Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကြောင်နဲ့ကြွက် ကာတွန်းကို Warner Bros. က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည်

$
0
0

Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးဟာ သူတို့ပိုင်ဆိုင်တဲ့ နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေ အတွက် ရုပ်ရှင်အသစ်တွေကို ဖန်တီးဖို့ ပြင်ဆင်နေပါတယ်။

အဲဒီ ရုပ်ရှင်စတူဒီယိုဟာ ကမ္ဘာကျော် ကြောင်နဲ့ကြွက် ကာတွန်း “Tom and Jerry” ရုပ်ရှင်ကို လူသားဇာတ်ကောင်နဲ့ အန်နီမေးရှင်းပေါင်းစပ် ရုပ်ရှင်အဖြစ် ဖန်တီးမှာ ဖြစ်တဲ့အကြောင်း၊ “Scooby-Doo” နဲ့ “The Flintstones” အန်နီမေးရှင်း ရုပ်ရှင်တွေကိုလည်း ဖန်တီးဖို့ ပြင်ဆင်ထားပြီဖြစ်တဲ့အကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

Variety မီဒီယာရဲ့ အဆိုအရ စတူဒီယိုဟာ “Tom and Jerry” ရုပ်ရှင်အသစ်ကို “Ride Along” ရုပ်ရှင်စီးရီး ဒါရိုက်တာ Tim Story ကို ငှားရမ်းပြီး ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်းမှာ စတင်ရိုက်ကူးမယ်လို့ ခန့်မှန်းထားရပြီ အဲဒီမတိုင်ခင်မှာ “Space Jam” နောက်ဆက်တွဲ ရုပ်ရှင်ကိုလည်း ဖြန့်ချိဦးမှာဖြစ်ပါတယ်။ WB စတူဒီယို အမှုဆောင်အရာရှိတွေနဲ့ စကားပြောဆိုမှုအတွင်းမှာတော့ ရုပ်ရှင် ဒါရိုက်တာဟာ တိရိစ္ဆာန်ဇာတ်ကောင်တွေအပေါ်မှာ မြတ်နိုးပြီး အဲဒီရုပ်ရှင်ကို ရိုက်ကူးဖို့ စိတ်ဝင်စားတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“Tom and Jerry” ရုပ်ရှင်ဟာ ရင်းနှီးကြတဲ့ ကြောင်နဲ့ ကြွက်တို့ရဲ့ အန်နီမေးရှင်း ဗားရှင်းနဲ့အတူ လက်ရှိ ကမ္ဘာကြီးအတွင်းမှာ ရှင်သန်နေထိုင်ကြတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပူးပေါင်း ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ပရိသတ်တွေ သဘောကျနှစ်ခြိုက်စေဖို့ ခန့်မှန်းထားတဲ့ အဲဒီရုပ်ရှင်ဟာ အရင် အန်နီမေးရှင်းဗားရှင်း စတိုင် ရုပ်ရှင်တွေလိုပဲ ဟာသဇာတ်မြူးပုံစံ ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။ “Scooby-Doo” ရုပ်ရှင်အသစ် အတွက် WB က ဖန်တီးမှုဆိုင်ရာ ထုတ်လုပ်သူအဖြစ် Chris Columbus ကို ငှားရမ်းထားတယ်လို့ ဆိုပါတယ်။

ဇာတ်လမ်းအသစ် ရိုက်ကူးမှာဖြစ်တဲ့အကြောင်း ၂၀၁၅ ခုနှစ်မှာ ပထမဆုံးကြေညာခဲ့တဲ့ အဲဒီရုပ်ရှင်ကို ၂၀၂၀ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပါတယ်။ စတူဒီယိုကနေ ထုတ်လုပ်မယ့် တခြားကာတွန်း ရုပ်ရှင်တွေထဲမှာဆိုရင်တော့ “The Jetsons” ရုပ်ရှင် ပါဝင်ပါတယ်။

အဲဒီရုပ်ရှင်ကို “Sausage Party” ရဲ့ဒါရိုက်တာ Conrad Vernon က ရိုက်ကူးမှာဖြစ်ပါတယ်။ အလားတူ “Black Panther” ဒါရိုက်တာ Ryan Coogler ကလည်း “Space Jam 2” ရုပ်ရှင်ကို ရိုက်ကူးဖို့ ရှိနေပါတယ်။

Ref: aceshowbiz

The post ကြောင်နဲ့ကြွက် ကာတွန်းကို Warner Bros. က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ