Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကယ်လီဖိုးနီးယားတောမီးကြောင့် မင်းသား Gerard Butler ရဲ့နေအိမ် မီးလောင်ပြာကျ

$
0
0

ဟောလိဝုဒ်က နာမည်ကျော်တွေဖြစ်ကြတဲ့ အဆိုတော်နဲ့ သီချင်းရေးဆရာ Robin Thicke၊ ရုပ်သံစီးရီးစတား Camille Grammer တို့ရဲ့ Malibu မြို့မှာရှိတဲ့ အိမ်တွေဟာ ကယ်လီဖိုးနီးယားမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် မီးလောင်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူတဦးမှာ မင်းသား Gerard Butler ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ Instagram မှာ “300” ရုပ်ရှင်စတား Butler က မီးလောင်ကျွမ်းမှုကြောင့် ပြာကျသွားခဲ့တဲ့ သူ့ရဲ့ အိမ်ကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါတယ်။

မီးလောင်ခဲ့တဲ့ အထဲမှာ အိမ်နဲ့အတူ အပြင်မှာရပ်ထားတဲ့ သူ့ရဲ့ကားလည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အသက် ၄၈ နှစ်အရွယ်မင်းသားက “ကယ်ဆယ်ရွေ့ပြောင်းမှုပြီးတဲ့နောက် Malibu မြို့က ကျနော့်ရဲ့ အိမ်ကို ပြန်သွားခဲ့တယ်။ ကယ်လီဖိုးနီးယားတလျှောက်မှာ နှလုံးထိခိုက်စရာ အချိန်ပါပဲ။ မီးသတ်သမားတွေရဲ့ သတ္တိ၊ စိတ်ဓာတ်နဲ့ စွန့်လွှတ်စွန့်စားမှုတို့ကို လေးစားမိပါတယ်။ ကျေးဇူးတင်ပါတယ်။ လော့စ်အင်ဂျလိစ် မီးသတ် ဌာနရေ” လို့ ပုံစာရေးခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် သူ့ရဲ့ ပရိသတ်တွေအနေနဲ့ LAFD ဖောင်ဒေးရှင်းကို ထောက်ခံကြဖို့ တောင်းဆိုပြီး သူ့ရဲ့ စာကို အဆုံးသတ်ခဲ့ပါတယ်။ သတင်းတွေရဲ့ အဆိုအရ လေပြင်းတိုက်ခတ်မှုကြောင့် တောမီးကို ထိန်းချုပ်နိုင်ခဲ့စွမ်း မရှိခဲ့ဘဲ လူပေါင်း ၂ သိန်းကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းထားတယ်လို့ သိရပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ဧက ၃၅၀၀၀ ကျော် ပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားခဲ့တဲ့အထဲမှာ “Westworld” စီးရီးထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့ရာ Paramount Ranch နဲ့ နာမည်ကျော် ရုပ်သံစီးရီးရိုက်ကူးရာ “Bachelor” အိမ်ကြီးလည်း ပျက်စီးသွားခဲ့ပါတယ်။

Ref: etcanada

The post ကယ်လီဖိုးနီးယားတောမီးကြောင့် မင်းသား Gerard Butler ရဲ့နေအိမ် မီးလောင်ပြာကျ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ