Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေ အပြည့်နဲ့ “The Seasoning House”

$
0
0

ဒီတပတ် မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဒါရိုက်တာ Paul Hyett ရိုက်ကူးထားတဲ့ Drama, Horror, Thriller အမျိုးအစား ရုပ်ရှင်ကားကောင်း တကား “The Seasoning House” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Rosie Day က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Kevin Howartg, Sean Pertwee နဲ့ တခြားသော သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်း အကြောင်းအရာကတော့ ၁၉၉၆ ခုနှစ်၊ ဘရာဇီးနိုင်ငံမှာ စစ်ဖြစ်ပွားနေချိန်ဖြစ်ပြီး Angel ဟာ သူမ ရှေ့မှာတင် မိခင်သတ်ဖြတ်ခံရတဲ့အပြင် အစ်မဖြစ်သူကိုလည်း အဓမ္မပြုကျင့်ခံခဲ့ရတာကို တွေ့ကြုံခဲ့ရသူပါ။ ဒါ့အပြင် သူမ ကိုယ်တိုင်လည်း စစ်သားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာဖြစ်ပြီး ဘရာဇီးသစ်တောတွေထဲက ပြည့်တန်ဆာ အိမ်တခုမှာ ရောင်းစား ခံခဲ့ရပါတယ်။

အဲဒီအိမ်ရဲ့ခေါင်းဆောင်ဟာ Viktor ဖြစ်ပြီး Angel နဲ့ တခြားမိန်းကလေးတွေ ရှေ့မှာတင် သူ့ကို သစ္စာရှိမယ်ဆိုရင် သူကစောင့်ရှောက်မှာဖြစ်ကြောင်း ပြောရင်း မိန်းကလေးတဦးကို အနားခေါ်ကာ လည်ပင်းလှီး သတ်ဖြတ်လိုက်ပါတယ်။

မွေးရာပါ ဆွံ့အနားမကြားတဲ့ Angel ကို သူမရဲ့မွေးရာပါ ချို့ယွင်းချက်ကြောင့် Viktor ဟာ အဲဒီအိမ်ကြီးမှာ အလုပ်တခု ပေးထားပါတယ်။ အဲဒါကတော့ အလိုမတူဘဲ သားမယားပြုကျင့်ခံရတဲ့ မိန်းကလေးတွေကို ပြုစုစောင့်ရှောက်ဖို့၊ နောက်ထပ်ရောက်လာမယ့် ဧည့်သည်တွေအတွက် မိန်းကလေးတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ပဲဖြစ်ပါတယ်။

အဲဒီအိမ်ကြီးတခုလုံးမှာ ထွက်ပေါက်နဲ့ဝင်ပေါက် တခုတည်းသာရှိပြီး Angel ကတော့ နံရံမှာ ဖောက်ထားတဲ့ အပေါက်တွေကနေတဆင့် တအိမ်လုံးကို လှည့်လည်သွားလာနိုင်စွမ်း ရှိပါတယ်။ Viktor ဟာသူမကိုလည်း အနိုင်ကျင့်စော်ကားနေကျဖြစ်ပြီး တနေ့မှာတော့ သူမအတွက် သော့တချောင်း ပေးထားခဲ့ပါတယ်။သူမထွက်ပြေးမှာ မဟုတ်ဘဲ သူနဲ့ပဲ သစ္စာရှိရှိနေထိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားတခုလုံးရဲ့ သုံးပုံနှစ်ပုံဟာ အဲဒီအိမ်ကြီးထဲမှာတင် ပြီးဆုံးသွားမှာဖြစ်ပေမယ့် Angel ကို အိမ်ကြီးထဲကနေ ထွက်ပြေးဖို့ သတ္တိတွေ ဖြစ်ပေါ်စေမယ့်အကြောင်းတခုကိုတော့ ပရိသတ်တွေ ဆက်လက် ကြည့်ရှုကြရမှာပါ။

IMDB rating (6.1) ရရှိထားတဲ့ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေအပြည့်နဲ့ “The Seasoning House” ရုပ်ရှင်ကို ရုပ်ရှင်ချစ်ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

The post ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေ အပြည့်နဲ့ “The Seasoning House” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ