Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမေရိကန်မှာ ခိုလှုံခွင့်တောင်းဖို့ Fan Bingbing ကို ဂျက်ကီချန်း အကြံပေးခဲ့ခြင်း မဟုတ်ဟုဆို

$
0
0

ဟောင်ကောင်အက်ရှင်စတား ဂျက်ကီချန်းက အခွန်ရှောင်အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ နာမည်ကျော် တရုတ်မင်းသမီး Fan Bingbing ကို အမေရိကန်နိုင်ငံမှာ ထွက်ပြေးခိုလှုံခွင့်တောင်းခံဖို့ အကြံပေးခဲ့တယ်လို့ ဆိုတဲ့ စွပ်စွဲချက်တွေကို ပြန်လည်ချေပလိုက်ပါတယ်။

ဟောင်ကောင် သတင်းဌာနတခုဖြစ်တဲ့ Apple Daily က တရုတ်ဖျော်ဖြေရေးလောကရဲ့ နာမည်ကျော် တဦး ဖြစ်တဲ့ မင်းသမီး Fan ဟာ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မနက်တုန်းက လော့စ်အင်ဂျလိစ် လူဝင်မှုကြီးကြပ်ရေးရုံးကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အနုပညာနယ်ပယ်မှာ ဆယ်စုနှစ် ၂ ခုကျော်ကြာကာလအတွင်း အကြီးမားဆုံး အရှုပ်တော်ပုံကနေ ရုန်းထွက်ဖို့ အမေရိကန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနိုင်ရေး ဂျက်ကီချန်းရဲ့ အကြံဉာဏ်ကို မင်းသမီး Fan က ယူခဲ့တယ်လို့ Twitter အသုံးပြုသူတဦးရဲ့ ယူဆချက်ကနေ အဲဒီသတင်းပျံ့နှံ့လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မင်းသားချန်းရဲ့ ကုမ္ပဏီက မင်းသား ပါဝင်ခဲ့တယ်ဆိုတာ အဓိပ္ပာယ်ရှိတဲ့အကြောင်း တရုတ်သတင်းမီဒီယာ ETtoday ကို ပြောကြားခဲ့ပါတယ်။ တချို့ သတင်းတွေမှာတော့ မင်းသမီး Fan ဟာ ထိန်းသိမ်းခံထားရကြောင်း ဖော်ပြကြသလို ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်းလည်း ဖော်ပြတာမျိုးတွေ တွေ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် မင်းသမီးဟာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက တရုတ်အစီအစဉ် တင်ဆက်သူတဦးရဲ့ သူ့အပေါ် အခွန်ကိစ္စအရှုပ်အထွေးကို စွပ်စွဲပြောတာခံခဲ့ရပြီးတဲ့နောက် ဇွန်လတလလုံး ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့တာလည်း ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ အဆိုအရ တရုတ်နိုင်ငံမှာအနုပညာကြေးအများဆုံး ရရှိတဲ့ မင်းသမီး Fan ကတော့ အဲဒီပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပေမယ့် အဲဒီအစီအစဉ်တင်ဆက်သူက ထပ်မံစွပ်စွဲခဲ့ပါတယ်။

အဲဒီအတွက် တရုတ်နိုင်ငံရဲ့ အကောက်ခွန်စီမံခန့်ခွဲရေးဌာက ဇွန်လ ၃ ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ရုပ်ရှင်လုပ်ငန်းမှာ ဖြစ်ပေါ်နေတဲ့ အခွန်ရှောင်ကိစ္စကို စုံစမ်းဖို့ ကျန်းရှူးပြည်နယ်မှာရှိတဲ့ သူတို့ရဲ့ ဒေသဆိုင်ရာဗျူရိုကို အမိန့်ပေးခဲ့ပါတယ်။ ဘယ်သူတွေကို စစ်ဆေးမယ်လို့တော့ မဖော်ပြထားပေမယ့် မင်းသမီး Fan ရဲ့ ရုပ်ရှင် စတူဒီယိုက ကျန်းရှူးပြည်နယ်မှာ ရှိတာဖြစ်ပါတယ်။

ဒါ့အပြင် မင်းသမီး Fan ပါဝင်သရုပ်ဆာင်ထားတဲ့ “The Legend of Ba Qing” ဇာတ်လမ်းတွဲ ဟာလည်း မင်းသမီး အပါအဝင် ပါဝင်သရုပ်ဆောင်သူ တချို့ရဲ့ အရှုပ်တော်ပုံတွေကြောင့် ပြသမယ့်ရက်ကို အတိအကျ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ တကယ်လို့သာ ပြသရမယ့်ရက် အတည်ပြုချက်ကို မရရှိဘူးဆိုရင် အကြွေး ယွမ်သန်း ၇၄၀ တင်နိုင်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်အခွန်ရှောင် အရှုပ်တော်ပုံကြားမှာ ပျောက်ချင်းမလှ ပျောက်နေတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်း

Ref: asiaone

The post အမေရိကန်မှာ ခိုလှုံခွင့်တောင်းဖို့ Fan Bingbing ကို ဂျက်ကီချန်း အကြံပေးခဲ့ခြင်း မဟုတ်ဟုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ