Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိန္ဒိယနိုင်ငံရဲ့ ခေတ်အဆက်ဆက် ဒုစရိုက်လောက ဖြတ်သန်းမှုကို ပြသထားတဲ့ “Sacred Games”

$
0
0

ဒီတခါမှာတော့ IMDB rating (9.2) အထိရရှိထားတဲ့ ဘောလိဝုဒ်ရုပ်ရှင် ဇာတ်လမ်းတွဲနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာဆိုရင် Netflix ကနေ ပထမဦးဆုံးရိုက်တဲ့ အိန္ဒိယ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ နာမည်ကြီးဂိုဏ်းစတား ရုပ်ရှင်ကားတကားဖြစ်တဲ့ “Gangs of Wasseypur” ကို ရိုက်ကူးတဲ့ ဒါရိုက်တာ Anurag Kashyap ကရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အဓိကကျတဲ့ ဂိုဏ်းစတား တယောက်အနေနဲ့ မင်းသား Nawazuddin Siddiqui က ပါဝင်ထားပြီး ရဲဝန်ထမ်းအနေနဲ့ Saif Ali Khan က ပါဝင်ထားပါတယ်။

မင်းသမီးတွေအနေနဲ့တော့ Padmaavat ဇာတ်ကားထဲက မင်းသမီးချော Anupriya Goenka နဲ့ အိန္ဒိယဇာတ်ကား ကောင်းတော်တော်များများမှာပါဝင်တဲ့ မင်းသမီး Radhika Apte တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ ဆာတက်ဂျ်ဆင့်ဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရဲတပ်ဖွဲ့ထဲက အထက်လူကြီးတွေနဲ့ အဆင်မပြေတဲ့၊ ရိုးသားဖြောင့်မတ်တဲ့ ရဲဝန်ထမ်းတဦးပဲ ဖြစ်ပါတယ်။ တရက်မှာတော့ ဘယ်ကမှန်း မသိတဲ့ ဖုန်းခေါ်ဆိုမှုတခုကနေ ယုံကြည်ရမယ့်သူ တယောက်မှ မရှိတဲ့အချိန်မှာ အကျင့်ပျက်ခြစားမှု ကင်းတဲ့ ဆာတက်ဂျ်ဆင့်ကို မြို့ကိုကယ်ဖို့ ၂၅ ရက် အချိန်ရှိကြောင်း လှမ်းသတိပေးတဲ့ သတိပေးချက်တခု ဝင်လာခဲ့ပါတယ်။

ဖုန်းဆက်တဲ့သူကတော့ လူသတ်မှုပေါင်း ၁၅၈ ခုနဲ့ ရဲတပ်ဖွဲ့ကနေ အလိုရှိနေတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင် ဂနစ်ရှ်ဂိုင်တွန်ဒီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဒုစရိုက်လောက ဖြတ်သန်းခဲ့ပုံ တစိတ်တပိုင်း တွေကိုလည်း ဆာတက်ဂျ်ကို ဖုန်းကနေတဆင့် ဖွင့်ဟပြောပြခဲ့ပြီး အကျင့်ပျက်ခြစားမှုတွေ ပြည့်နှက်နေတဲ့ ရဲတပ်ဖွဲ့နဲ့ ဒုစရိုက်ခေါင်းဆောင်တို့ကြားက အားပြိုင်မှုတွေကို ဒီဇာတ်လမ်းတွဲမှာ စိတ်ဝင်တစား ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာဆိုရင် တသက်တာ အကောင်းဆုံးရုပ်ရှင် ဇာတ်လမ်းတွဲတွေ စာရင်းမှာ နံပါတ် ၂၅ နေရာကနေ ရပ်တည်နေတဲ့ Netflix ကနေ ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲကောင်းတခုပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေရဲ့သဘာဝကျကျ သရုပ်ဆောင်မှုတွေနဲ့ အိန္ဒိယနိုင်ငံရဲ့ ခေတ်အဆက်ဆက် ဒုစရိုက် လောက ဖြတ်သန်းမှုတွေကို သဘာဝကျကျ တင်ဆက်ထားတာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲ ကောင်းတခု ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်ဘောလိဝုဒ် ရုပ်ရှင်လောကကို တဆင့်မြှင့်တင်ပေးနိုင်ခဲ့တဲ့ “Gangs Of Wasseypur” ရုပ်ရှင်

The post အိန္ဒိယနိုင်ငံရဲ့ ခေတ်အဆက်ဆက် ဒုစရိုက်လောက ဖြတ်သန်းမှုကို ပြသထားတဲ့ “Sacred Games” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ