Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကံ ကံ၏အကျိုးကို ယုံကြည်တယ်”ဆိုတဲ့ သရုပ်ဆောင် ဝါဝါအောင်

$
0
0

ဝါရင့်ဇာတ်ပို့သရုပ်ဆောင်တဦးဖြစ်တဲ့ အန်တီဝါ လို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီဝါဝါအောင်ကတော့ မြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ကံကံ၏ အကျိုးကို ယုံကြည်တယ်လို့ ပြောပါတယ်။

“အန်တီဝါက မြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ဒီကံ ကံ၏အကျိုးကို ယုံကြည်ပါတယ်။ ဟိုတုန်းကသာ နောင်ဘဝကျရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့။ မဟုတ်ဘူး။ အခုက သိကြားသာသနာခေတ်ဆိုတော့လေ ဝဋ်လည်တယ်ဆိုတာ နောင်ဘဝမရှိတော့ဘူး။ အခုဘဝမှာကို ဝဋ်လည်တတ်တာလေ။ အဲဒါကို တရားသဘောနဲ့ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာကို ပေးထားတဲ့ Message ပါ” လို့ ဝါဝါအောင်ကပြောပါတယ်။

အကယ်ဒမီဝါဝါအောင်ကတော့ မကြာခင်ရုံတင်ပြသတော့မယ့် ကြတ်ဂူရုပ်ရှင်ကားကြီးမှာ အိန္ဒြာကျော်ဇင်ရဲ့ အမေနေရာက သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကတော့ အခြားသော ဇာတ်လမ်းများနဲ့ မတူဘဲ ထူးထူးခြားခြားရှိတယ်လို့ ဆိုပါတယ်။

“ဒီကားကတော့ ခါတိုင်းကြည့်နေကျကားတွေနဲ့ တူမှာမဟုတ်ပါဘူး။ Location ရောဇာတ်လမ်းရော ရိုက်ကူးထား တဲ့ပုံစံတွေရော ပေးချင်တဲ့ Message တွေကလည်း ထူးထူးခြားခြားပါပဲ။အန်တီဝါက ဒီကားထဲမှာတော့ သိပ်အထူး အဆန်းကြီးမဟုတ်ပါဘူး။ အူဝဲရဲ့အမေနေရာက သရုပ်ဆောင်ထားတာပါ” လို့ ဝါဝါအောင်က ပြောပါတယ်။

ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့စဉ်က ဆန်းကြယ်တဲ့ အဖြစ်အပျက်များစွာကြုံတွေ့ခဲ့ရပြီး ခက်ခက်ခဲခဲ လည်း ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

သရဲ ၊ တစ္ဆေ နဲ့တခြားမမြင်ရတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တစုံတရာရှိလားဆိုတာကို တော့ ဝါဝါအောင်က အခုလိုပြောပြခဲ့ပါတယ်။

“ကချင်ပြည်နယ်ဘက်မှာပေါ့။ ရထားလမ်းနဲ့ အန်တီဝါတို့တည်းမယ့် အိမ်ကို လမ်းလျှောက်သွားရတယ်။ ဘူတာ အကြီးမဟုတ်ဘူး။ ဖြတ်လမ်းထဲမှာရှိတဲ့ ဘူတာဆိုတော့။ အိမ်အထက်မှာ ဘာမှအဝတ်အစားမဝတ်ထားတဲ့ ကျောပေးနေတဲ့ တခုကိုမြင်လိုက်ရတာ။ အဲဒါကို အန်တီဝါပဲမဟုတ်ဘူး။ တီးဝိုင်းတီးတဲ့သူတွေပါ မြင်လိုက်ရတယ်။ အဲဒီအိမ်မှာက ဆွဲကြိုးချပြီးသွားတဲ့သူတယောက်ရှိတယ်ဆိုပြီး ပြောတယ်။ ၇ရက်လောက်တည်းခဲ့တယ်။ လုံးဝမသိဘူး”

“ပြန်ခါနီးမှာ နှုတ်ဆက်တယ်ဆိုတဲ့သဘောပေါ့နော်။ ဒါတွေက ကံအရမ်းနိမ့်တဲ့အချိန်မှာ ဖြစ်တဲ့သဘောပေါ့လေ။ နောက်ပိုင်းတော့ အဲဒီလိုအဖြစ်အပျက်တွေ မဖြစ်တော့ပါဘူး” လို့ ဝါဝါအောင်ကပြောပါတယ်။

ဒီအဖြစ်အပျက်ကတော့ သရုပ်ဆောင်တယောက်အနေနဲ့ ကားရိုက်တွေ မများခင်အချိန်က ဇာတ်အဖွဲ့များနဲ့အတူ သီချင်းဆိုရင်းနဲ့ ဖြစ်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

The post “ကံ ကံ၏အကျိုးကို ယုံကြည်တယ်”ဆိုတဲ့ သရုပ်ဆောင် ဝါဝါအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ