Beauty Blogger တယောက်လည်းဖြစ် သရုပ်ဆောင်ပါလုပ်ကိုင်နေတဲ့ နေခြည်ဦးက ဒေါ်လာဈေးတွေ တက်လာတာကြောင့် မိတ်ကပ်ပစ္စည်းများကို နိုင်ငံခြားကနေ ဝယ်ယူရတဲ့ သူ့အတွက် ထိခိုက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။
“နေခြည်တို့က Brand Marketing အရ နေခြည် နားလည်သလောက် ဈေးနှုန်းဆိုတာ Brand တွေက သတ်မှတ်တာပါ။ ပစ္စည်းတခုကို ၁ လ၊ ၂ လလောက် သုံးကြည့်ပါ။ ဥပမာ Pond ဆိုရင် ဈေးနှုန်း ချိုသာတယ်။ လူမရွေး သုံးနိုင်တယ်။ ဈေးသင့်တာတွေ Quality ညံ့တယ်။ ဈေးကြီးတာ Quality ကြီးတယ်ဆိုပြီး လုံးဝပြောလို့ မရပါဘူး” လို့ နေခြည်ဦးက ပြောပါတယ်။
“တချို့ Review တဲ့ ပစ္စည်းအချို့က နေခြည် နိုင်ငံခြားကနေ မှာတာပါတယ်။ နေခြည် ကိုယ်တိုင်က Beauty Blogger တယောက်လို့ ခံယူထားတာ ဖြစ်တဲ့အတွက် Beauty မှာ Fashion and Make up အပြင် အင်္ကျီ အဝတ်အစားကအစ ပြင်ဆင်ရတော့ နိုင်ငံခြားကနေ ဝယ်ရတယ်” လို့ နေခြည်ဦးက ဆိုပါတယ်။
ဆက်လက်ပြီး နေခြည်ဦးက “အခုလို ဒေါ်လာဈေးတွေ တက်လာတော့ အရမ်းထိတာပေါ့လေ။ နေခြည်တို့တင် မဟုတ်ဘူး တော်တော်များများ ထိနေကြတယ်။ နေခြည် ဟိုတနေ့က တင်ထားသေးတယ်။ ပြည်တွင်းမှာ ရှိတဲ့ ပစ္စည်းကိုပဲ အရောင်းမြှင့်တင်မယ်။ နိုင်ငံခြားကနေ Exchange Rate နဲ့ ဝယ်ရတဲ့အခါကျတော့ တော်တော်လေးထိခိုက်တာပေါ့” လို့ ပြောပါတယ်။
“အပြင်က ပစ္စည်းတွေဝယ်မယ့်အစား ကိုယ့် ပြည်တွင်းမှာရှိတဲ့ ပစ္စည်းတွေကို ပိုပြီး အရောင်း မြှင့်တင်မယ်။ ပြည်တွင်းမှာ ရောင်းချနေတဲ့ Brand တွေကို အရောင်းမြှင့်တင်ပေးတာ နေခြည့်အတွက်လည်း ပိုပြီးတွက်ခြေကိုက်တယ်။ ဝယ်မယ့်သူတွေကလည်း ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးက Facebook ပေါ်မှာ ဘယ်လောက်ပဲ ဝေဖန်တိုက်ခိုက်ပါစေ ကိုယ့်မှာ ချစ်တဲ့ ပရိသတ်တွေ အများကြီးရှိတာကြောင့် နားလည်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
“နေခြည် နားလည်သလောက် အရင်တုန်းက Facebook ဆိုတာ Social Network တခုတည်း သုံးကြတာဖြစ်တဲ့ အတွက် Personal အကောင့်တွေ ဖွင့်ကြတယ်။ အကောင့် ၂ ခု ကိုင်ရတာ မလွယ်ဘူး။ အနုပညာရှင် တော်တော်များများက Personal အကောင့်တွေကိုပဲ သုံးကြတော့ Facebook က ကြည့်တော့ သူတို့ထိခိုက်တာပေါ့လေ။ Personal အကောင့်သည် Boost လုပ်လို့ မရဘူး”
“Personal အကောင့်ဖြစ်တဲ့အတွက် ကိုယ့်မှာ သူငယ်ချင်း သိန်းချီပြီးရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ၅ ထောင်ပဲ သတ်မှတ်ထားတာပေါ့။ အစကတည်းကလည်း Facebook က Business လုပ်မယ်ဆိုရင် Page ထောင်ပါလို့ ပြောပြီးသားပေါ့။ နောက်ပိုင်း ဘာလုပ်လုပ် Page ထောင်ရမယ် ဆိုတာကို အသိစိတ် လေးဝင်လာတာပေါ့” လို့ နေခြည်ဦးက ဆိုပါတယ်။
အွန်ုလိုင်းပေါ်ကနေ ဝေဖန်တိုက်ခိုက်နေသူများကို နေခြည်ဦးက လျစ်လျှူရှူလိုက်ပြီး ဘယ်လောက် တိုက်ခိုက်ပါစေ ကိုယ်အလုပ်လို့ ခံယူတယ်လို့ဆိုပြီး ချစ်တဲ့ပရိသတ်တွေရှိနေတဲ့ အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပြီး အဲဒီနောက် အောင်မြင်မှုတွေ ရရှိလာတဲ့ နေခြည်ဦးက အနုပညာ အလုပ်တွေပါ လုပ်ကိုင် လာပါတယ်။သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း မကြာခင်မှာ ပရိသတ်တွေ အရှေ့ကို ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။
The post “ဘယ်လောက်တိုက်ခိုက် တိုက်ခိုက် ကိုယ့်အလုပ်လို့ ခံယူလိုက်တယ်” appeared first on ဧရာဝတီ.