Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဦးမင်းသွေးက ခင်ဖို့ကောင်းတယ်”လို့ ဆိုတဲ့ မုန်းစွဲရုပ်ရှင်မှာပါဝင်တဲ့ အမြွှာညီအစ်ကိုနှစ်ဦး

$
0
0

မကြာခင်ရုံတင်ပြသမယ့် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေတိုးနဲ့ မင်းသွေးတို့ ငယ်ဘဝ ကိုရင်ငယ်လေး နှစ်ပါးနေရာက သရုပ်ဆောင်ထားကြတဲ့ အမြွှာညီအကို ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့က ဒီဇာတ်ကားရိုက်ကူး နေစဉ်တုန်းက မင်းသွေးက မုန့်တွေကျွေးပြီး ပျော်အောင်ထားတယ်လို့ဆိုပြီး အခုမင်းသွေးကွယ်လွန်သွားပြီဖြစ်လို့ အရမ်းဝမ်းနေတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့က ဦးမင်းသွေးနေရာနဲ့ ဦးနေတိုးငယ်ဘဝနေရာက သရုပ်ဆောင်ထားတယ်။ ပထမစရိုက်တုန်းက ကျနော် ဇွဲဝေယံထူးက ကားထဲမှာ အကြီးလုပ်ရတယ်။ ဒေါသထွက်တာပီပြင်လို့။ ပထမစရိုက်တုန်းက နွားလှည်းရှေ့မှာနေရတဲ့ အခန်းကတော်တော်ခက်ခဲတယ်။ ဖျားလည်းဖျားတယ်”

မုန်းစွဲဇာတ်ကားမှ ကိုရင်လေးနှစ်ဦး (ဓာတ်ပုံ – မုန်းစွဲဖေ့စ်ဘုတ်)

“ဒေါသထွက်ရမယ့် အခန်းကို ဦးနေတိုးက ပြောလို့ ကျနော်ဒေါသထွက်ချလိုက်တာ။ ငိုချလိုက်ရမယ်ပြောလို့ ငိုချလိုက်တာ မျက်ရည်တွေပါထွက်သွားရော။ ဦးမင်းသွေးက ရုပ်ရှင်ရိုက်တုန်းက လိမ္မော်သီးတွေကျွေးတယ်။ ဦးမင်းသွေးကခင်ဖို့ ကောင်းတယ်။ ဦးမင်းသွေး မရှိတော့ သတိလည်းရတယ် အရမ်းလည်း ဝမ်းနည်းတယ်။ မုန်းစွဲကားထဲမှာ အားလုံးကြိုးစား ထားလို့ ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်” လို့ အမြွှာညီအစ်ကိုနှစ်ဦးက ဆိုပါတယ်။

ဒီဇာတ်ကားက အရှင်ဆန္ဒဓိကရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဒီဇာတ်မှာပါဝင်ခဲ့တဲ့ ကိုရင်လေးနှစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက် တို့နှစ်ဦးရဲ့ သရုပ်ဆောင်မှုပိုင်းကိုလည်း ပရိသတ်များက သဘောကျနှစ်သက်နေကြတာ ဖြစ်ပါတယ်။

မုန်းစွဲဇာတ်ကားမှ နေတိုးနဲ့ အမြွှာလေးနှစ်ဦး (ဓာတ်ပုံ – မုန်းစွဲဖေ့စ်ဘုတ်)

“ဇာတ်ကားတွေရိုက်ဖို့ မရှိသေးပါဘူး။ ကျောင်းတက်နေရတော့ မရိုက်ဖြစ်ဘူး။ ဒီဇာတ်ကားရိုက်တုန်းကလည်း ၂ပတ်လောက်ခွင့်ယူလိုက်ရတော့ စာတွေမပြီးဘူး။ ပရိသတ်ကြီး ကျနော်တို့ ဇာတ်ကားကို အားပေးပြီးကြည့်ကြပါဦးနော်။ ကြီးရင်တော့ သရုပ်ဆောင်လုပ်မယ်”လို့ အမြွှာညီအစ်ကို ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ကပြောပါတယ်။

အမြွှာညီအစ်ကိုနှစ်ဦးတို့ဟာ မီဒီယာ 7ကနေ ရိုက်ကူးမယ့် မုန်းစွဲ ရုပ်ရှင်ကားကြီးအတွက် ကလေးသရုပ်ဆောင်ခေါ်ရာမှ ဝင်ရောက်လျှောက်ထားခဲ့ပြီး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

The post “ဦးမင်းသွေးက ခင်ဖို့ကောင်းတယ်”လို့ ဆိုတဲ့ မုန်းစွဲရုပ်ရှင်မှာပါဝင်တဲ့ အမြွှာညီအစ်ကိုနှစ်ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ