Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဗလတောင့်တောင့်နဲ့ အရပ်ရှည်တဲ့ ကောင်လေးကို ကြိုက်တဲ့ ငွေဇင်လှိုင်း

$
0
0

အဆိုတော် ငွေဇင်လှိုင်းက Myanmar Idol Season 3 ပြိုင်ပွဲပြိုင်ပြီးတဲ့နောက် အားပေးနေတဲ့ ပရိသတ်အတွက် အွန်လိုင်းကနေ သီချင်းတင်သွားဖို့ရှိကြောင်း ပြောပါတယ်။

“လတ်တလောမှာတော့ Single Song တွေ သွင်းနေတယ်။ Single Song တွေက မျိုးစုံပဲ အဆွေး သီချင်းတွေလည်း ပါတယ်။ Group Song တွေလည်း ပါတယ်။ သူငယ်ချင်း ၃ ယောက် ပိုးမီရယ်၊ ငွေဇင်ရယ်၊ နော်ဂျက်ရယ် ဒီသုံးယောက်က “Super Girl” ဆိုပြီးတော့ သီချင်းလေး တပုဒ် ထွက်မယ်။ အချစ်သီချင်းတော့ မဟုတ်ဘူး။ Music Video နဲ့တကွ ထွက်မယ်။ နားထောင်ရင် ပရိသတ်ရင်ထဲမှာ ကျန်နေခဲ့မယ့် သီချင်းမျိုးလေးပါ”

“လကုန်ပြီး ပထမပတ်လောက်မှာ ထွက်ဖို့ရှိတယ်။ Single Song တွေကတော့ လာမယ် ကြာမယ်။ အွန်လိုင်းကနေပဲ တင်မှာပါ။ အခွေထွက်ဖို့ ကျနေတော့ ကုန်ကျစရိတ်က အရမ်းများတယ်လေ။ အခွေကို လုံးပန်းနေရင်လည်း ပရိသတ်တွေကို တာဝန်မကျေသလို ဖြစ်မှာစိုးလို့ နောက်ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေကလည်း ကိုယ့်သီချင်းတွေ မျှော်မှာပဲလေ။ ကိုယ့် Single Song တွေကို အကောင်းဆုံး လုပ်ပြီး ဖြန့်မှာပါ” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

ငွေဇင်လှိုင်းက အချစ်ရေးနဲ့ ပတ်သက်ပြီး အေးဆေး တယောက်တည်း ဖြစ်နေပြီး အချစ်ရေးမှာတော့ ကံမကောင်းဘူးလို့ သူက ဆိုပါတယ်။

“အချစ်ရေးကတော့ အေးဆေး တယောက်တည်းပါပဲ။ အချစ်ရေးနဲ့ ပတ်သက်ရင် ကံမကောင်းဘူး။ တချို့ အရာတွေကလည်း အရမ်းလုပ်ယူလို့ မရဘူး။ အချစ်ရေး မရှိမဖြစ်လည်း မဟုတ်ဘူး။ အခုတော့ အလုပ်တွေကိုပဲ ကြိုးစားနေပါတယ်။ ကိုယ်နဲ့ ကီးကိုက်ပြီး ကြင်ကြင်နာနာ ရှိမယ် ဆိုရင် တမျိုး စဉ်းစားမှာပါ” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

“ငွေဇင်ကြိုက်တာက ဗလခပ်တောင့်တောင့်၊ အရပ်ရှည်ရှည်လေးကို ကြိုက်ပါတယ်။ ရုပ်ရည်က အဓိက မဟုတ်ဘူး။ ကိုယ်ပိုင်အရည်အချင်းလေးနဲ့ ယောကျာ်းပီသတဲ့ သူကို ပိုကြိုက်ပါတယ်။ အခုခေတ်က ဘာမှတော့ စိတ်မချရတော့ဘူး” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။

ငွေဇင်လှိုင်းက Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေး လက်ခံမှုကို ရရှိခဲ့ကာ ပြိုင်ပွဲမှာ တဆင့်ချင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 Result Show မှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။

The post ဗလတောင့်တောင့်နဲ့ အရပ်ရှည်တဲ့ ကောင်လေးကို ကြိုက်တဲ့ ငွေဇင်လှိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ