Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် Ariana Grande ကို ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး ပြန်လည်တောင်းပန်

$
0
0

ကွယ်လွန်သူ အဆိုတော်ကြီး Aretha Franklin ရဲ့ ဈာပနအခမ်းအနားကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီးက စတိတ်စင်ပေါ်မှာ တရင်းတနှီးပုံစံအနေအထားနဲ့ ထိတွေ့ခဲ့ပြီး နာမည်ကိုလည်း ဟာသနှောပြောဆိုခဲ့တဲ့အတွက် အဆိုတော် Ariana Grande ကို တောင်းပန်စကား ဆိုလိုက်ပါတယ်။

ဈာပနကို ဦးဆောင်ခဲ့တဲ့ ဘုန်းတော်ကြီး Charles H. Ellis III က ကွယ်လွန်သူ Franklin ရဲ့ နာမည်ကျော် သီချင်းတပုဒ် ဖြစ်တဲ့ A Natural Woman ကို ဖျော်ဖြေခဲ့တဲ့ အဆိုတော် Grande ကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

သူဟာ အဆိုတော် Grande ကို ညာဖက်လက်နဲ့ သိုင်းဖက်လိုက်ပြီး သူ့ရဲ့ လက်ချောင်းတွေဟာ အဆိုတော်ရဲ့ ရင်ဘက်နားမှာ ရှိနေခဲ့ပါတယ်။ ပြီးတော့လည်း Grande ရဲ့ နာမည်ကိုလည်း ဟာသသဘောနဲ့ နောက်ပြောင် ပြောဆိုခဲ့တာဖြစ်ပါတယ်။

Detroit မြို့ရဲ့ Greater Grace Temple ကိုအုပ်ချုပ်သူ Ellis ဟာ Franklin ကို မြှုပ်နှံခဲ့တဲ့ သချုၤိင်းမှာ AP သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ တောင်းပန်ခဲ့တာလည်း ဖြစ်ပါတယ်။

Ellis က “အမျိုးသမီးတဦးတယောက်ရဲ့ ရင်သားကို ထိတွေ့ဖို့ရည်ရွယ်ချက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျနော်သူ့ကို ဖက်ဖို့ ရည်မှန်းချက်လည်း မသိရှိခဲ့ပါဘူး။ ကျနော် စည်းကျော်ကောင်း ကျော်နိုင်ပါတယ်။ ကျနော် တရင်းတနှီး ဖြစ်လွန်းတာ၊ အရောတဝင်ဖြစ်လွန်းတာ ဖြစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထပ်ပြီးတော့ ကျနော် တောင်းပန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်ပြီး သူက “ကျနော် အမျိုးသားနဲ့ အမျိုးသမီး အနုပညာရှင်အားလုံးကို ဖက်ခဲ့ဖူးပါတယ်။ မတ်တပ် ထရပ်တဲ့ လူတိုင်းကို ကျနော်လက်ဆွဲနှုတ်ဆက်ပြီး သူတို့ကိုလည်း ဖက်ခဲ့ပါတယ်။ ဒါဟာ ဘုရားကျောင်းမှာ ကျနော်တို့ လုပ်ဆောင်နေတာတွေပါ။ ကျနော်တို့က ချစ်ခြင်းမေတ္တာ အရင်းခံတွေပါ” လို့ ပြောဆိုခဲ့ပါတယ်။

အခုလိုမျိုး ဈာပနအခမ်းအနား စတိတ်စင်မြင့်ပေါ်မှာ တရင်းတနှီးဖြစ်လွန်းတဲ့ ထိတွေ့မှုမျိုးကို ကြည့်ရှုသူ တချို့ကတော့ သတိမထားမိလိုက်ကြပေမယ့် Ariana ကိုလေးစားပါဆိုတဲ့ စာသားတွေဟာ လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒါ့အပြင် အဆိုတော် Grande ဟာလည်း ဒူးအထက်ထိ တိုတဲ့ ဂါဝန်ကို ဝတ်ဆင်ခဲ့လာခဲ့တဲ့အပေါ် ဝေဖန်ခံ နေရပြန်ပါတယ်။ သူ့ရဲ့ ကိုယ်စားလှယ်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ တုန့်ပြန်ချက် မပေးသေးပေမယ့် Twitter လိုမျိုး လူမှုကွန်ရက်အပေါ်မှာ အဝတ်အစားကို ကာလ၊ ဒေသအလျောက် ဝတ်ဆင်ဖို့ တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။

Ref: variety

The post အဆိုတော် Ariana Grande ကို ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး ပြန်လည်တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ