိုးဆက် အဆိုတော် အငဲရဲ့သမီးဖြစ်သူ လမင်းခနဲ့လည်း Musical Journey ဆိုတဲ့ခရီးသွားရင်း ဂီတဖန်တီးကြတဲ့ ပရိုဂရမ်တခုကို ရိုက်ကူးလျက်ရှိပြီး ဘားအံ ၊ကလော၊ မန္တလေး၊ ပြင်ဦးလွင်ကို သွားခဲ့ပြီးပြီလို့ သိရပါတယ်။

“ငယ်လေးက အစကတည်းက ခရီးသွားရတာကို အရမ်းကြိုက်တယ်။ ကိုယ့်ဘာသာလည်း ဆုံးဖြတ်ထားတယ်။ ၂၃ နှစ်မပြည့်ခင် မြန်မာတနိုင်ငံလုံးကို ကားနဲ့ တယောက်တည်း သွားမယ်။ အိမ်ကစိတ်မချတော့ တမိသားစုလုံး လိုက်မယ်တဲ့ အဲဒီတော့လည်း ပိုက်ဆံကုန်သက်သာတာပေါ့။ ခရီးသွားရတယ် ကြိုက်ပေမယ့် အကြာကြီး မနေဘူး။ ငယ်လေးက ရန်ကုန်ကို အကြိုက်ဆုံးပဲ” လို့ ငဲငယ်လေးက ပြောပါတယ်။

Iron Cross Band ရဲ့ပင်တိုင်ဂစ်တာသမားဖြစ်တဲ့ ချစ်စမ်းမောင်ရဲ့ သမီးဖြစ်သူ ငဲငယ်လေးကတော့ အသက် ၄ နှစ်အရွယ်ကတည်းက စောဘွဲ့မှူးရဲ့ အမှတ်တရပွဲမှာ သီချင်းသီဆိုခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံခဲ့ပြီး ယခုအချိန်မှာတော့ ဂစ်တာတီးခတ်၍ ကိုယ်ပိုင်တေးသီချင်းများကို ရေးသား သီဆိုလျက် ရှိပါတယ်။

The post အင်္ဂလိပ်ကျောင်း တက်ခဲ့တော့ မြန်မာစာ မရေးတတ်တာ အားနည်းချက် ဖြစ်သွားတယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ