Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂျူနီယာချစ်ကောင်းအတွက် အများကြီး ကြိုးစားပေးသွားမယ့် အစ်မဖြစ်သူ အိမ့်ချစ်

$
0
0

အဆိုတော် ချစ်ကောင်းရဲ့သားဖြစ်သူ၊ အိမ့်ချစ်ရဲ့မောင်လေး အနုပညာမျိုးဆက်အဖြစ် ဂျူနီယာချစ်ကောင်းနာမည်နဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်မယ့် ပြည့်ဖြိုးပိုင်အတွက် အစ်မဖြစ်သူ အိမ့်ချစ်က အများကြီး ကြိုးစားပေးရဦးမယ်လို့ ပြောပါတယ်။

“မောင်လေးအတွက်လည်း သီချင်းတွေ လုပ်ပေးနေတယ်။ သူ့ကိုက တပုဒ်ချင်းစီ ထွက်ဖို့အတွက် အရင်လုပ်ပေးနေတယ်။ သူ့ရဲ့ Page ကနေလည်း သီချင်းတပုဒ်တင်ပေးဖို့လည်း လုပ်ပေးနေတယ်။ သူ့ကိုပရိသတ်တွေ ပိုသိအောင်လို့ပေါ့နော်။ သူ့ကိုအခုချိန်မှာသိတဲ့ ပရိသတ်က ၁၀၀ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းတောင် မပြည့်သေးဘူးလေ။ အဲဒီတော့ သူ့ကိုပရိသတ်တွေအများကြီးသိနိုင်ဖို့အတွက် အများကြီးကြိုးစားပေးရဦးမယ်။ ကိုယ့်မောင်လေးဆိုတော့ ကိုယ့်မှာ တာဝန်ရှိတယ်။ ကျန်တာကတော့ သူဆက်ကြိုးစားသွားဖို့လိုအပ်တာပေါ့နော်”လို့ အိမ်ချစ်က ပြောပါတယ်။

ဂျူနီယာ ချစ်ကောင်းကတော့ အဆိုတော်များစွာ ပါဝင်သီဆိုထားတဲ့ “M United” တေးစီးရီးမှာ“အခြေအနေပေးရင်” ဆိုတဲ့ သီချင်းတပုဒ် သီဆိုထားပြီး သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေကိုလည်း ပုံဖော်ထားပြီးတော့ ယခုလအတွင်းမှာ သီချင်းတပုဒ် တင်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

“အခုလောလောဆယ် သီချင်းလေးတွေ လုပ်နေတယ်။ သူကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေ ပုံဖော်ထားတာ ရှိတယ်။ ပရိသတ်တွေအတွက် ဒီလထဲမှာ သီချင်း ၁ ပုဒ် တင်ပေးဖို့အတွက် ရှိတယ်။ ရှေ့လမှာ ၁ ပုဒ် ထပ်တင်မယ်။ နောက်ပြီးတော့ အိမ့်ချစ်တို့ မောင်နှမ ၂ ယောက်ပဲဖြစ်မလား။ သားအဖ ၃ ယောက်ပဲဖြစ်မလား မသိသေးဘူး။ အခွေလုပ်ဖို့ စီစဉ်နေတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။

အိမ့်ချစ်အနေနဲ့ ဂီတလောကကို လျှောက်လှမ်းလာတဲ့ လမ်းတလျှောက်မှာ အခက်အခဲတွေအများကြီး ကြုံတွေ့ ခဲ့ရတဲ့အတွက် မောင်လေးကိုရော သူ့ရဲ့အတွေ့အကြုံများကို ဘယ်လိုမျိုးပြန်ပြောဖြစ်လဲဆိုတာကို အခုလိုပြောပြ ခဲ့ပါတယ်။

“အတွေ့အကြုံဆိုတာ ဘယ်လိုမျိုးပဲဝေမျှဝေမျှ ကိုယ်ကိုတိုင်တွေ့ကြုံရမှ ဖြေရှင်းတတ်မှာ။သိသွားမှာ၊ သင်ခန်းစာရမှာ။ အများကြီး လိုက်ပြောပြရင် နားညည်းတယ်လို့ ပြောလိမ့်မယ်။ ကိုယ်တွေတုန်းကလည်း အဲဒီလိုပဲဆိုတော့။ သူ့အလှည့်မှာလည်း အရမ်းကြီးဆိုးရွားတဲ့ အခြေအနေဆိုရင်တော့ ပြောပေးမယ်။ အဲဒီလို မဟုတ်ရင်တော့ လွှတ်ထားပေးမယ်။ သူကြုံရရင် သိသွားလိမ့်မယ်။ လူဆိုတာ အခက်အခဲတွေ အများကြီး ကြုံမှ ပိုပြီးရင့်ကျက်တာ။ အဲဒီတော့ အခက်အခဲတွေ အများကြီးကြုံဖို့အတွက် လိုအပ်တယ်”လို့ အိမ့်ချစ်က ပြောပါတယ်။

တေးသံရှင် ချစ်ကောင်းနဲ့ အိမ့်ချစ်တို့ရဲ့ ဂီတမျိုးဆက်ဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့လည်း စောင့်ကြည့်နေ လျက်ရှိပြီး ဘယ်လိုမျှော်လင့်ထားလို့ရမလဲဆိုတာကိုတော့ အိမ့်ချစ်က “ဘယ်လိုမျှော်လင့်ထားလို့ရမလဲဆိုရင် လူတယောက်နဲ့ တယောက်က အကြိုက် မတူဘူး။ ဦးချစ်ကောင်းကိုကြိုက်တဲ့သူကလည်း ဦးချစ်ကောင်းကို ကြိုက်နေတုန်းပဲ။ အိမ့်ချစ်ကိုကြိုက်တဲ့သူကလည်း အိမ့်ချစ်ကိုကြိုက်နေတုန်းပဲ”

“တခါတလေကျရင် အိမ့်ချစ်ကို ဦးချစ်ကောင်းလောက် မကောင်းဘူးပြောတဲ့သူလည် းရှိတာပဲ။ တချို့ ကျတော့လည်း အိမ့်ချစ်ကို ပိုချစ်တယ် လို့ပြောတဲ့သူလည် းရှိတာပဲ။ တယောက်နဲ့တယောက်က မတူကြဘူးလေ။ သူ့ကိုပိုချစ်မယ့်သူလည်း ရှိမှာပဲ။ သူ့ရဲ့ ဆိုပုံဆိုပေါက်ကို ပိုကြိုက်ရင်လည်း ကြိုက်ကြမှာပဲ။ ဘယ်လိုကြီး မျှော်လင့်ထားပါလို့တော့ ပြောလို့ရမလဲ။ အကြိုက်ချင်း ထပ်တူညီတဲ့ ပရိသတ်ကတော့ သူပရိသတ်တွေ ဖြစ်သွားမှာပေါ့”လို့ အိမ့်ချစ်က ပြောပါတယ်။

အိမ့်ချစ်အနေနဲ့လည်း မကြာခင်မှာ အင်္ဂလိပ်လို သီဆိုထားပြီး သီချင်း ၈ ပုဒ်ပါဝင်ထားတဲ့ “Slay” ဆိုတဲ့ အခွေလေး ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်အဖေ ချစ်ကောင်းနဲ့ အစ်မ အိမ့်ချစ်တို့လို သီချင်းဆိုတော့မယ့် ဂျူနီယာချစ်ကောင်း

The post ဂျူနီယာချစ်ကောင်းအတွက် အများကြီး ကြိုးစားပေးသွားမယ့် အစ်မဖြစ်သူ အိမ့်ချစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)