Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဆေးပေါင်းခတဲ့ ရန်ကုန်ည”မှာဖျော်ဖြေမယ့် အဆိုရှင်များရဲ့ စကားသံများ

$
0
0

အဆိုတော်ဇော်ဝင်းထွဋ်က နှစ်စဉ်ကျင်းပနေကျ တန်ဆောင်မုန်းလပြည့်နေ့တိုင်းမှာပြုလုပ်နေတဲ့ ဆေးပေါင်းခတဲ့ ည ဂီတဖျော်ဖြေပွဲကို ဒီနှစ်မှာလည်းပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ဆေးပေါင်းခဲ့ ရန်ကုန်ည ဆိုတဲ့ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဒါနဲ့ ပတ်သက်ပြီး ဒီပွဲမှာဖျော်ဖြေသီဆိုကြမယ့် အဆိုတော်များရဲ့ စကားသံများကို ဧရာဝတီက စုစည်းဖော်ပြလိုက်ပါတယ်။

ဇော်ဝင်းထွဋ်

ဒီနှစ်က ရင်ခုန်တယ်ဆိုတာထက် ပိုပြီးစိတ်ချလက်ချလည်း ရှိတယ်။ သက်သောင့်သက်သာလည်း ရှိတယ်။ စင်ပေါ်မှာ ကိုယ့်ဆွေမျိုးတွေနဲ့ ကိုယ့်သားသမီးတွေနဲ့ ဆိုရမယ့်ပွဲဆိုတော့ စိတ်ချလက်ချ ပိုရှိတယ် ပိုပြီးလည်း ပျော်စရာကောင်းမယ် ထင်တယ်။

ထူးခြားတာကတော့ ကျနော်တို့ ကိုယ်တိုင်လည်း အဲ့နေ့ကျမှကြုံချင်တာလေ။ ဆေးပေါင်းခဆိုပြီး ပွဲတွေလုပ်ခဲ့တာ ၁၉၉၆ခုနှစ် နောက်ပိုင်းကစခဲ့တာ မဆိုတဲ့နှစ်တော့ မရှိသလောက်ပဲ အလွန်ဆုံးနား ၁နှစ်၂နှစ်ပဲ။ ဆေးပေါင်းခတဲ့ည ပွဲတိုင်းက မိုးရွာနဲ့ ညတွေ မှတ်မှတ်ရရပဲ။ ဒီနှစ်တော့ မပြောတတ်ဘူး။ ဒီသီချင်းလေးကြောင့် ပွဲဆိုဖြစ်တာ ပါတယ်။ နှစ်တိုင်းကျနော်တို့ဆိုဖို့ ဆေးပေါင်းခတဲ့ည ဆိုတဲ့ သီချင်းလေးက အကြောင်းအရာတခုဖြစ်နေတာပေါ့။

ရင်ဂို

ဒီပွဲမှာ အစဉ်အဆက် ကျနော်ဆိုခဲ့တယ်။ ဒီနှစိတော့ ထူးထူးခြားခြားမိသားစုပွဲလို့ ပြောလို့ရတယ်။ ကလေးတွေလည်း ပါတယ်။ ကျနော်ကံကောင်းခြင်းလက်ဆောင်ထဲက သီချင်းတွေရော စနေ့စနေညက သီချင်းတွေရော ၂၅ခွေထဲက သီချင်းတွေရော ဆိုမယ်။ ဒီပွဲမှာကလေးတွေ စပြီး ဆိုကတည်းကကြည့်မယ်။ ပျော်မယ် ခုန်ပေါက်မယ်။ ကျနော်တို့လည်း တက်ကြွစွာနဲ့ဆိုမယ်။ စင်ပေါ်မှာဆိုရမယ်လို့တောင် မထင်ဘူး။ အိမ်မှာ ခုန်ပေါက်ပြီးဆိုနေတယ်ဆိုတဲ့ စိတ်နဲ့ ဆိုမယ်။

ကျားပေါက်

ကျနော်ဒီပွဲမှာတော့ ကိုယ်ပွဲတခုလိုတော့ ပြင်ဆင်ထားတယ်။ နည်းနည်းလေး စိတ်လွတ်လပ်လွတ်တော့ ရှိတယ်။ အရင်ဆိုရင်တော့ ကိုယ်ဆိုပြီးတာနဲ့ ပြန်တယ်။ ဒီပွဲမှာတော့ အစောကြီးလည်းသွားမယ်။ သူများဆိုတာတွေလည်း ကြည့်ချင်တယ်။ ဒီပွဲလေးကစိတ်လှုပ်ရှားပါတယ်။ သီချင်းသစ်လေးတွေတော့ ဆိုဖို့များတယ်။

အီတိုး

အဖေတို့ ဦးရင်ဂိုတို့၊ သူငယ်ချင်းကျားပေါက်တို့နဲ့ တူတူ ပြန်ဆိုရမယ်ဆိုတော့ ငယ်ငယ်တုန်းကလိုပဲ ကလေးတယောက်လို ပြန်ဖြစ်သွားပါတယ်။

ရဲငွေစိုး

ဦးညီထွဋ်နဲ့တွေ့တော့ ဒီပွဲလေးရှိတယ် ဆိုမလားဆိုတာနဲ့ ဆိုမယ်ပေါ့။ နောက်အီတိုးက ဖုန်းဆက်မေးတာနဲ့ ဆိုမလားဆို တော့ ဆိုမယ်ဆိုပြီ းပြောလိုက်တာ။ ဒီပွဲမှာတော့ ကျနော်ပုံစံအတိုင်းပဲ တွေ့ရမှာပါ။ ဒီပွဲလေးကိုလည်း လာကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆေးပေါင်းခတဲ့ ရန်ကုန်ညကို လာမယ့် နိုဝင်ဘာ၂၂ရက်နေ့မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ event park မှာ ကျင်းပပြုလုပ် မှာဖြစ်ပြီး ဇော်ဝင်းထွဋ်၊ ရင်ဂို၊ စည်သူလွင်၊ big bag၊ အီတိုး တို့က သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး လက်မှတ်ဈေး တွေကတော့ ၇သောင်း ၊ ၅သောင်း ၊ ၃ သောင်း နဲ့ ၁သောင်း သတ်မှတ်ထားပါတယ်။

The post “ဆေးပေါင်းခတဲ့ ရန်ကုန်ည” မှာဖျော်ဖြေမယ့် အဆိုရှင်များရဲ့ စကားသံများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ