Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူ့အတွင်းစိတ်အား လေ့လာခြင်း The Experiment (2010)

$
0
0

ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Paul T.Scheuring ရိုက်ကူးထားတဲ့ Drama , Thriller အမျိုးအစား ရုပ်ရှင်ကား “The Experiment” ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Adrien Brody, Forest Whitaker, Cam Gigandet တို့အပြင် အခြား သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

စိတ်ရောဂါနဲ့သက်ဆိုင်တဲ့ လေ့လာချက်တွေလုပ်ဖို့ Volunteer တွေ ရောက်ရှိလာခဲ့ပြီး သုတေသနအတွက် ဒေါက်တာ Archaleta ဟာ ထောင်စောင့်နဲ့ အကျဉ်းသားတွေအဖြစ် အဖွဲ့ ၂ ဖွဲ့ ခွဲခြားလိုက်တာပဲဖြစ်ပါတယ်။ Travis ဟာ စစ်ဆန့်ကျင်ရေးသမားတယောက် ဖြစ်ပြီး သူဟာ အကျဉ်းသားအဖွဲ့ထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Barris ကတော့ ၄၂အရွယ်ရှိ မိခင်နဲ့အတူ နေထိုင်နေတဲ့ မချေမငံ ပြောဆိုတတ်တဲ့ လူတယောက်ဖြစ်ပြီး သူကတော့ ထောင်စောင့်အဖွဲ့ထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ရွေးချယ်ထားတဲ့ လူ၂၆ယောက်ဟာ အင်တာဗျူးကိုယ်စီ ဖြေဆိုလို့အပြီးမှာပဲ သူတို့အားလုံးကို အဆောက်အဦတခုဆီ ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲဒီအဆောက်အဦဟာ တကယ့်ထောင်ရဲ့ ပုံစံအတိုင်း သုတေသနအတွက် တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

အစောင့် အရေအတွက် ၆ ယောက်ဖြစ်ပြီး အကျဉ်းသား အရေအတွက် ၂၀ ဖြစ်ပါတယ်။ ထောင်ရဲ့ အခြေခံ စည်းကမ်းတွေကတော့ အကျဉ်းသားတွေဟာ တနေ့ ၃ နပ် အသေအချာ စားသောက်ခြင်း၊ သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာသာ နေထိုင်ခြင်းတွေပဲ ဖြစ်ပါတယ်။ အစောင့်တွေအနေနဲ့ကတော့ အကျဉ်းသားတွေ စည်းမျဉ်းတွေကို လိုက်နာခြင်း ရှိ မရှိ စောင့်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။

သုတေသနဟာ အချိန်ကာလအားဖြင့် ၂ ပတ်ခန့် ကြာမြင့်မှာဖြစ်ပြီး Volunteer တယောက်ချင်းစီဟာ ဒေါ်လာငွေ ၁၄၀၀၀ ကို ရရှိကြမှာလည်းဖြစ်ပါတယ်။

၂ပတ်အတွင်းမှာ ဘယ်လိုပြဿနာနဲ့ ပဋိပက္ခတွေဖြစ်လာမလဲ၊ လူတွေရဲ့ အတွင်းစိတ်ဟာ အာဏာနဲ့ ပတ်သက်လာရင် ဘယ်လောက် သေးငယ်တဲ့နေရာ အခန်းကဏ္ဍပဲဖြစ်ဖြစ် တပ်မက်မှုတွေ ရှိတတ်ကြောင်းကို ဒါရိုက်တာက “The Experiment” မှာ တစွန်းတစ ရိုက်ကူးပြသထားပါတယ်။

IMDb rating (6.5) ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်တာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေ လိုက်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် – စိတ်ရောဂါဝေဒနာရှင်တယောက်ရဲ့ လွတ်မြောက်မှု The Jacket (2005)

The post လူ့အတွင်းစိတ်အား လေ့လာခြင်း The Experiment (2010) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ