Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဧရာဝတီ ၂၅ နှစ်ပြည့်အတွက် မိတ်ကပ် မထက် (Pop Soul) ရဲ့ ဆုတောင်းစကား

$
0
0

ဧရာဝတီသတင်းဌာန၏ ၂၅ နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ မိတ်ကပ်ပညာရှင်များထဲမှ တဦးအပါအဝင်ဖြစ်တဲ့ မိတ်ကပ် မထက်(Pop Soul) ရဲ့ ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။

“ဧရာဝတီသတင်းဌာနကြီးဟာ အခုဆိုရင် ၂၅ နှစ်တောင်ပြည့်သွားပြီ။ ကာလကြာရှည်စွာ မြန်မာပြည်အတွက် အကောင်းဆုံး ရလဒ်တွေ၊ အကောင်းဆုံး သတင်းတွေနဲ့ မြန်မာပြည်ကြီးကို ပံ့ပိုးလာတာ ၂၅ နှစ်တောင် တိုင်ခဲ့ပြီ။ အဲဒီအတွက်ကြောင့် အဓွန့်ရှည်ကြာစွာ ဒီထက် ပံ့ပိုးမှု အားကောင်းကောင်းနဲ့ မြန်မာပြည်သားတွေရဲ့ အကျိုးကို ဆက်လက်ပြီးတော့ သယ်ပိုး ထမ်းဆောင်နိုင်ပါစေ”လို့ မိတ်ကပ် မထက်(Pop Soul)က ဆုတောင်းပေးပါတယ်။

မိတ်ကပ် မထက်(Pop Soul)ကတော့ မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရတဲ့ လိင်ပြောင်းလဲ ခွဲစိတ်ထားတဲ့သူများထဲမှ တဦးအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိအောင်မြင်လျက်ရှိတဲ့ Makeup Artist တယောက်လည်း ဖြစ်ပါတယ်။

သတင်းမီဒီယာဆိုတာ အနုပညာရှင်သာမက မထက်တို့လို မိတ်ကပ်ပညာရှင်တွေအတွက်ရော ဘယ်လိုမျိုးအရေးပါလဲ ဆိုတာကိုလည်း အခုလို ပြောပြထားပါတယ်။

“သတင်းမီဒီယာက အရမ်းလိုအပ်တယ်။ မီဒီယာကနေ ချပြမှ ပရိသတ်တွေကလည်းသိမယ်။ သတင်းမီဒီယာတွေ မရှိဘဲနဲ့ ဘယ်လိုမှ Close ဖြစ်လို့ မရသလို အကြောင်းအရာမျိုးစုံကို တစုတစည်းတည်း မသိနိုင်ဘူး။ အဲဒီအတွက်ကြောင့် သတင်းမီဒီယာတွေက အများကြီးလိုအပ်သလို ကျမတို့နဲ့ ထိတွေ့မှုများလေ ကျမတို့အတွက် ကောင်းတဲ့ ရလဒ်တွေ အများကြီး ဖြစ်လာနိုင်တယ်လို့ လက်ခံပါတယ်” လို့ မိတ်ကပ် မထက်က ဆိုပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ် စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့ပါတယ်။

The post ဧရာဝတီ ၂၅ နှစ်ပြည့်အတွက် မိတ်ကပ် မထက် (Pop Soul) ရဲ့ ဆုတောင်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ