Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အပြင် ဖွေးဖွေး ကာရိုက်တာက အငြိုးတွေ သိပ်မထားတတ်ဘူး”

$
0
0

သရုပ်ဆောင် ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားတဲ့ ”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာဖြစ်ပြီး ဖွေးဖွေးက ဒီဇာတ်ကားမှာ မင်းသွေးနဲ့ ဒုတိယအကြိမ် ရုပ်ရှင်ဇာတ်ကားကြီး အတူရိုက်ကူးဖို့ ဆုံဖြစ်တာလို့ ဆိုပါတယ်။

“ကိုမင်းသွေးက ရိုက်ကွင်းပေါ်မှာလည်း ကာရိုက်တာအတိုင်း နေတယ်။ ဖွေးနဲ့ကလည်း ရုပ်ရှင်တွေမှာ ဆုံဖြစ်တာ အရမ်းရှားတယ်။ ဗီဒီယို တကားလောက်ပဲ ရိုက်ဖူးတာ။ ဒါက ဒုတိယအကြိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆုံဖြစ်တာပေါ့။ သူလည်း လုပ်ကွက် အရမ်းရပါတယ်၊ ဒီလို စောစောစီးစီး ကြွေလွင့်သွားလိမ့်မယ်လို့တော့ မထင်ထားခဲ့မိပါဘူး” လို့ ဖွေးဖွေးက ပြောပါတယ်။

ဒီဇာတ်ကားရိုက်ကူးဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီး ဒါရိုက်တာပြောတဲ့အတိုင်းလည်း စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဝတ်စားဆင်ယင်မှုအပိုင်းကို ရှေးခေတ်ပုံစံအတိုင်း အဘွားဖြစ်သူရဲ့ ဓာတ်ပုံများကိုပြန်ကြည့်ပြီး ဝတ်စားဆင်ယင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖွေးဖွေးက ဒီဇာတ်ကားမှာ အငြိုးထားတတ်တဲ့သူတဦးအဖြစ် သရုပ်ဆောင်ထားပြီး ဒါနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

”အပြင်က ဖွေးဖွေးကာရိုက်တာက အငြိုးတွေ သိပ်မထားတတ်ဘူး။ ဒါပေမယ့် မကျေနပ်တာတွေတော့ ရှိတယ်ပေါ့။ မုန်းစွဲ ဇာတ်ကား ရိုက်နေတဲ့အတွင်းမှာပဲ ကိုယ်က မုန်းစွဲ စွဲနေတဲ့ “မသဲအုံ” အဖြစ် သရုပ်ဆောင်ရတာ ကိုယ်လည်း မကျေနပ်တာတွေ ရှိပြီး သူများကို အမြင်ကပ် နေလို့ရှိရင် ကိုယ်ပဲ အမြင်ကပ်စွဲ စွဲသွားမှာပေါ့နော်”

“မုန်းတဲ့အဆင့်အထိတော့ မရောက်သေးဘူးပေါ့။ ဒီဇာတ်ကားရိုက်ပြီးတော့ ငါရအောင်ခွင့်လွှတ်ရမယ်ပေါ့၊ ဒီဇာတ်ကားထဲမှာ ငါ့ပုံကြီးက ပူလောင်ပြီးတော့ စိတ်ညစ်စရာကောင်းတယ် ပေါ့နော်။ ကိုယ့်ကိုယ်ကို ကြည့်ပြီးတော့ တရားလည်းရတယ်။ ရှေ့ဆက်ပြီးတော့လည်း စိတ်ကို ပိုထားတတ်သွားတယ်”လို့ ဖွေးဖွေးက ဆိုပါတယ်။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီဇာတ်ကားကို 7th Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေးနဲ့ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

The post “အပြင် ဖွေးဖွေး ကာရိုက်တာက အငြိုးတွေ သိပ်မထားတတ်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ