Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မုန်းစွဲရုပ်ရှင်ကို မင်းသွေးကြည့်ခွင့်မရတာ ကံတရားအတိုင်းပါပဲ”

$
0
0

မကြာခင်ရုံတင်ပြသတော့မယ့် မုန်းစွဲဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်နေတိုးက ဒီဇာတ်ကားမှာပါဝင်တဲ့ ညီဖြစ်သူ မင်းသွေးနဲ့ ပတ်သက်လို့ ဒီဇာတ်ကားက မင်းသွေးရဲ့ အနုပညာကို ချပြခွင့်ရတဲ့ ကားတကားဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီမုန်းစွဲကားလေးက လူငယ်တွေ စုပြီးဖန်တီးထားတဲ့ ကားတကားပါ။ အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစား ထားတဲ့ ကားတကားကို ပြန်ကြည့်ချိန်မှာ ကျေနပ်မိတယ်။ အမှတ်တရကတော့ အမြဲတမ်းရှိနေတာပေါ့။ သရုပ်ဆောင် တယောက်လည်း ဖြစ်တယ် ကိုယ့်ညီအရင်းတယောက်လည်း ဖြစ်တယ်။ ဒီလိုမျိုးအနုပညာတွေကိုတိုင်ပင် ဆွေးနွေးချိန် ရတာရှိတယ်။ သင်ပြပေးရတာရှိတယ်”

“ ဒီကားက မင်းသွေးအနုပညာတွေကို ချပြခွင့်ရတဲ့ ကားတကားလို့ မြင်ပါတယ်။ မင်းသွေးဒီကားကို မကြည့်လိုက်ရတာ ကြည့်ဖို့ အခွင့်မပါလို့ပေါ့။ ကံတရားအတိုင်းပါပဲ။ ဒါကို မကြည့်ရလို့ မကြည့်ရလေခြင်းဆိုပြီး ဝမ်းနည်းနေစရာ မရှိပါဘူး။ အစွဲအလန်းဆိုတာ သံသရာကိုရှည်စေတယ်ပေါ့။ ပရိသတ်တွေလည်း ကြည့် ပြီးသုံးပုံတပုံလောက်ရောက်ချိန်မှာ ကျနော်တို့ စေတနာကို မြင်နိုင်မှာဖြစ်သလို ကြိုးစားထားတာကိုလည်း တွေ့ရမှာပါ ”လို့ နေတိုးက ပြောပါတယ်။

မုန်းစွဲရုပ်ရှင် (ဓာတ်ပုံ – မုန်းစွဲဖေ့စ်ဘုတ်)

ဒီဇာတ်ကားကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ဒီဇာတ်ကားက ရှင်ဆန္ဒာဓိကရဲ့ ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေတိုး ၊ မင်းသွေး ၊ ကျော်ကျော်ဗို ၊ ဖွေးဖွေးနဲ့ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရုံမတင်ခင် သရုပ်ဆောင်မင်းသွေးကွယ်လွန်ခဲ့သလို ဒီဇာတ်ကားရဲ့ ကင်မရာရိုက်ကူးသူ ကိုကျော်သန်းလွင်က လည်း မကြာခင်က ကွယ်လွန်ခဲ့ပါတယ်။

ဒီဇာတ်ကားကို ရုံပြိုင်စနစ်နဲ့ ပြသမှာဖြစ်တဲ့အတွက် ဒီအပေါ်ကိုလည်း နေတိုးက အခုလိုဆိုပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာရှိသလိုဘယ်လို ဖြစ်သင့်တယ်ဆိုတာကို ပြသနေသူတွေ သိတယ်။ အမှားကို သိပေမယ့် အမှန်ကို မပြင်နိုင်တာတခုကိုပဲ စိတ်မကောင်းဘူးပေါ့။ အမှားကို သိလျက်နဲ့ အမှန်ပြင်နိုင်ဖို့ အရေးကြီးတယ်။ လူတွေက ပြိုင်ဆိုင်မှုပါလာရင် အတ္တတွေပါလာတယ်။ အတ္တကြောင့်ဖြစ်တဲ့ ဆုံးရှုံးမှုဆိုတာ ကောင်းကျိုးဆိုတာမရှိပါဘူး။ ပြိုင်ဆိုင်မှု တွေလုပ်ချိန်မှာလည်း အတတ်နိုင်ဆုံးပေးဆပ်မှုနဲ့ ပြိုင်ဆိုင်ဖို့ တိုက်တွန်းချင်ပါတယ်”လို့ ဆိုပါတယ်။

The post “မုန်းစွဲရုပ်ရှင်ကို မင်းသွေးကြည့်ခွင့်မရတာ ကံတရားအတိုင်းပါပဲ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ