Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိတ်ကပ် လိမ်းမထားတဲ့ လေဒီဂါဂါကို မြင်တွေ့ရမယ့် “A Star Is Born” ရုပ်ရှင်

$
0
0

ဆံပင်ကို အလှအပ မခြယ်သဘဲ မိတ်ကပ်ထူထူ လိမ်းမထားတဲ့ ပုံစံမျိုးနဲ့ မြင်ရခဲတဲ့ ကမ္ဘာကျော် Pop အဆိုတော် လေဒီဂါဂါဟာ ရုပ်ရှင်တခုမှာ ပါဝင်မယ့် ပထမဆုံးသူ့ရဲ့ ဇာတ်ရုပ်အတွက် သဘာဝ အတိုင်းပဲ သရုပ်ဆောင်ခဲ့တယ်လို့ သြဂုတ်လ ၃၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အဆိုတော် လေဒီဂါဂါဟာ တွဲဖက်သရုပ်ဆောင် Bradley Cooper ရိုက်ကူးတဲ့ “A Star Is Born” ဆိုတဲ့ ရုပ်ရှင်မှာ နာမည်ကျော်အဆိုတော်တဦး ဖြစ်ဖို့ အိပ်မက်ကို ပိုင်ဆိုင်ရရှိခဲ့တဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ သူ့ရဲ့ ရုပ်ရှင်အထူးပွဲမတိုင်မီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂါဂါက “သူ(Bradley Cooper) က ကျမကို ဘာမှ မပြင်ဆင်ထားတာ မြင်ချင်ခဲ့တာပါ။ A Star Is Born အတွက် စမ်းသပ်ရိုက်ကူးဖို့ အိမ်ကနေ မထွက်ခင် လှေကားပေါ်ကနေ ဆင်းလာခဲ့ပြီး သူက သူ့လက်နဲ့ ကျမ မိတ်ကပ်တွေကို ဖျက်လိုက်ပါတယ်။ ပြီးတော့ သူက သူလည်း သူ့မျက်နှာပေါ်ကိုလည်း လက်နဲ့ ဖျက်လိုက်ပါတယ်။ သူလည်း အဲဒီလိုသွားခဲ့တာပါ” လို့ သူ့မျက်နှာပေါ်က မိတ်ကပ်တွေကို Cooper က ဖျက်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဆက်ပြီး လေဒီဂါဂါက “မိတ်ကပ်နည်းနည်းလေးပဲ လိမ်းရမယ်။ ငါမင်းရဲ့ မျက်နှာပေါ်မှာ မိတ်ကပ်တွေနဲ့ မမြင်ချင်ဘူးလို့ သူကပြောခဲ့ပါတယ်” လို့ဆိုပါတယ်။ အဲဒီရုပ်ရှင်ထဲမှာတော့ ဂါဂါရဲ့ ဇာတ်ကောင် Ally ဟာ နှာခေါင်းအလွန်ကြီးနေတဲ့အတွက် အောင်မြင်မှုရဖို့ အတားအဆီး ဖြစ်လိမ့်မယ်လို့ အပြောခံခဲ့ရတာကို သူက သနားကရုဏာ သက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လေဒီဂါဂါက “ရှင်တို့သိတဲ့အတိုင်း ကျမရဲ့ ပထမဆုံး သရုပ်ဆောင်တဲ့အချိန်မှာ ကျမက အခန်းထဲမှာ အလှဆုံး မိန်းကလေး မဟုတ်ခဲ့ပါဘူး။ ဇာတ်ကောင်ရဲ့ ကိုယ်တိုင် သီချင်းရေးသားနိုင်တဲ့ စွမ်းဆောင်ချက်အပေါ် ယုံကြည်မှုကသာ ရှေ့ကိုတိုးတက်စေခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

သူက “အဆိုတော်ဖြစ်နေတဲ့ အမျိုးသမီးအများကြီး ရှိပါတယ်။ ဒါပေမယ့် သူတို့ သီချင်း မရေးကြပါဘူး။ တေးသံသွင်း အမှုဆောင် ထုတ်လုပ်သူတွေက ကျမရဲ့ သီချင်းတွေကို ယူချင်ကြပါတယ်။ တခြားအမျိုးသမီးတွေ ဆိုဖို့လည်း ပေးလိုက်ကြတယ်။ အခုတော့ ကျမသီချင်းတွေကို ကျမဆီကနေ ယူလို့ရတော့မှာ မဟုတ်တော့ပါဘူး” လို့ အနုပညာလုပ်ငန်း အစပိုင်းက အဖြစ်အပျက်တချို့ကို ပြောကြားခဲ့ပါတယ်။

“A Star Is Born” ရုပ်ရှင်ကို ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

Ref: asiaone

The post မိတ်ကပ် လိမ်းမထားတဲ့ လေဒီဂါဂါကို မြင်တွေ့ရမယ့် “A Star Is Born” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ