Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မြန်မာကားတွေ ရိုက်နေပေမယ့် မြန်မာကားသိပ်မကြည့်ဖြစ်ခဲ့ဘူး”

$
0
0

ဒါရိုက်တာ ဝင်းထွန်းထွန်းက ယခင်က မြန်မာကားတွေကို သိပ်မကြည့်ဖြစ်ပေမယ့် မြန်မာ့ရုပ်ရှင်လောကမှာ ယခင်နှစ်များကထက် ယခုနှစ်ပိုင်းမှာ ထွက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားများဟာ ပိုမိုပြီးအရှိန်အဟုန်ကောင်းလာကြပြီး နောက်မှာတော့ မြန်မာကားတွေကို သွားရောက်ကြည့်ရှုဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်အရင်တုန်းက မြန်မာကားတွေ သိပ်မကြည့်ဘူး။ မြန်မာကားတွေရိုက်ပေမယ့်လည်း နောက်ပိုင်းမြန်မာကား တွေ ကြည့်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာကားတွေရဲ့ အရည်အသွေးတိုးတက်ကောင်းမွန်လာပါတယ်။ အဲဒီလိုတိုးတက်ကောင်းမွန်တဲ့အရည်အသွေးတွေထဲမှာ ကျနော့်ရဲ့အနုပညာပြချက်တွေကလည်း ပိုမိုကောင်းမွန် လာအောင် ကြိုးစားနေပါတယ်” လို့ ဒါရိုက်တာဝင်းထွန်းထွန်းက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာတော့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုဖြစ်ခဲ့ပြီး အိမ်ပြန်ရောက်တဲ့အထိ “မီ” နဲ့ပတ်သက်တဲ့အကြောင်းအရာများကို စဉ်းစားနေမိပြီး ရင်ထဲရောက်တဲ့ ကားတကားကို ကြည့်လိုက်ရတယ်လို့ ဒါရိုက်တာဝင်းထွန်းထွန်းက ပြောပါတယ်။

“ကျနော်ဟိုနေ့ကမှ ရန်ကုန်ရောက်တယ်။ ရောက်တာနဲ့ “မီ” သွားကြည့်တယ်။ တော်တော်လေးကိုကောင်းတယ်။ ကျနော်တောင် Facebook မှာရေးထားသေးတယ်။ ညပွဲကြည့်ပြီး ပြန်သွားတော့ အိမ်ရောက်တော့ မနက် ၃နာရီထိ အိပ်လို့မရဘူး။ မီ က ရင်ထဲကိုပါသွားတယ်။ ပြန်သွားတဲ့လမ်းတလျှောက်လည်း စကားမပြောဖြစ်ဘူး။ တချိန်လုံးစဉ်းစားနေမိတယ်”

“ ရုပ်ရှင်ကားကြည့်လိုက်တာ အိမ်ပြန်သွားရင် ဘာမှမကျန်တာတော်တော်ကြာလာပြီပေါ့နော်။ ဒါပေမယ့် မီ ကကြည့်ပြီးတော့ အိမ်ပြန်ရောက်သွားတဲ့ထိအောင် တွေးနေမိတယ်။ အဲဒီလိုမျိုး ရင်ထဲကျန်တဲ့ကားမရှိဘူးပေါ့နော်။ နောက်ပိုင်းမှာ မြန်မာကားတွေ ကြည့်ရင် အဲဒီလိုအရသာလေးတွေ ခံစားလာရတယ်” လို့ ဒါရိုက်တာဝင်းထွန်းထွန်း ကပြောပါတယ်။

မြန်မာ့ရုပ်ရှင်ဟာ အများကြီးတိုးတက်လာခဲ့ပြီး အရည်အချင်းပြည့်ဝတဲ့ လူငယ်ဒါရိုက်တာများလည်း ထွက်ပေါ်လာခဲ့ တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာဝင်းထွန်းထွန်းကတော့ မကြာသေးမီရက်ပိုင်းအတွင်းက စာရေးဆရာဖေမြင့်ရဲ့ ဝတ္ထုကိုရိုက်ကူးပုံဖော်ထားတဲ့ “တခါကဆတ်သေချောင်း” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို နောင်ချိုမှာ သွားရောက်ရိုက်ကူးတာပြီးစီးသွားခဲ့ပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ်က အောင်ရဲလင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုများရှိခဲ့ပါတယ်။

“ဝေဖန်မှုကတော့ အမြဲတမ်းရှိပါတယ်။ ဒီနှစ်တွေက ပိုဆိုးတာပေါ့နော်။ ဝေဖန်မှုရှိလာတာကိုက စိတ်ဝင်စားလို့ပါ။ ဘယ်လိုပဲဝေဖန်လာ ဝေဖန်မှုတွေရှိတဲ့အတွက် ကျနော်တို့ဘက်ကလည်း အရမ်းဂရုစိုက်ပါတယ်။ နောက်ဆုံး ကွန်မြူနစ်နဲ့ ပတ်သက်တဲ့စာအုပ်တွေကအစ ပေးဖတ်တယ်။ ပိုပြီးတော့ တာဝန်လည်း ကြီးသွားတယ်။ အခုလိုဝေဖန်တဲ့အတွက်လည်း ဝေဖန်တာကို အပြစ်တင်တယ်လို့ ပြောတာကို လုံးဝလက်မခံပါဘူး”

“ ဒီဘက်ခေတ်မှာ ဝေဖန်တဲ့အတွက် ကျေးဇူးတင်တယ်။ အဲဒီအတွက်လည်း ကျနော်တို့ဘက်က လိုအပ်ချက်တွေ မရှိအောင် ပြင်ဆင်ရတယ်။ အောင်ရဲလင်းပေါ်ဝေဖန်တာရော ကျနော့်အပေါ်ကို ဝေဖန်တာရော အားလုံးကို ကြိုဆိုပါတယ်” လို့ ဒါရိုက်တာဝင်းထွန်းထွန်းက ပြောပါတယ်။

မကြာခင်မှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့် မြန်မာမိသားစုအကြောင်းကို အဓိကရိုက်ကူးမယ့် “မုဒိတာ” ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ကျနော်အခု မုဒိတာ ဆိုတဲ့ဇာတ်ကားလေးတကားကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ကိုယ်ကစပြီးကတည်းကိုက ဒရမ်မာပေါ့နော်။ ဗမာကားက ဗမာဆန်ရမယ်။ မြန်မာယဉ်ကျေးမှုပါရမယ်။ အဲဒီရည်ရွယ်ချက်ကို အမြဲပြောနေတဲ့ သူဖြစ်တဲ့အတွက် ကျနော်ဒီနှစ်အတွက် အရမ်းကြိုးစားပြီးတော့ စိတ်လည်းထည့်ထားတဲ့အချိန်လည်းပေးထားတဲ့ ကားလေးတကားဖန်တီးနေပါတယ်။ အဲဒါကတော့ မုဒိတာဆိုတဲ့ ကားလေးပါ။ ပုဂံမှာရိုက်မှာပါ။ တကယ့်မြန်မာ မိသားစုအကြောင်းကို ရိုက်မှာပါ” လို့ ဒါရိုက်တာဝင်းထွန်းထွန်းက ပြောပါတယ်။

The post “မြန်မာကားတွေ ရိုက်နေပေမယ့် မြန်မာကားသိပ်မကြည့်ဖြစ်ခဲ့ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ