Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး မင်းသားတွေကို ထူးအောင် ဘယ်လိုအကြံပေးလဲ

$
0
0

ထူးအောင်လို့ ပြောလိုက်ရင် တောင့်တင်းလှပပြီး အများအားကျရတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်တယောက် အဖြစ် လူသိများကြပြီး လက်ရှိမှာလည်း သူ့လို ခန္ဓာကိုယ်ဖြစ်စေဖို့အတွက် အနုပညာရှင်များထဲ အမျိုးသားများကို နည်းလမ်းများ ဝေမျှပေးလျက် ရှိပါတယ်။

ခန္ဓာကိုယ်တခု လှပဖို့အတွက် ခန္ဓာကိုယ်ကို မတည်ဆောက်ခင်မှာ စိတ်ဓာတ်ကို အရင် တည်ဆောက်ဖို့ လိုအပ်တယ်လို့ ထူးအောင်က ဧရာဝတီကို ပြောပါတယ်။

“ခန္ဓာကိုယ်တခု မတည်ဆောက်ခင်မှာ စိတ်ဓာတ်ကိုတည်ဆောက်ပါ။ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်တခုရဖို့အတွက် ကို စိတ်ဓာတ်ကအရမ်းကို ကျန်းမာရပါမယ်။ ခွန်အားလည်း ရှိရပါမယ်။ စိတ်ဓာတ်က ပြတ်သားနေရမယ်။ ပန်းတိုင်တခု ထားရမယ်။ အချိန်ကာလတခုအတွင်းမှာ ဒီခန္ဓာကိုယ်တခု ဖြစ်မှရမယ်ဆိုတဲ့ စိတ်ရှိရမယ်။ အကြောင်းပြချင်မပေးနဲ့ အဖြေတခုနဲ့သာ သက်သေပြပါ” လို့ ထူးအောင် ပြောပါတယ်။

မကြာသေးခင်ကလည်း ထူးအောင်က မင်းသားတွေထဲက မိုးယံဇွန်နဲ့ ထွန်းထွန်းတို့ကို ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Gym ဆော့တာနဲ့ အစားအသောက် စားသောက်မှုအပိုင်းများ ပြန်လည်ဝေမျှခဲ့တယ်လို့ သိရပါတယ်။

“ကျနော့်လိုပဲ ခန္ဓာကိုယ်လှပဖို့အတွက် သူများကိုလည်း လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အခု လောလောဆယ်တော့ အနုပညာရှင်တွေကို အရင်ဆုံးလုပ်ပေးဖို့ အစီအစဉ်ရှိ ပါတယ်။ အခုလုပ်ပေးဖူးတာ ၂ယောက်တော့ ရှိပါပြီ။ ကိုမိုးယံဇွန်နဲ့ ကိုထွန်းထွန်းနဲ့ပါ။ ကျနော် ပြောတဲ့ စကားတွေကို လိုက်လုပ် မလုပ်ဆိုတာက ကိုယ်တိုင် Gym ဆော့တဲ့အချိန်မှာ သိသာတယ်” လို့ ထူးအောင်က ဆိုပါတယ်။

“ကျနော်ပြောတဲ့အတိုင်း စားရင် ဆော့နိုင်မယ်။ ဆော့လည်း ဆော့နိုင်မယ်။ ခန္ဓာကိုယ်ကလည်း Effect ဖြစ်မယ်။ နေ့စဉ်စားနေတဲ့ အစားအစာတွေက ကိုယ်ဆော့တဲ့အခါမှာ အထောက်အကူ ဖြစ်တယ်။ ဆော့တော့ ဆော့တယ်။ အားသွန်ခွန်စိုက် ဆော့နေတယ်။ စားတဲ့အစားအစာတွေက အဆီအစိမ့်တွေ စားနေတယ်ဆိုရင် ဒီတိုင်းက ဒီတိုင်းပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ကျနော် ပြောတဲ့အတိုင်း စားရင် တနေ့ပြီး တနေ့ ထူးခြားလာတယ်” လို့ ထူးအောင်က ပြောပါတယ်။

နောက်ထပ်ဘယ်သူတွေကို လေ့ကျင့်ပေးဦးမလဲဆိုတာကိုလည်း ထူးအောင်က အခုလို ပြောပြခဲ့ပါသေးတယ်။

“နောက်ထပ်ဘယ်သူ့ကို လုပ်ပေးမလဲဆိုတာကတော့ Surprise ပေါ့။ နောက်ထပ်လူတွေကို ဆက်လက် စောင့်ကြည့်ပေးကြပါလို့။ ကျနော်က ယောင်္ကျားလေးတွေပဲ လုပ်ပေးဖြစ်တယ်ဆိုတာက အကြမ်းလည်း ခံနိုင်တယ်။ မိန်းကလေးတွေကျတော့ စလုပ်ပြီးသွားရင် ဆက်မလုပ်နိုင်တော့မှာစိုးလို့ မိန်းကလေးတွေ မစမ်းကြည့်သေးဘူး”

“နောက်ပြီးတော့ မိန်းကလေးဆော့နည်းတွေကို သေချာလည်း မသိသေးတဲ့အခါကျတော့ မိန်းကလေး ဆော့နည်းတွေ စားပုံစားနည်းတွေကို တဖက်မှာကျနော့်ဆရာကို မေးပြီးလေ့လာပြီးတော့မှ လုပ်ပေးဖို့ အတွက် အစီအစဉ် ရှိပါတယ်” လို့ ထူးအောင်က ပြောပါတယ်။

နောက်ပိုင်းမှာတော့ ထူးအောင်လို့ ပြောလိုက်ရင် 6 Packs နဲ့ မော်ဒယ်တယောက်လို့ မြင်တာထက် သရုပ်ဆောင်ကောင်းတဲ့ သရုပ်ဆောင်ကောင်း တယောက်အဖြစ်လည်း မြင်စေချင်တဲ့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကျနော့်ကို 6 Packs နဲ့ မြင်တာ ကောင်းပါတယ်။ Signature ပေါ့။ လူတယောက်ကို တယောက်နဲ့ တယောက် သတိထားမိတဲ့ ပုံစံချင်း မတူဘူး။ တချို့ Actor တွေဆို မျက်လုံးကို ကြိုက်တယ်။ တချို့တွေဆို ကိုယ်ဟန် အနေအထားကို ကြိုက်တယ်။ တချို့ကျတော့ ပြောတာကို သဘောကျတယ်။ ကျနော့်ကိုကျတော့ ခန္ဓာကိုယ်ကို ပြေးမြင်ကြတယ်။ ဒါပေမယ့် အဲဒါကိုလည်း ပြောင်းဖို့ ရှိပါတယ်။ သရုပ်ဆောင်ကောင်းတယ်ဆိုတာနဲ့ တွဲမြင်ဖို့အတွက်ကို အများကြီး ကြိုးစားနေပါတယ်” လို့ ထူးအောင်က ပြောပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

၁ လအတွင်း Challenge ခေါ်ပြီး ဝိတ်ချခဲ့တဲ့ သရုပ်ဆောင် မိုးယံဇွန်

“ကျနော်က LGBT မဟုတ်ပါဘူး၊ ချစ်သူထားရင် မိန်းကလေးပဲ ထားမှာပါ”

The post ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး မင်းသားတွေကို ထူးအောင် ဘယ်လိုအကြံပေးလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)