Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အီတလီမှာ စေ့စပ်လက်စွပ်လဲလှယ်ခဲ့ကြတဲ့ Ranveer Singh နဲ့ Deepika Padukone

$
0
0

ဘောလိဝုဒ်စုံတွဲတွေဖြစ်ကြတဲ့ မင်းသား Ranveer Singh နဲ့ မင်းသမီး Deepika Padukone တို့ရဲ့ လက်ထပ်ပွဲကြို ကျင်းပမှုတွေကို အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ လက်ထပ်ဖို့ ပြင်ဆင်ထားတဲ့ သူတို့စုံတွဲဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ လက်စွပ်အချင်းချင်းလဲလှယ်ခဲ့ကြပြီး သတို့သမီးလောင်း ဒန်းဆေးဆိုးတဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကိုတော့ ရင်းနှီးတဲ့ သူငယ်ချင်းနဲ့ မိသားစုကိုသာ အကန့်အသတ်နဲ့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်တော့ သူတို့စုံတွဲနှစ်ဦးဟာ ရုပ်ရှင်လုပ်ငန်းက သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အိန္ဒိယနိုင်ငံက Bengaluru မြို့နဲ့ မွမ်ဘိုင်းမြို့တို့မှာ လက်ထပ်ပွဲတွေကို ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မင်းသား Ranveer ဟာ ဒူးထောက်ခဲ့ပြီး မင်းသမီး Deepika ရဲ့ လက်ချောင်းမှာ စေ့စပ်လက်စွပ်ကို စွပ်ပေးခဲ့တာ တွေ့ရပါတယ်။

အီတလီမှာ စေ့စပ်လက်စွပ်လဲလှယ်ခဲ့တဲ့နေရာ

သတင်းရင်းမြစ်တခုမှာတော့ မင်းသားရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အမှတ်တရ စကားကြောင့် မင်းသမီးဟာ မျက်ရည်လည်ရွဲဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီစေ့စပ်တဲ့ အခမ်းအနား ပြီးတဲ့နောက်မှာ သူတို့စုံတွဲနှစ်ဦးဟာ ပျော်ရွှင်စွာ ကခုန်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

သတို့သမီးလောင်း ကတော့ အဲဒီပွဲတော်တွေ တလျှောက်လုံးမှာ စိတ်လှုပ်ရှားနေခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့ရဲ့ လက်တွေပေါ်မှာ ဒန်းဆေးဆိုးခဲ့ကြ တာကိုလည်း တွေ့ရပါတယ်။

လက်ထပ်ပွဲကိုတော့ အီတလီနိုင်ငံရဲ့ Lake Como အနားက CastaDiva Resort & Spa မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပြီး ဧည့်သည်တိုင်းကိုလည်း သီးသန့် ဗီလာပေးထားခဲ့ပါတယ်။ သူတို့စုံတွဲဟာ ကြွရောက်လာတဲ့ဧည့်ပရိသတ်တွေကို လက်ရေးစာမူရေးခိုင်းပြီး တဦးချင်းစီကိုလည်း ကိုယ်တိုင်ဂုဏ်ပြုပေးခဲ့ပါတယ်။ အများက မျှော်လင့်စောင့်စားနေကြတဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲသတင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

မိသားစု၏ မင်္ဂလာပေးချီးမြှောက်မှုနဲ့အတူ နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ လက်ထပ်ပွဲကို ပြုလုပ်တော့မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြပြီလို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် နှစ်ဦးလုံးဖက်နေ အတည်ပြုချက် ထုတ်ပြန်ခဲ့ တာမျိုးမရှိပါဘူး။ လက်ထပ်တော့မယ့်အချိန်ရောက်မှသာ ချစ်သူတွေ ဖြစ်နေကြပြီလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

Ref: indianexpress

The post အီတလီမှာ စေ့စပ်လက်စွပ်လဲလှယ်ခဲ့ကြတဲ့ Ranveer Singh နဲ့ Deepika Padukone appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ