Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဏုမြူဗုံးပုံပါဝင်သော တီရှပ်ဝတ်ဆင်ခဲ့သည့် BTS အဖွဲ့ကိုယ်စား ကုမ္ပဏီတောင်းပန်

$
0
0

တောင်ကိုရီးယားမှ ထိပ်တန်း Kpop အဖွဲ့တခုဖြစ်တဲ့ BTS ရဲ့ကုမ္ပဏီက ဂျပန်မှာပေါက်ကွဲခဲ့တဲ့ အဏုမြူဗုံး ပေါက်ကွဲမှု ဓာတ်ပုံပါဝင်တဲ့ တီရှပ်ကို အဖွဲ့ဝင်တဦးဝတ်ဆင်ခဲ့ရကနေ စခဲ့တဲ့ အငြင်းပွားမှုတွေကို နိုဝင်ဘာလ ၁၃ ရက်နေ့က တောင်းပန်လိုက်ပါတယ်။

ကိုရီးယားဘာသာစကားနဲ့ ရေးသားထားတဲ့ တောင်းပန်စာကို Twitter နဲ့ Facebook စာမျက်နှာတို့မှာ တင်ခဲ့ပြီး အဖွဲ့ရဲ့ကုမ္ပဏီ Big Hit အင်တာတိန်းမန့်ကလည်း အဲဒီတီရှပ်အကျီမှာ ပါဝင်ခဲ့တဲ့ ဓာတ်ပုံကြောင့် ထိခိုက်ခဲ့ရသူတွေကို စိတ်ရင်းနဲ့ တောင်းပန်တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ BTS အဖွဲ့ဟာ Love Yourself ကမ္ဘာလှည့်ဖျော်ဖြေပွဲကို တိုကျိုမြို့မှာ စတင် ကျင်းပခဲ့ပြီးလည်း ဖြစ်ပါတယ်။ BTS အဖွဲ့ကို ၂၀၁၃ ခုနှစ်မှာ Big Hit အင်တာတိန်းမန့်ကနေ ပွဲထုတ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ အကြီးမားဆုံး အမျိုးသားအဆိုတော်အဖွဲ့တခု ဖြစ်လာခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာလည်း သူတို့အဖွဲ့ရဲ့ ပထမဆုံးဈေးကွက်ထိုးဖောက်ခဲ့တဲ့နေရာတခုဖြစ်ပြီး အဲဒီမှာ သူတို့ရဲ့ ပရိသတ် ခိုင်ခိုင်မာမာ ရှိပါတယ်။

BTS အဖွဲ့ဝင်များ

တောင်းပန်စာထဲမှာ Big Hit က စစ်ပွဲနဲ့အဏုမြူဗုံးတွေကို အသေးအဖွဲလို့ မမြင်ဘဲ အဏုမြူဗုံးဒဏ် ခံခဲ့ရတဲ့သူတွေကို ရည်ရွယ်ပြီး ထိခိုက်စေလိုခြင်းမရှိခဲ့တဲ့အကြောင်း ပြောဆိုထားပါတယ်။

အဖွဲ့ဝင် Jimin ဟာ အဏုမြူကြံချခံရတဲ့အထိ ထွက်ပေါ်လာတဲ့ မှိုပွင့်တိမ်တိုက်နှင့်အတူ ကိုရီးယားလွတ်မြောက်ရေး ကြွေးကြော်သံ တွေ ပါရှိတဲ့ တီရှပ်အကျီကို ဝတ်ဆင်ခဲ့ပြီးတဲ့နောက် ဂျပန်ရုပ်သံလိုင်းကနေ ပြုလုပ်တဲ့ ဂီတ အစီအစဉ်တခု ကနေလည်း ဖယ်ရှားခံခဲ့ရပါတယ်။

အခုရေးသားဖော်ပြခဲ့တဲ့ တောင်းပန်စာဟာ အဲဒီအငြင်းပွားဖွယ်ကိစ္စနဲ့ ပတ်သက်လို့ အင်တာတိန်းမန့်က ပထမဆုံး တုံ့ပြန်ခဲ့တဲ့ကိစ္စလည်း ဖြစ်ပါတယ်။

ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းကလည်း အဲဒီတီရှပ်ကို ထုတ်လုပ်ခဲ့သူကလည်း တောင်းပန်ခဲ့ပြီး ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်ကို လှုံ့ဆော်ခဲ့တာမျိုး၊ အဲဒီ့ တီရှပ်ကို အသုံးချပြီး ဂျပန်ကို ဆန့်ကျင်လက်တုံ့ပြန်ရေး အသုံးပြုဖို့ ရည်ရွယ်ချက် လုံးဝမရှိတဲ့အကြောင်း ပြောဆိုထား ပါတယ်။

Ref: asiaone

The post အဏုမြူဗုံးပုံပါဝင်သော တီရှပ်ဝတ်ဆင်ခဲ့သည့် BTS အဖွဲ့ကိုယ်စား ကုမ္ပဏီတောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ