Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝေဖန်သူတွေကို လှလှပပ တုံ့ပြန်လိုက်တဲ့ “Captain Marvel”မင်းသမီး Brie Larson

$
0
0

မကြာမီ ရုံတင်ပြသတော့မယ့် “Captain Marvel” ရုပ်ရှင်မင်းသမီး Brie Larson က သူ့အပေါ် ဝေဖန်နေသူ တချို့ကို လှလှပပလေး ပြန်လည်တုံ့ပြန်ခဲ့တာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ “Captain Marvel” ရုပ်ရှင်ရဲ့ အမြည်းဗီဒီယိုကို ဖြန့်ချိခဲ့ပြီး ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ကြပေမယ့် အဲဒါဟာ အမျိုးသမီးတဦးကို အခြေပြုတဲ့ Marvel Cinematic Universe ရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် အဲဒီဗီဒီယိုထဲမှာ မင်းသမီး Larson က လေထဲ ပျံသန်းတာ၊ အထူးစွမ်းအား ပြသတာနဲ့ သူ့ရဲ့ လက်ချောင်းတွေကနေ ထွက်လာတဲ့ စွမ်းအင်နဲ့ ပစ်ခတ်တာမျိုးလို စူပါပါဝါတွေကိုသာ ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအမြည်းဗီဒီယိုကိုတော့ အမျိုးသမီးတွေကို ခွဲခြားသူတချို့က လှောင်ပြောင်တာမျိုး ရှိခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာအသုံးပြုသူ အမျိုးသားတချို့ကတော့ မင်းသမီးရဲ့ သရုပ်ဆောင်ချက်ဟာ မာတောင့်လွန်းတဲ့အကြောင်း ဝေဖန်ကြသလို နည်းနည်းလေးလောက်တော့ ပြုံးလိုက်သင့်တယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။

ဒါဟာ မင်းသမီးအတွက်တော့ ဝေဖန်သူတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေနဲ့ ပျော်ရွှင်မှုတွေအတွက် အမျိုးသမီးတွေ အသုံးချခံရတဲ့ မလျော်မကန် ပြုမှုပြောဆိုမှု ဖြစ်တယ်လို့ ယူဆလိုက်ပုံရပါတယ်။ ဝေဖန်သူတွေကလည်း ရုပ်ရှင်ရဲ့ ပရိုမိုးရှင်းဓာတ်ပုံမှာရှိတဲ့ မင်းသမီးရဲ့ မျက်နှာပေါ်မှာ ဓာတ်ပုံ ပြုပြင်မှု နည်းပညာတချို့ကို သုံးပြီး ပြုံးရယ်နေပုံကို ပြင်ဆင်ပေးခဲ့ကြပါတယ်။

ဒါပေမယ့် မင်းသမီး Larson ကတော့ Marvel ပိုစတာတွေမှာ ပါဝင်တဲ့ အမျိုးသားဇာတ်ကောင်တွေ ရယ်ပြုံးနေတဲ့ ပုံနဲ့ ပြုပြင်ပြီး Instagram မှာ တင်ခဲ့ပြီး သူ့အပေါ် ဝေဖန်ကြသူတွေကို တုံ့ပြန်လိုက်ပါတယ်။ ကမ္ဘာကြီးကို ကယ်တင်ရတဲ့ စူပါဟီးရိုးတွေဟာ သူတို့ရဲ့ အလုပ်အပေါ် အာရုံစိုက်နေရတာ ဖြစ်တဲ့အတွက် အလုပ်လုပ်နေတဲ့အချိန် မျက်နှာ ခက်ခက်ထန်ထန်နဲ့သာ ရှိနေရတာ ဖြစ်တဲ့အကြောင်း ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

တချို့ Twitter သုံးစွဲသူတွေကတော့ အခြားစူပါဟီးရိုး ဇာတ်ကောင်တွေ ရယ်ပြုံးနေတဲ့ ရုပ်ပြောင်ပုံတွေကို ပြုပြင်ပြီး အွန်လိုင်းမှာ တင်ခဲ့ကြပါတယ်။ “Captain Marvel” ဆိုတာကတော့ ခန္ဓာကိုယ် ပြောင်းလဲတတ်တဲ့ ဂြိုဟ်သားအုပ်စုရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း စူပါစွမ်းအား ရရှိခဲ့တဲ့ ဖိုက်တာပိုင်းလော့တဦးပဲ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် သူဟာ ပြုံးရယ်ဖို့ အချိန်သိပ်မရှိခဲ့ရဘူးလို့လည်း ထောက်ခံသူတချို့က ဆိုကြပါတယ်။ “Captain Marvel” ရုပ်ရှင်ကို လာမယ့် ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: vice

The post ဝေဖန်သူတွေကို လှလှပပ တုံ့ပြန်လိုက်တဲ့ “Captain Marvel” မင်းသမီး Brie Larson appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ